NewsPolitic

စစ်တွေမြို့တပ်ရင်းကနေ ပစ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောက ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၅)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ကနေ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်တွေမြို့ကနေ ပေါက်တောမြို့နယ်ကို လက်နက်ကြီးတွေနဲ့ စစ်ကော်မရှင်က အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာက ၅ နှစ်အရွယ်ကလေးငယ်တဦး သေဆုံးသွားပြီး ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွား​ပါတယ်။

စစ်တွေမြို့ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့နယ်ဘက်ကို အဆက်မပြတ် ပစ်ခတ်နေတာဖြစ်ပြီး နေ့လယ် ၂ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည် (၂) လုံးက ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက လူနေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည်ကြောင့် နေအိမ်အတွင်းက ၅ နှစ်အရွယ် ကလေးငယ်တဦးက ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကလေးငယ်ရဲ့ ဖခင်ကလည်း ဒဏ်ရာရရှိသွား​တယ်လို့ သိရပါတယ်။

အဲဒါအပြင် အိမ်အနီးနားပတ်ဝန်းကျင်က ဒေသခံ (၄) ဦး ထက်မနည်းဟာလည်း လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲမှုကြောင့် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက််မှုကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင် ကျေးရွာက အသက် (၁၄) နှစ်အရွယ် ပရဟိတ လူငယ်တဦး သေဆုံးသွားခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ စစ်တွေမြို့တပ်ရင်းတွေကနေ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်နေ့ကနေ လက်ရှိအချိန်အထိ ‌လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေ​တာ ဖြစ်ပါတယ်။

Related posts

အာရက္ခပြည် ပစ္စုပ္ပန်နှင့် အနာဂတ်ပညာရေး စိန်ခေါ်မှု

Rakhita Times

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

Rakhita Times

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး

Rakhita Times

1 comment

rent yacht montenegro 149 မေ 6, 2026 at 1:32 မနက်

rent a yacht Montenegro Montenegro sailing

Reply

Leave a Comment