HealthNewsPolitic

မြောက်ဦးဆေးရုံကို စစ်စခန်းတည်ဆောက်ထားကြောင်း စကမ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆို

အာရက္ခတိုင်းမ်စ်(၁၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို အကာအကွယ်ယူကာ စစ်စခန်းတည်ဆောက်ထားကြောင်း စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဗဟို) က ဒီကနေ့ (ဒီဇင်ဘာ ၁၄ ရက်) ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အ‌ဆိုပါ မြောက်ဦးပြည်သူ့ဆေးရုံဟာ ပြည်တွင်းစစ် မဖြစ်ခင်ကာလက အရပ်ဖက်ဆေးရုံတစ်ခုအဖြစ် ရှိနေခဲ့ပြီး အာရက္ခတပ်တော်မှ မြောက်ဦးမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်းတွင်လည်း စစ်ဖက်ဆိုင်ရာဝန်ထမ်း၊ စစ်ဖက်ဆိုင်ရာလူနာများ နဲ့ ပတ်သက်မှုမရှိဘဲ အရပ်သား စေတနာ့ဆေးဝန်ထမ်းများဖြင့် ဖွဲစည်းထားတဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ အုပ်ချုပ်မှုအောက်ရှိ အရပ်ဖက်ဆေးရုံတခု ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်က ပြည်မဖက်မှ ရက္ခိုင်ပြည်တွင်းသို့ ဆေးဝါးကိရိယာ ပိ့်ဆောင်တင်သွင်းခွင့်နဲ့ ပြည်မဖက်ကိုထွက်ပြီး ဆေးကုသခြင်းများကို ပိတ်ပင်ပြီးနောက် ရောဂါဝေဒနာရှင်များ အသက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ချိုတဲ့တဲ့ လူ့အရင်းအမြစ်၊ ပစ္စည်းကိရိယာ၊ ဆေးဝါး၊ အထောက်အပံ့များကြားကနေ ရပ်တည်ခဲ့တဲ့ ဆေးရုံတခု ဖြစ်ပါတယ်။

“အာဏာသိမ်း စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ “ဆေးရုံအဆောက်အဦးကို အကာအကွယ်ယူကာ စစ်စခန်း တည်ဆောက်ထားတယ်” ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝ မှားယွင်းနေတဲ့ မဟုတ်မမှန် အကြောင်းပြချက်သာ ဖြစ်တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဗဟို) က ဆိုပါတယ်။

ပြည်တွင်းစစ်များ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ သုံးနှစ်တာကာလအတွင်း စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်အကြား ထိန်းချုပ်ဧရိယာ အပြောင်းအလဲများ ဖြစ်ပွားခဲ့ပြီး မြောက်ဦးဆေးရုံဟာ ရက္ခိုင်တပြည်လုံးရဲ့ အားကိုး၊ အားထားရာ ဆေးရုံ (Tertiary Hospital) တခု ဖြစ်လာခဲ့ပြီး ဒီဇင်ဘာလ (၁၀) ရက် ည ၉ နာရီ (၁၃) မိနစ် အချိန်မှာ စကမရဲ့ လေတပ်က ဂျတ်ဖိုက်တာတစီးနဲ့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာ‌ကြောင့် ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ အပါအဝင် ဆေးရုံတခုလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲမှု ဖြစ်စဉ်ဖြစ်ပြီးနောက်မှာတော့ မြောက်ဦးပြည်သူ့ဆေးရုံရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လုံးဝ ရပ်တန့်ခဲ့ပြီး ဝေဒနာရှင်လူနာများ အခက်အခဲများစွာ ရှိနေကြရသလို အချိန်မှီ ဆေးကုသခွင့် မရတာကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအ‌နေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အခက်အခဲမျိုးစုံကြားထဲက စဉ်ဆက်မပြတ် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်အောင် မိမိတို့တွင်ရှိတဲ့ လူ့အရင်းအမြစ်၊ လက်ကျန်ဆေးဝါးများနဲ့ UN အဖွဲအစည်းများ၊ INGO ၊ NGO ၊ CBO၊ CSO အဖွဲhအစည်းများ၊ စေတနာရှင် အလှူရှင်များရဲ့ အားဖြည့်ကူညီပံ့ပိုးမှုများနဲ့အတူ ရက္ခိုင်ဒေသတခုလုံးရဲ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမယ်လိ့် ထုတ်ပြန်ထားပါတယ်။

Related posts

မြောက်စမ်းအမြောက်တပ်မှ စစ်ကား အများအပြား ပုသိမ်ကိုသွား၊ ဒဏ်ရာရ စစ်သားတွေကို သယ်ထုတ်တာဖြစ်နိုင်

Rakhita Times

မီးရထားစက်ခေါင်းပြင်အင်ဂျင်နီယာမှသည် လူနာစောင့်ဘဝဆီ

Rakhita Times

ငါးရှာထွက်တဲ့ ကျိန္တလီသား ၂ ဦး ရေနှစ်ပျောက်ဆုံး၊ ၆ ကြာ ထိ ရှာမတွေ့သေး

Rakhita Times

3 comments

ManuelHoaks စက်တင်ဘာ 3, 2026 at 4:42 ညနေ

Вывод из запоя — востребованное направление наркологической помощи. Запой создает высокую нагрузку на организм и может сопровождаться бессонницей, тревожностью, слабостью, нарушением работы внутренних органов. В Москве вывод из запоя проводится на дому и в клинике. Формат выбирают с учетом тяжести самочувствия пациента и длительности запоя.
Ознакомиться с деталями – staciomedika-narkologicheskaya-klinika-vyvoda-iz-zapoya-moskva-otzyvy

Reply
Davidexant စက်တင်ဘာ 15, 2026 at 3:10 မနက်

Срочный вызов особенно важен, если состояние пациента быстро ухудшается. Нарколог оценивает, можно ли безопасно проводить лечение дома или требуется бригада экстренной медицинской помощи. При тяжелом отравлении, психозе или нарушении дыхания обычного домашнего лечения может быть мало.
Ознакомиться с деталями – вызов нарколога на дом Воронеж

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 1:45 မနက်

Наркологическая помощь в Перми представляет собой комплекс мероприятий, направленных на диагностику, лечение и профилактику различных форм зависимостей. Современные наркологические клиники обеспечивают индивидуальный подход к каждому пациенту, учитывая особенности его состояния и историю заболевания. Важно своевременно обращаться за квалифицированной помощью, чтобы снизить риски осложнений и улучшить качество жизни.
Выяснить больше – narkologicheskaya-pomoshh-perm0.ru/

Reply

Leave a Comment