NewsPolitic

ကျောက်ဖြူတွင် စကမ နေဗီက လက်နက်ကြီးပစ်လို့ အရပ်သားတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၃၀ ရက် ညနေဖက်က စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ညနေ ၅ နာရီကျော်လောက်က ဇင်ချောင်းဖက်မှာ ရပ်ထားတဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်တယ်။ လက်နက်ကြီးကျည်ထိလို့ အမျိုးသားတယောက် ပွဲချင်ပြီး သေဆုံးသွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီကနေ ပစ်ခတ်လို့ သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွယ်ရွာနေ အသက် ၄၅ နှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း စစ်ကော်မရှင်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲချခဲ့လို့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် လသားကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုန်းဘောင်ကြီးရွာကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

မင်းပြားတွင် အရက်မူးပြီး ကိုယ့်အိမ်ကို မီးရှို့မှုဖြစ်ပွား

Rakhita Times

မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တဲ့ ရွှေရိုးရာ KTV တာဝန်ရှိသူနဲ့ ဖွင့်ခွင့်ပေးသူကို ထိထိရောက်ရောက် စစ်ဆေးအရေးယူသင့်

Rakhita Times

212 comments

Leave a Comment