NewsPolitic

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးတွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကော်မရှင်အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ မေလ ၄ ရက် ညနေ ၆ နာရီလောက်ကနေ မေလ ၇ အထိ ကပစ ၁၆ နားက ပွိုင့် ၅၀၀ ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာနားက ပွိုင့် ၅၀၀ ဗျူဟာကုန်းနဲ့ ဗျူဟာကုန်းက ကာကင်းစခန်း ၄ ခုကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကာကင်းစခန်းကို စစ်ကော်မရှင်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ ) တပ်ရင်းများက စုပေါင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင် တပ်သားတွေကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက လိုက်လံရှင်းလင်းနေပြီး ကျန်ရှိနေတဲ့ ဗျူဟာကုန်းနဲ့ ကာကင်းစခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့လည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)
Photo – APM

Related posts

စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေ လိုက်တပ်နေ

Rakhita Times

မြောက်ဦးဆေးရုံကို စစ်စခန်းတည်ဆောက်ထားကြောင်း စကမ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆို

Rakhita Times

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တောင်ကုတ်မြို့မြင်ကွင်း

Rakhita Times

Leave a Comment