NewsPolitic

သာပေါင်းတိုက်ပွဲတွင် စကမတပ်သား တရာကျော်သေဆုံးနေ

အာရက္ခတိုင်းမ်စ် (၃၀ ဇန်နဝါရီ ၂၀၂၆)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က တပ်သား တရာကျော်ကျော် ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

“ ၂၆ ရက် ညဖက်က သေဆုံးတပ်သားတွေကို ဖော်ကားနဲ့သယ်ပြီး ခမရ ၃၀၈ ကိုပို့တယ်၊ ၂၇ ရက် မနက်ပိုင်းကလည်း ဖောကားနဲ့ပဲ ဒဏ်ရာရတဲ့သူတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် မဆရ ၄ ကို ပို့တယ်” လို့ သာပေါင်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်၊ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ သာပေါင်းမြို့နယ်က သာ‌ပေါင်းလေး၊ ကျားခေါင်း၊ ကင်မွန်းခြုံ၊ သစ်ဝမ်းပူ စတဲ့နေရာပဲ ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူတွေကို နှင်ထုတ်ပြီး လက်နက်ကြီးများတပ်ဆင်က အထိုင်ချပြီး ခုခံနေတယ်လို့လည်း သိရပါတယ်။

“ မနေ့ညကလည်း ကာကင်းတခု ထပ်ကျတယ်လို့ ပြောသံကြားရတယ်။ ညဖက်ဆို ဖော်ကားတွေ အကာချပြီး သွားလာနေတာတွေတော့ တွေ့မြင်နေရတယ်” လို့ သူက ထပ်မံပြောပါတယ်။

အဆိုပါ တိုပ်ပွဲဖြစ်ပွားရာနေရာများကို စစ်ကော်မရှင်ရဲ့ ခမရ-၃၀၈ ကနေပြီး လက်နက်ကြီးများနဲ့ ပစ်ကူပေးနေပြီး သဲဖြူ၊ မရမ်းကျင်း၊ ဖိုချောင်း‌ကျေးရွာတွေကနေ ခမရ-၃၀၈ အထိ  ကင်းပုန်းများ ချထားတယ်လို့လည်း သိရပါတယ်။

Related posts

အကျအဆုံးများနေတဲ့ သိုင်းချောင်းတိုက်ပွဲကို စကမက အင်အား ၄၀၀ ကျော် ထပ်ဖြည့်

Rakhita Times

အာရက္ခတပ်တော်ရဲ့ စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး ရာနှုန်းပြည့် အောင်မြင်နိုင်

Rakhita Times

လွတ်မြောက်နယ်မြေကို ပို့တဲ့ ပွဲစားနဲ့ လှေပိုင်ရှင်ကိုဖမ်း၊ ကျန်သူတွေ ပြန်လွှတ်

Rakhita Times

Leave a Comment