NewsPolitic

ဇန်နဝါရီလ တလအတွင်း ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦးဖမ်းမိ အလင်းဝင်သူ ၂ ဦးရှိ

အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၆)

၂၀၂၆ ခုနှစ် ဇန်နဝါရီလ တလအတွင်း  ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦး ဖမ်းမိခဲ့ပြီး ၂ ဦး အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အလင်းဝင်ခြင်းအပြင် လက်နက်ချခြင်းနဲ့  စစ်သုံ့ပန်း ဖမ်းဆီးခံရခြင်း အစရှိတဲ့ စစ်ကော်မရှင်ဘက်က စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် စုစုပေါင်း  ၁၇၉  ဦး ရှိတယ်လို့ ဆိုပါတယ်။

အလင်းဝင် ပူးပေါင်းသူ စုစုပေါင်း ၆၄ ဦး အနက် ရက္ခိုင်ပြည်က ၂ဦး၊ ချင်းပြည်နယ်က ၁ ဦး၊ ကရင်ပြည်နယ်က ၁၈ ဦး၊ မွန်ပြည်နယ်က ၁၂ ဦး၊ စစ်ကိုင်းတိုင်းက ၅ ဦး၊ မကွေးတိုင်းက ၁၆ ဦး၊  ပဲခူးတိုင်းက ၉ဦး ၊ တနင်္သာရီတိုင်းက ၁ ဦးတို့ ပါဝင်ပါတယ်။ ဒီအထဲမှာမှ ၅၁ ဦးကတော့ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၅ ဦး ရှိတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနက် ရက္ခိုင်ပြည်က ၃၄ ဦး၊ ကရင်ပြည်နယ်က ၂၀ ဦး၊ ချင်းပြည်နယ်က ၂၂ ဦး၊ မကွေးတိုင်းက ၁၇ဦး၊ပဲခူးတိုင်းက ၁၅ ဦး၊ မန္တလေးတိုင်းက ၃ဦး စုစုပေါင်း စစ်သား ၁၁၁ ဦး ရှိပြီး မန္တလေးတိုင်းက ရဲတဦး နဲ့ မန္တလေးတိုင်းက ပြည်သူ့စစ်တဦး၊ ရန်ကုန်တိုင်းက ပြည်သူ့စစ် ၂ ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်းအရေအတွက်ဟာ ၂၇၅၇ ဦးထိ ရှိတယ်လို့လည်း သိရပါတယ်။

Related posts

တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ ၄၆ နှစ်ပြည့် မွေးနေ့အပေါ် အာရက္ခပြည်သူတို့ရဲ့ ဆုတောင်းသံများ

Rakhita Times

ရက္ခိုင်အဆိုတော် ALPHA ကို စကမ ဖမ်းဆီး(Breaking News)

Rakhita Times

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိ၊ ထွက်ပေါ်နေတဲ့ သတင်းဟာလည်း လုပ်ကြံခြင်းသာဖြစ်တယ်လို့ ALP ဆို

Rakhita Times

6,234 comments

Leave a Comment