အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ့ရဲ့ မွေးနေ့ ဆုတောင်းပေးကြသူများကို ပြန်လည်ဆုတောင်း မေတ္တာပို့ပေးကြောင်း သိရပါတယ်။
“၄၇ နှစ်မြောက် မွေးနေ့ဆုတောင်းစကား ပြောပေးကြပါသော ပြည်သူများ၊ ရဲဘော်ရဲဘက်များနဲ့ မိတ်ဆွေများ အားလုံးအတွက် မိမိမှလည်း ကျန်းမာ၊ လုံခြုံ၊ အေးချမ်းစွာ ရှိကြစေရန် ပြန်လည် ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
ထို့အတူ မွေးနေ့ဆုတောင်း မေတ္တာပို့ ဂုဏ်ပြုစကားများ ပြောပေးကြပါသော အဖွဲ့အစည်းအသီးသီး ရဲဘော်ရဲဘက်များနဲ့ ရင်းနှီးချစ်ခင် မိတ်ဆွေများအားလုံးကို အဖွဲ့ချုပ်နဲ့ မိမိက အထူးကျေးဇူးတင်ပါတယ်လို့လည်း ဆိုပါတယ်။
ပြည်သူများရဲ့ မျှော်လင့်ချက်၊ ဆန္ဒများ အမြန်ဆုံး ပြည့်ဝစေရန် ဆက်လက်ကြိုးစား ရုန်းကန် တိုက်ပွဲဝင်သွားမယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

173 comments