NewsPolitic

ကျောက်ဖြူက ရွာ ၃ ရွာကို စကမ ထပ်မံ ဗုံးချ

အာရက္ခတိုင်းမ်စ် (၁၅ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျေးရွာများမှာ အင်တိုင်းရွာ၊ ကျောက်ကလေရွာ နဲ့ မင်းရပ်ရွာတို့ပဲ ဖြစ်ပါတယ်။

“‌၁၃ ရက်နေ့ နေ့လည် ၁ နာရီလောက်က အင်တိုင်းရွာက ဘုန်းကြီးကျောင်းကို ဗုံးချခဲ့လို့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်” လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အဲဒီနေ့ပဲ နေ့လည် ၂ နာရီလောက်မှာ ကျောက်ကလေဘုန်းကြီးကျောင်းကို ထပ်ပြီးတော့ ဗုံးချတယ်။ အကုန်ပြိုပျက်ကုန်တယ်” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ စစ်ကော်မရှင်ဟာ မင်းရပ်ရွာက စစ်ဘေးရှောင်များ ခိုလှုံနေတဲ့ မူလတန်းစာသင်ကျောင်းကိုလည်း ဗုံးချခဲ့လို့ စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့ပါတယ်။

အာရက္ခတပ်တော်က စစ်ကော်မရှင်ရဲ့ လေကြောင်းရန် အထူးသတိထားနေထိုင်ရန် တိုက်တွန်းထားလို့ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

Related posts

သံတွဲကို စကမ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ၊ နေအိမ် ၈ လုံး ပျက်စီး(ဒဏ်ရာရရှိသူထဲတွင် ကလေးငယ် ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါဝင်)

Rakhita Times

ခမီစာပေသင်ကြားရန် ဆရာ ဆရာမ ၁၂၀ ဦး သင်တန်းပေးပြီး AA လမ်းညွှန်မှုနဲ့ စာသင်ကြားမယ်

Rakhita Times

မြောက်ဦးမြို့ ရှမ်းတောင်(မူဆလင်) ရွာတွင် လူသတ်မှုဖြစ်ပွား၊ လူသတ်တရားခံ ၂ ဦးကို ဒီလပ်ဖမ်းဆီး

Rakhita Times

499 comments

Leave a Comment