HealthNewsPolitic

တောင်ကုတ်တွင် နယ်လှည့် အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဇာနအနေနဲ့ ဒေသခံပြည်သူတွေကို ငှက်ဖျားပိုး သွေးဖောက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အရေပြားရောဂါများကို ကုသမှုပေးခြင်းနဲ့ အထွေထွေရောဂါတွေကိုလည်း အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ကုသပေးခြင်းခရီးစဉ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ၅နှစ်အောက် ကလေးငယ်များရှိတဲ့ အိမ်ထောင်စုများအတွက် CYC ခြင်ထောင် အလုံး (၂၅၀) ကို ထောက်ပံ့ပေးခဲ့ပြီး HDCO အနေနဲ့လည်း ၂ နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရနို့မှုန့်များကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် သြဂုတ်လကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ်က ကျောက်တန်းခါး၊ ဂွေးတောက်၊ ရပ်တော်မူ၊ တိုးချဲ၊ စလူ၊ ဒိုးနွယ်စမ်း၊ ပိနွဲစမ်း၊ ရေပေါ်ကြီး၊ သပြေ၊ ဇွတ်ပြဲ နဲ့ ညောင်လွန်တော စတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဆေးကုသပေးပြီး ခြင်ထောင်များ ပေးဝေခဲ့ပါတယ်။

Ref & Photo – Golden Era Media

Related posts

ကျောက်တော်ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်ရပ်စဲမှု ချိုးဖောက်တဲ့ မှတ်တမ်းလို့ HDCO ပြော

Rakhita Times

ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းအတွက် စည်းကမ်း ၁၉ ချက် လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အသိပေး

Rakhita Times

စကမက မဒေးကျွန်းစီမံကိန်းအတွက် မြေယာလျော်ကြေး ကျပ်သိန်းခြောက်သောင်းကျော်ပေး

Rakhita Times

Leave a Comment