NewsPolitic

ဘင်္ဂလား BGB က AA လုံခြုံရေးစခန်းကို ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရှိတဲ့ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးစခန်းကို ဘင်္ဂလားနယ်ခြားစောင့်တပ် (BGB) က နိုဝင်ဘာလ ၅ ရက်တွင် လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ဘင်္ဂလားနယ်ခြားစောင့်တပ်ရဲ့ BP-22 ကင်းစခန်းက တပ်ဖွဲ့ဝင်တွေက တပ်တော်ရဲ့ လုံခြုံရေးစခန်းကို သေနတ်နဲ့ ၄ ချက်လောက် ပစ်ခတ်ခဲ့တယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BP-22 ကနေ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးစခန်းကို နိုဝင်ဘာလ ၅ ရက် ညနေ ၅ နာရီခန့်က AK ကျည် ၄ တောင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB) ဟာ ARSA၊ RSO စတဲ့ အကြမ်းဖက်အဖွဲ့များကို လက်ခံထားပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ကာ နယ်စပ်ရှိ အာရက္ခတပ်တော် လုံခြုံရေးတပ်စခန်းများကို တိုက်ခိုင်းနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA) က  ထုတ်ပြန်ထားပါတယ်။

အဆိုပါ ARSA နဲ့ RSO စတဲ့ အကြမ်းဖက်အဖွဲ့များဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရက္ခိုင်ပြည်ကို ဝင်ရောက်ကာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင်အမှတ် ၅၁ ကနေ ၅၇ ကြားတွင် အကြမ်းဖက်မှု ကျူးလွန်နေပြီး AA လုံခြုံရေးတပ်စခန်းများကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

တော်လှန်ရေးကာလ အာရက္ခပြည်ကိုစွန့်ခွါသွားခြင်း၏ ဘေးထွက်ဆိုးကျိုးများ

Rakhita Times

သက်တမ်းကုန်နေတဲ့ အလှကုန်များ မရောင်းချရန် AA သတိပေး

Rakhita Times

AA တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ ခုခံစစ် တန်ပြန်ထိုးစစ်အောက်မှာ စကမတပ်တွေ အကျအဆုံးများနေ

Rakhita Times

204 comments

Leave a Comment