BusinessNewsPolitic

တောင်ကုတ်ရိုးပေါ်တွင် ခရီးသွားများ မိုင်းနင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်ရိုးပေါ်တွင် စစ်ကော်မရှင်ထောင်ထားတဲ့မိုင်းကို ခရီးသွားပြည်သူတွေ နင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ ပြည်မကို ခိုးထွက်တဲ့ သူတွေလား၊ ကုန်သည်တွေလားတော့ မသိဘူး။ ပထမအဖွဲ့က ၈ ယောက်အဖွဲ့၊ နောက်တဖွဲ့က ၅ ယောက်တဖွဲ့၊ နှစ်ဖွဲ့နင်းမိတာမှာ ၆ ယောက်လောက်တော့ သေတယ်ကြားတယ်။ သေတဲ့သူတွေကို ဒီအတိုင်းထားခဲ့တာတဲ့” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ စစ်ကော်မရှင်ဟာ သူတို့ ဆုတ်ခွာသွားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းများ မြှုပ်နှံခဲ့တာကြောင့် အရဲစွန့်ပြီး မသွားလာဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ တောင်ကုတ်ရိုး အရှေ့ဖက်ခြမ်းမှာက တိုက်ပွဲတွေရှိသေးတယ်လေ။ ပြီးတော့ တပ်တော်အနေနဲ့လည်း မြေမြှုပ်မိုင်းတွေ မရှင်းလင်းပေးရသေးဘူး။ အကောင်းဆုံးကတော့ မသွားလာသေးတာ ဘေးအကင်းဆုံးပဲ။ ပွဲစားတွေဆိုတာကလည်း ငွေရရင်ပြီးရော။ တကယ်ဖြစ်ရင် ဘာမှ လုပ်ပေးတာမဟုတ်ဘူး။ ကိုယ်လွတ်ရုန်းပြေးတာ” လို့လည်း သူက ထပ်မံပြောပါတယ်။

ရက္ခိုင်ပြည် တောင်ကုတ်ရိုးပေါ် တောလမ်းကနေ ပြည်၊ ရန်ကုန် စတဲ့နေရာတွေကို အလုပ်အကိုင် လုပ်ကိုင်ရန် သွားလာသူများနဲ့ ကုန်သည်များဟာ အရဲစွန့်ပြီး သွားလာနေကြရတာလည်း ဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ မီးရှို့ဖျက်ဆီး

Rakhita Times

စစ်ကောင်စီက မောင်တော နယ်ခြားစောင့်ဌာနချုပ်ကို ဗုံးကြဲ

Rakhita Times

Leave a Comment