NewsPolitic

စကမရဲ့ ဒရုန်းအကြီးစား တစင်း AA ရရှိ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းရှိ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ကာကင်း ပွိုင့် ၆၆၆ စခန်းကို ရိက္ခာလာပို့တဲ့ ဒရုန်းအကြီးစား တစင်းကို AA က ဇန်နဝါရီ ၆ ရက် ညနေမှာ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

“ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေ ပိတ်ဆို့ထားတဲ့ စခန်းကို ဒရုန်းနဲ့ ရိက္ခာတွေလာချတာမှာ ပစ်ချလို့ ရလိုက်တာ” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် က ပစ်ချလိုက်တဲ့ စစ်ကော်မရှင်ရဲ့ ဒရုန်းအကြီးစားကို ပါလာတဲ့ ပစွည်းများနဲ့အတူ သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ဟာ အမ်း-ပဒန်းလမ်းရှိ လနဲ့ချီ ပိတ်မိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ဗျုဟာစခန်းကိုလည်း လေကြောင်းမှ Y12 လေယဉ် အမျိုးစားနဲ့ စားနပ်ရိက္ခာ လာချပေးနေရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တို့ ပိတ်ဆို့တိုက်စစ်ဆင်နေတဲ့ နတ်ရေကန်တောင်၊ ပွိုင့် ၆၆၆၊ လေလာတောင်၊ ဆင်လန် စတဲ့ စခန်းတွေက ထွက်ပြေးလာတဲ့ တပ်သားတွေလည်း နေ့စဉ်ရက်ဆက်သလို ရှိနေပြီး ပိတ်မိနေတဲ့ စစ်ကော်မရှင်တပ်သားတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လတ်နေတယ်လို့ သိရပါတယ်။

Related posts

AA အတွက် လူသားအရင်းအမြစ် ရှားပါးခြင်းက စိန်ခေါ်မှုကြီးဖြစ်

Rakhita Times

ရက္ခိုင်ပြည်တွင် ဝါကျွတ်ပွဲတော်ကို လူစု လူဝေးဖြင့် မပြုလုပ်ရန် AA ထုတ်ပြန်

Rakhita Times

မြောက်ဦးက အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းတခုတွင် ဘွဲ့ရကျောင်းသားများကို ဘွဲ့လက်မှတ်ပေးအပ်

Rakhita Times

2 comments

https://bandori.party/ ဧပြီ 13, 2026 at 9:29 ညနေ

References:

Steroids cause

References:
https://clinfowiki.win/wiki/Post:TrenboloneAcetate

Reply

Leave a Comment