NewsPolitic

ရက္ခိုင်ပါတီများ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိ

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်က ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရက္ခိုင်ပါတီတွေဟာ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP ) က မဲဆန္ဒနယ် ၁၃ နေရာမှာ ကိုယ်စားလှယ်လောင်း ၃၂ ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၂၂၅၆၇ ၊ ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၇ %  နဲ့ အနိုင်ရကိုယ်စားလှယ် ၈ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က မဲဆန္ဒနယ် ၁၄ နေရာမှာ ကိုယ်စားလှယ်လောင်း ၂၅  ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၈၉၀၁၊  ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၄ %  နဲ့ အနိုင်ရကိုယ်စားလှယ် ၆ ဦး ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကတော့ မဲဆန္ဒနယ် ၁ နေရာမှာ ကိုယ်စားလှယ်လောင်း ၁  ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၂၆၈၊  ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၀ ဒသမ ၀၁ %  သာ ရရှိခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ် မရှိခဲ့ဘူးလို့ UEC က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု ရာခိုင်နှုန်းများ‌ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖေဖော်ဝါရီလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

စစ်ကောင်စီထိန်းချုပ်တဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို ဖိအားပေးခိုင်းစေမှု မြင့်တက်

Rakhita Times

စစ်တွေတပ်အနေနဲ့ ထိုးစစ်အသွင်ရှိတဲ့ ခံစစ်ပုံစံ ပြောင်းလဲလာနိုင်တယ်လို့ ဗိုလ်ကြီးဇင်ယော်သုံးသပ်

Rakhita Times

ရက္ခိုင်ပြည် ပဲ့ထွက်မသွားဖို ICJ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတာလို့ ALP ပြော

Rakhita Times

4 comments

kayesbamusic.com ဇွန် 25, 2026 at 10:43 ညနေ

References:

Cleopatra slot kayesbamusic.com

Reply
hellomusic.app ဇွန် 27, 2026 at 1:52 ညနေ

References:

Legiano Casino Gratis Spins hellomusic.app

Reply
https://date.etogetherness.com/ ဇွန် 27, 2026 at 5:56 ညနေ

References:

Legiano Casino Auszahlungsdauer https://date.etogetherness.com/

Reply

Leave a Comment