အာရက္ခတိုင်းမ်စ် (၃၁ သြဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် ဝတ်ကျိတ်ရွာရှိ KTVကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က သုဂုတ်လ ၃၀ ရက် ည ၈ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးရာ တရားမဝင် အရက်များ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ဝတ်ကျိတ်ရွာက နန်းဒေဝီ ကေတီဗွီကို စစ်ဆေးတာမှာ တရားမဝင် အရက် နဲ့ ဘီယာတွေကို ဖမ်းဆီးရမိခဲ့တယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နန်းဒေဝီ ကေတီဗွီတွင် အာရက္ခပြည်သူ့တော်လှန်အစိုးရက မတရားမဝင်သတ်မှာထားတဲ့ ပြင်ပအရက်၊ ဘီယာဖြစ်တဲ့ Grand အမျိုးအစား အရက်၊ ANDAMAN GOLD, ABC ဘီယာတို့ကို သိမ်းဆည်းရမိတာလည်း ဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ကစတင်ပြီး ပြည်ပက အရက်၊ ဘီယာ ရောင်းချခွင့်ကို တားဆီးထားတာလည်း ဖြစ်ပါတယ်။

528 comments