NewsPolitic

ဒေါက်တာအေးမောင်ကို မင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံကောင်စီတွေ ရာထူးပေးထားလို့ သတင်းထွက်နေ

အာရက္ခတိုင်းမ်စ် (၆ ဧပြီ ၂၀၂၆)

ရခိုင်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို သမ္မတသစ် မင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံကောင်စီတွင် အဖွဲ့ဝင်ရာထူး ပေးထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံကောင်စီကို မင်းအောင်လှိုင်က လက်မှတ်ထိုးပြင်ဆင်ထားပြီး အဖွဲ့ဝင် ၈ ဦးနဲ့ ကနဦး ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံကောင်စီတွင် ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာနေဇင်လတ်နဲ့ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်မှူးချုပ် မောင်မြင့်၊ ဗိုလ်ချုပ်သောင်းအေး၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာအေးမောင်နဲ့ ဆလိုင်ငွန်ကျုံးလျှံတို့ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေတာပါ။

မင်းအောင်လှိုင် သမ္မတဖြစ်လာတာနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်က “ အစိုးရသစ်အနေနဲ့ နိုင်ငံတဝှမ်းရှိ ပြည်သူလူထုရဲ့ လုံခြုံအေးချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အောင်မြင်စွာ ဦးဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ပူးပေါင်းသွားမှာဖြစ်ကြောင်း” ပြောဆိုထားပါတယ်။

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ (သို့) ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်က ကာလုံအမိန့်နဲ့ ပြဌာန်းလိုက်တာဖြစ်ပြီး သမ္မတက ကောင်စီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် ကောင်စီတဖွဲ့လုံးကို ခန့်အပ်ဖွဲ့စည်းပေးရမှာလည်း ဖြစ်ပါတယ်။

ကောင်စီဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

Related posts

စောမဲကျီဖောင်ဒေးရှင်းမှ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို သိန်း ၁၀၀၀ လှူဒါန်း

Rakhita Times

ကျောက်တော် ဗုံးကြဲခံရမှု ဖြစ်စဉ်

Rakhita Times

ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

Rakhita Times

5 comments

291bet ဧပြီ 13, 2026 at 2:25 ညနေ

291bet is where the action is for me! Reliable, fun interface, and I’ve had some good luck playing here. Give it a shot if you’re looking for a good time 291bet

Reply
byu slot ဧပြီ 13, 2026 at 2:26 ညနေ

BYU Slot is calling my name!! I’ve heard they have some really nice slots. Will update if I can get super lucky and get a bonus! byu slot

Reply
superjili register ဧပြီ 13, 2026 at 2:26 ညနေ

Registering for Superjili was a breeze! Took like two minutes and now I’m ready to win big. Simple process and friendly interface. Superjili register is easy peasy superjili register and worth it

Reply
rent yacht montenegro 832 မေ 5, 2026 at 11:54 ညနေ

yacht charter Montenegro sailing Montenegro

Reply
rent yacht montenegro 252 မေ 5, 2026 at 11:54 ညနေ Reply

Leave a Comment