NewsPolitic

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် စုစုပေါင်း သိန်း ၁၅၀၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၀ မတ်လ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် စုစုပေါင်း ငွေကျပ် သိန်း ၁၅၀၀ လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျား/မ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူဟာလည်း ၂၇ ဦးထိ ရှိပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသနေသူ ၈ ဦး ရှိတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

“တရုတ်နိုင်ငံရောက် ရက္ခိုင်သား၊ သူတွေ စုပေါင်း အလှူငွေ ၅၇၂ သိန်းကျော်၊ လူမှုကူညီရေးအသင်း အင်ဒီယားနား ( USA) က ၃၂ သိန်းကျော် မျိုးချစ်မိသားစုပရဟိတအသင်း (ထိုင်း) က ၃၀ သိန်းကိုပါ စုပေါင်းပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ ပစ်ခတ်ခံရမှုမှာ လုံးဝပျက်စီးလားရေ အိမ် ၂၂ဆောင်၊ သီဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရသူ ၃၂ ဦးတို့အတွက် သူတို့ကိုယ်စား HDCO နဲ့ ပူးပေါင်း လှူဒါန်းခဲ့ပါတယ်။ စုစုပေါင်း အလှူငွေ သိန်း ၆၃၀ကို လှူဒါန်းပေးခဲ့ပါတယ်” လို့ စာရေးဆရာဝေဟင်အောင်က‌ ပြောပါတယ်။

အဆိုပါ ယိုးငူရွာအတွက် ပထမ အကြိမ် ၉၉ သိန်း ဒုတိယ အကြိမ် ၁၃၈သိန်း တတိယအကြိမ်အဖြစ် ၆၃၀ သိန်း နဲ့ စစ်ဘေးရှောင်တွေအတွက် သိန်း ၆၀၀ ကျော်ကို သီးသန့် လှူထားခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်းပေါင်း ၁၅၀၀ လောက်ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

Related posts

တရုတ်နဲ့ အိန္ဒိယစီမံကိန်းတွေကို လက်နက်ကိုင်တွေက နှောင့်ယှက်မယ်မထင်

Rakhita Times

စစ်တွေက ကျေးရွာနဲ့ ရပ်ကွက်အချို့ စစ်ကောင်စီက ဖိအားပေး ပြောင်းရွေ့ခိုင်း

Rakhita Times

တရုတ်ကြောင့် ဆွေးနွေးမှုတွေ ပေါ်လာလည်း ပျက်မှာပဲ

Rakhita Times

104 comments

Leave a Comment