NewsPolitic

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်တောဒေသခံ (၅) ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၅)

စစ်ကော်မရှင်တပ် အခြေစိုက်ထားတဲ့ စစ်တွေမြို့ရှိ တပ်ရင်းတခုမှ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပေါက်တောမြို့နယ်ကို လက်နက်ကြီးကျည်များနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

“သိသလောက်က စစ်တွေအခြေစိုက် ရေတပ်စခန်းနဲ့ အမှတ် (၁၂) ရဲတပ်ရင်ကနေပြီး လက်နက်ကြီး ၆ လုံး ပစ်တာ” လို့ ပေါက်တောမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ပေါက်တောမြို့နယ် သရဲကျေးရွာနဲ့ င/ပြီကျွန်းရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ ကျရောက်ပေါက်ကွဲမှုကြောင့် သရွဲကျေးရွာမှ အမျိုးသမီးတဦးနဲ့ အမျိုးသားလေးဦးတို့မှာ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရရှိသွားကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့ကလည်း ပေါက်တောမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လမ်းသွား၊ လမ်းလာ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦးတို့မှာ ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

ကျေးရွာ ၁၀ ရွာကျော်က ၅ နှစ်အောက် ကလေးတွေကို AA က အခမဲ့ ကာကွယ်ဆေးထိုးပေး

Rakhita Times

၃၄၄ တပ်ရင်း ကာကင်းစခန်း AA သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ပိုပြင်းထန်နေ

Rakhita Times

KIO က လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း တို့နဲ့ ဆက်ဆံရေး ခိုင်မာစွာတည်ဆောက်နေ

Rakhita Times

187 comments

Leave a Comment