NewsPolitic

စစ်တွေမှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအပြင် ပစ်မိန့်ပါထုတ်ထား

အာရက္ခတိုင်းမ်စ် (၂၀ မေ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့ စစ်တွေမြို့က ဝန်ထမ်းတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်နေလဲဆိုတော့ အရင်တုန်းကတော့ တိုက်ပွဲစဖြစ်တဲ့ အချိန်မှာတော့ မာရှယ်လော ပုံစံမျိုး ည ၉ နာရီကနေ မနက် ၄ နာရီအထိလား မသိဘူး အဲဒီလိုတော့ ထုတ်ထားတယ်။ အပြင်မှာတွေ့ရင် သောင်းကျန်းသူလို့ သတ်မှတ်မယ် ဆိုပြီးတော့ မာရှယ်လော ထုတ်ထားတယ်။ ပြီးခဲ့တဲ့ ၁ ရက်၊ ၂ ရက် ရှိပါပြီ လမ်းဆုံ လမ်းခွတွေမှာလည်း ရပ်ကွက်တွေမှာရော စာတွေ ကပ်ထားတယ်လို့ ပြောတယ်။ ည ၉ နာရီကနေ မနက် ၅ နာရီအထိပေါ့နော် ကိုယ်တွေတော့ အဲဒီစာကို မကြည့်ရသေးပါဘူး။ သူများတွေ ပြောသံကြားတာ။ အပြင်မှာတွေ့ရင် ပစ်မိန့်ပါ ထုတ်ထားတယ်ဆိုတဲ့ ပုံစံမျိုး ကြားတာပေါ့။ အခုကတော့ ပစ်မိန့်ပါ ပါတယ်လို့တော့ ပြောတယ်” လို့ သူက ပြောပါတယ်။

အရင်ကလည်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာ ရှိပေမယ့် မြို့နေလူထုဟာ တခါတရံ ညဘက် အပြင်ထွက်ပြီး ကွမ်းဝယ်လေ့ ရှိကြသလို စိတ်ပြေ လက်ပျောက် ဆိုင်ကယ် ပတ်စီးကြတဲ့ လူတွေလည်း ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် သူခိုးဂျပိုးတွေဟာ အဲဒီအချိန်တွေမှာ အပြင်ထွက်ပြီး အိမ်တွေကို ဖောက်ထွင်း ခိုးယူတာ အများဆုံးဖြစ်ပြီး ရဲတို့ စစ်သားတို့ ကင်းလှည့်ကြတဲ့ အခါမှာ တွေ့ဆုံမိပါက ဖမ်းဆီးသွားပေမယ့် နောက်ရက်ကျ ပြန်လည်လွှတ်ပေးကြောင်း ဒေသခံတွေထံက သိရပါတယ်။

စစ်တွေမြို့ ဝန်ထမ်းတဦးက “အခု အဲဒီလိုမျိုး ရှိနေတဲ့ကြားက စာထုတ်လိုက်တယ်၊ စာကပ်လိုက်တယ်ဆိုတော့ တမျိုး ကောင်းသွားတယ် ဆိုတာက သူခိုးတွေက ဒီတလောမှာ အရမ်း ပေါတယ်လေ။ ကျမတို့ ဝန်ထမ်းတွေတောင် အဝတ်တွေ လှမ်းထားတယ်၊ ကောင်းတဲ့ဟာတွေ ယောကျာ်းပုဆိုးတွေ ဘာညာဆို အဲဒါတွေကို အဝတ်တွေလှမ်းပြီး အလုပ် သွားကြတာဆို‌တော့ ယူသွားတယ်၊ ခိုးကြတယ်။ သူတို့လည်း အလုပ်အကိုင်မဲ့တွေ ဖြစ်နေတယ်။ အလုပ်လုပ်ရမယ့် အခြေအနေ မရှိတဲ့အခါကြတော့ တွေ့ရင် တွေ့တဲ့ဟာကို ခိုးကြတာပေါ့။ ခိုးပြီးတော့ သူတို့ ရောင်းလား ဘာလား မသိဘူး။ တချို့ရပ်ကွက်တွေ ညဘက် အရမ်းပူလို့ တံခါးဖွင့်အိပ်ရင် ကလန့်ကို သံတခါး ကာထားပေမယ့်လည်း အသာ‌လေး ထိုးပြီးတော့ ဝင်ပြီး ဖုန်းတွေ ခိုးသွားတယ်လို့ ပြောသံ ကြားတယ်။ တချို့ဆို ဖုန်း ၂ လုံး၊ ၃ လုံး power bank တွေလည်း ပါသွားတယ် ပြောသံ ကြားတယ်” လို့ ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ဟာ စကစ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကတခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ရက္ခိုင်ပြည်အတွင်းက ကျန်ရှိတဲ့ မြို့ ၃ မြို့ကို အပြီးသတ် တိုက်ပွဲဆင်နွှဲကာ အောင်ပွဲရယူမယ်ဆိုပြီး ထုတ်ဖော် ပြောကြားထားတာပါ။

Related posts

ဖက်ဒရယ်အစိုးရအဖြစ်ပြောင်းမယ့် NUG အနေနဲ့ ဘာတွေပြုပြင်သင့်လဲ

Rakhita Times

အာဆာက ခရီးသည်တင်ကားကို ခြုံခိုတိုက်ခိုက်ပြီး ပြည်သူ ၂ ဦးကို သတ်ခဲ့တယ်လို့ AA ထုတ်ပြန်

Rakhita Times

ရက္ခိုင်ပြည် အဝင်အထွက် ဂိတ်တွေကို စကမ ထိန်းချုပ်ရန်ပြင်ဆင်နေ

Rakhita Times

1 comment

https://may22.ru/user/dugoutcolony1/ မေ 27, 2026 at 6:32 မနက်

References:

Entree holland casino https://may22.ru/user/dugoutcolony1/

Reply

Leave a Comment