BusinessNewsPolitic

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ဦးကို AA ထပ်မံ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၆ ဦးကို နိုဝင်ဘာလ ၁၈ ရက်က အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲမှ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် သဝင်ချောင်း ရွာပျက်အနီး ကမ်းစပ်တွင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၆ ဦးနဲ့အတူ စက်လှေတစီးကို နံနက် ၇ နာရီကျော်တွင် AA ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အလားတူ နံနက် ၁၀ နာရီ ဝန်းကျင်တွင်လည်း ချိန်ခါလီနဲ့ ဒုံးပိုက်ကြားရှိ ကမ်းစပ်တွင် တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနဲ့ စက်လှေတစီးတိုကိုလည်း AA ကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက် ဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက် တရက်တည်းတွင် ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၆ ဦးတို့ကို AA က ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AA က တရားဥပဒေနဲ့အညီ ထိန်းသိမ်း စစ်ဆေးနေပြီး ပြစ်မှုနဲ့လျော်ညီတဲ့ ပြစ်ဒဏ်များချမှတ်ပြီး ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

စစ်ကောင်စီ နှင့် ARSA ၊ RSO၊ ARA တို့ ပူးပေါင်းကာ AA ကို တိုက်ခိုက်နေဟုဆို

Rakhita Times

မရဏ နာရီ (ပထမပိုင်း) 

Rakhita Times

စစ်အုပ်စုက အရင်အစိုးရတွေလို ဒုက္ခကနေ ကျော်ထွက်နိုင်မယ်မထင်ဘူး

Rakhita Times

606 comments

Leave a Comment