NewsPolitic

ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်အတွက် AA ငွေကြေးလှူဒါန်း

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅)

ပလက်ဝခရိုင် ရှင်းလက်ဝတိုက်နယ်အတွင်းက ကာရာမိတ်ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်အတွက် အာရက္ခတပ်တော်ကနေ ငွေကြေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ယုံကြည်သူများအသင်းတော်မြန်မာ BELIVERS CHURCH MYANMAR (BCM) ရဲ့ ရက္ခိုင်သာသနာပိုင်နယ်အတွင်းက အမှုတော်ဆောင်တွေကို ရာထူးတိုးမြှင့်ခြင်းနဲ့ သာသနာပိုင်တွေရဲ့ နှစ်ချုပ်ကော်မတီ အစည်းအဝေး အခမ်းအနားပွဲမှာ အာရက္ခတပ်တော်ရဲ့ ပလက်ဝခရိုင် ပါတီကော်မတီက အလှူငွေ ၅ သိန်းကျပ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်ကို ယုံကြည်သူများအသင်းတော်ရဲ့ ခေါင်းဆောင်များနဲ့အတူ အသင်းသူ အသင်းသားပေါင်း ၃၀ ကျော်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“”ဒီပွဲတော် ကျင်းပခွင့်ရဖို့အတွက် ULA/AA အစိုးရရဲ့တိုက်နယ်ရုံးမှာ စာတင်ပြီး တောင်းတယ်။ အရင်က စစ်ကော်မရှင် လက်ထက်ကလို လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံခံရပြီး ကျင်းပခွင့် မပြုမှာကို အရမ်း စိုးရိမ်ခဲ့ရတယ်။ သို့ပေမယ့်လည်း ULA/AA အစိုးရဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံတာ မရှိဘဲ ပွဲတော်ကျင်းပခွင့်ပေးတော့ တော်တော်လည်း ဝမ်းသာပီတိဖြစ်ခဲ့ရတယ်” လို့ ယုံကြည်သူများအသင်းတော်ရဲ့ ပလက်ဝခရိုင်တာဝန်ခံ ဘုန်းတော်ကြီးက We Love Paletwa ကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ အစိုးဖြစ်တဲ့ စစ်ကော်မရှင်လက်ထက်တွင် ဒီပွဲတော်အခမ်းအနားကို ကျင်းပနိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစား တောင်းဆိုခဲ့ပေမယ့်လည်း ကျင်းပခွင့်မရခဲ့သလို လူမျိုးရေး၊ သာသာရေး ခွဲခြားဆက်ဆံမှုတွေနဲ့ တားဆီးပိတ်ပင်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo – We Love Paletwa

Related posts

ပုဏ္ဏားကျွန်းထိုးစစ် ဆုံးရှုံးမှုများလို့ ရှုံးမဲ မဲတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

Rakhita Times

မြေပုံမြို့နယ် သံဃာအကျိုးဆောင်အဖွဲ့က ဦးဆောင်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် ငွေ သိန်း ၃၀၀ လှူဒါန်း

Rakhita Times

ငါးတန်ပျင်း ရွာသူ၊ ရွာသား ၆၀ ခန့်နဲ့ ဘုန်းကြီး ၁ ပါးကို ဒီလပ်က ဖမ်းဆီး

Rakhita Times

204 comments

Leave a Comment