NewsPolitic

AA လေ့ကျင့်ပေးတဲ့ SRA အပတ်စဉ် ၁ သင်တန်းပြီးဆုံး

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)

အာရက္ခတပ်တော်က အ​ခြေခံစစ်ပညာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) အပတ်စဥ် ၁ သင်တန်းပြီးဆုံးသွားပြီလို့ သိရပါတယ်။

အဆိုပါသင်တန်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway-PDF) နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တို့ စုပေါင်း တက်ရောက်ခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခတပ်တော်က အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ် နဲ့ စစ်စည်းကမ်းတွေကို လေ့ကျင့် သင်ကြားပေးခဲ့တာလို့လည်း သိရပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို SRA တပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များက တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများနဲ့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်များကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်တော်မြို့နယ်ကို စကမ ဗုံးကြဲ(Breaking News)

Rakhita Times

နတ်ရေကန်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပါရာမော်တာ ၁ စီးကို AA ပစ်ချ

Rakhita Times

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

Rakhita Times

287 comments

Leave a Comment