BusinessNewsPolitic

စကမ ထိန်းချုပ်နယ်မြေမှာ AA ထိန်းချုပ်နယ်မြေထက် စက်သုံးဆီဈေး မြင့်တက်

အာရက္ခတိုင်းမ်စ် (၁၁ မတ်လ ၂၀၂၆)

စစ်ကော်မရှင် ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေထက် စက်သုံးဆီဈေး ပိုမိုမြင့်တက်နေတယ်လို့ မာန်အောင်မြို့ဒေသခံတဦးက ဆိုပါတယ်။

စက်သုံးဆီဝင်ရောက်မှုအနေနဲ့ ရန်ကုန်ဘက်မှ တင်သွင်းလာတဲ့ စက်သုံးဆီတွေရှိသလို အာရက္ခတပ်တော် AA ဘက်က ဝင်ရောက်တဲ့ စက်သုံးဆီလည်းရှိပြီးဈေးနှုန်းကွာဟမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

“ဒီမှာက စက်သုံးဆီက တလီတာကို ၁၄၀၀၀ ရှိတယ်ဗျ။ အဲ့ဒါကျ ခုက ဘာလဲဆိုရင် ကျနော်တို့ဆီမှာ AA ထိန်းချုပ်နေရာဘက်က ဝင်လာတဲ့ ဆီတွေ ရှိပါတယ်။ ရန်ကုန်ကလာတဲ့ ဆီတွေလည်း ရှိတယ်။ နှစ်ဖွဲပေါ့။ အမှန်တကယ်ကတော့ ခု ကျနော်တို့ အစိုးရထိန်းချုပ်ထားတဲ့ နေရာတွေကျ ဈေးပိုများတာပေါ့။ စစ်တွေဆိုလို့ရှိရင် ၄ သောင်း ကျော်ပါတယ်။ ကျောက်ဖြူကတော့ မသိဘူး။ ကျနော်တို့ မာန်အောင်မှာကျ အခုလက်ရှိက ၁၄၀၀၀ ပါ။ ရမ်းဗြဲတို့ ဘာတို့ဆို ၇၀၀၀/၇၅၀၀ အဲ့ပတ်ဝန်းကျင်မှာပဲ ရှိတယ်။ ကျနော်တို့ဆီမှာကျ ဆီက ဆီဆိုင် ကြီးကြီးမားမား မရှိဘူး။ လမ်းဘေးဆီဆိုင်ပဲ များပါတယ်” လို့ မာန်အောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လတ်တလောမှာ စက်သုံးဆီ ခြိုးခြံချွေတာရေးနဲ့ ဖူလုံမှု ရှိစေရေးအတွက် လစဉ် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာပါတဲ့ယာဉ်များ (ဥပမာ- 2A/—- 4A/—စသည်ဖြင့်)၊ “မ” ရက်များတွင် မ နံပါတ် အက္ခရာပါတဲ့ယာဉ်များ (ဥပမာ-1A/—-3A/—- စသည်ဖြင့်) စတဲ့ ပုဂ္ဂလိကပိုင်ယာဉ်များကိုသာ မောင်းနှင်အသုံးပြုရန် ထုတ်ပြန်ထားပြီး EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များအ‌နေဖြင့် နေ့စဉ် မောင်းနှင်နိုင်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယာဉ်နံပါတ်အလိုက် စုံ/မ ရက် စနစ် နဲ့ စက်သုံးဆီ ဝယ်ယူခွင့်ကိုပါ သတ်မှတ်ထားတာကြောင့် ဆီဈေး ပိုမြင့်တက်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ရန်ကုန်လို အနေအထားမျိုးနဲ့တော့ မတူဘူးပေါ့။ ဒီမှာက အဲ့လောက် မရှိပါဘူးခင်ဗျ။ ဒီမှာက ကျနော်တို့ဆီမှာက လူဦးရေလည်း နည်းတာကို။ လူဦးရေ နည်းတဲ့အခါကျတော့ ကျနော်တို့ ဒီမှာ ရန်ကုန်ဘက်ကို ရွှေ့သွားတဲ့လူလည်း များသွားပြီ။ လက်ရှိ လူဦးရေက ကျနော်တို့ဆီမှာ များများစားစား ရှိမယ်ဆို ၅ သောင်းဝန်းကျင်ပဲရှိမှာ။ အဲ့ဒီဝန်းကျင်လောက်နဲ့ဆို အဓိက ကားစီးတဲ့လူကတော့ နည်းသွားတာပေါ့နော်။ ဆိုင်ကယ်ကိုပဲ အဓိက ထားစီးကြပါတယ်။ လက်ရှိ ဆီဈေးနဲ့ဆို ကားစီးမယ့်ကိစ္စလည်း မလွယ်ဘူး သိတယ်မလား။ ရှိတဲ့ကားတွေပဲ အိမ်မှာ ထိုးထားရတာပေါ့” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ရက္ခိုင်ပြည်ရှိ မြို့တွေအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့မှာ စက်သုံးဆီ ရရှိရေးအတွက် တန်းစီ၍ ဝယ်ယူကာ တဆင့် ပြန်လည် ‌ရောင်းချမှုတွေကြောင့် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ရေကြည်က အမတ-၃၄၄ ကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်

Rakhita Times

စကမ အဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းမိကြောင်း CDF – Asho ပြော

Rakhita Times

၂၀၂၅ နိုဝင်ဘာလကစပြီး အယ်နီညို ရာသီဥတု အခြေအနေ ဘယ်လို ဖြစ်လာနိုင်သလဲ?

Shine Bu Chay

4 comments

RichardacuLa စက်တင်ဘာ 3, 2026 at 12:39 မနက်

Наркологическая клиника в клинике в Нижнем Новгороде использует многопрофильный подход, направленный на физическое и психологическое восстановление пациентов. После детоксикации проводится стабилизация обменных процессов, нормализация работы внутренних органов и поддержка нервной системы. Особое внимание уделяется коррекции поведения и мотивации пациента к отказу от употребления алкоголя или наркотиков.
Изучить вопрос глубже – лечение в наркологической клинике в нижнем новгороде

Reply
Vernonzer စက်တင်ဘာ 8, 2026 at 6:48 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Получить больше информации – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply
JosephDycle စက်တင်ဘာ 11, 2026 at 12:26 ညနေ

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Изучить вопрос подробнее – вывод из запоя недорого

Reply
Dennistek စက်တင်ဘာ 16, 2026 at 7:17 မနက်

Капельница на дому не сводится к механическому введению раствора. Медик оценивает состояние пациента, давление, пульс, температуру, показатели крови при наличии результатов, переносимость препаратов и вероятность осложнений. Для медицинского персонала важны качество процедуры, корректная дозировка и контроль реакции организма. Выездной формат особенно удобен пожилому человеку, человеку со сниженной физической активностью или тому, кому тяжело посещать клиники самостоятельно.
Изучить вопрос подробнее – kapelnica-ot-pohmelya-na-domu

Reply

Leave a Comment