NewsPolitic

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ARSA, RSO စတဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ မွတ်ဆလင် ၈၂ ဦးကို နိုဝင်ဘာလ ၇ ရက် ညနေက လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီ (စစ်ကော်မရှင်) အပါအဝင် ARSA, RSO နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံထားရပြီး ပြစ်ဒဏ်ကျခံနေရသူတွေထဲက ၈၂ ယောက်ကို သူတို့ မိသားစုလက်ထဲ ပြန်လွှဲပေးလိုက်တာ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က လွှတ်ပေးလိုက်တဲ့ မွတ်ဆလင်များမှာ ပြစ်ဒဏ်နည်းပါးတဲ့ မွတ်ဆလင်များ၊ သက်ကြီးရွယ်အို မွတ်ဆလင်များ နဲ့ စစ်ကော်မရှင်ထံမှ ထွက်ပြေး အလင်းဝင်လာသူများ ဖြစ်တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လွှတ်ပေးလိုက်တဲ့ မွတ်ဆလင် ၈၂ ဦးကို ခရိုင်မွတ်ဆလင်ရေးရာကောင်စီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဂျူရီအဖွဲ့ဝင်များ ရှေ့တွင် မိသားစုထံ ပြန်လှန်အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

အာဆာအကြမ်းဖက်အဖွဲ့က ပစ်ခတ်လို့ ခရီးသွားပြည်သူနှစ်ဦး သေဆုံး

Rakhita Times

AA နဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် SAF လိုလား

Rakhita Times

1 comment

play99exchwin ဒီဇင်ဘာ 9, 2025 at 5:13 မနက်

Check this Play99exchwin. Pretty entertaining! Found what I was looking for pretty easily, and honestly its straight forward. I would suggest you try out play99exchwin

Reply

Leave a Comment