NewsPolitic

TNLA ဥက္ကဌ ရဲ့ မိခင် ကွယ်လွန်လို့ AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

အာရက္ခတိုင်းမ်စ် (၃ ဒီဇင်ဘာ ၂၀၂၅)

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်ခြင်းအပေါ် ညီနောင်မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ မိခင် အသက် ၈၃ နှစ်အရွယ် ယာမာခမ်းပါး (ခ) ယာခင်စိန် ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်အနိစ္စရောက်သွားခြင်းအပေါ် ညီနောင်မဟာမိတ်များဖြစ်တဲ့ MNTJP/MNDAA နဲ့ ULA/AA က ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွယ်ရပါတယ်လို့လည်း သဝဏ်လွှာတွင် ပါရှိပါတယ်။

အလားတူ ဗိုလ်ချုပ်ကြှီး တားအိုက်ဘုန်း ရဲ့ မိခင် ကောင်းရာသုဂတိလားပါစေကြောင်း မိမိတို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဆုတောင်းမေတ္တာပို့သရင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါတယ်လို့လည်း ပါရှိပါတယ်။

Related posts

စစ်တွေမှာ စက်သုံးဆီ တလီတာကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်လာ

Rakhita Times

ကျောက်ဖြူကို စကမ ဗုံးကြဲ ၈ ဦးသေ၊ ၁၀ ဒဏ်ရာရ

Rakhita Times

ယမကာအခွန် AA ၅၀ ရာခိုင်နှုန်း ကောက်ခံ၊ ဆေးဝါးများကို အခွန်ကင်းလွတ်ခွင့်ပေး

Rakhita Times

1 comment

rent yacht montenegro 827 မေ 5, 2026 at 11:55 ညနေ

yacht rental Montenegro https://rent-a-yacht-montenegro.com

Reply

Leave a Comment