NewsPolitic

ကျောက်တော်တွင် ကျောင်းသူ ၁ ဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးရှိ ကုလားတန်မြစ်အတွင်း ရေချိုးဆင်းတဲ့ ကျောင်းသူ ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ ညနေ ၅ နာရီလောက်မှာ အဝတ်လျှော်ဖို့ဆိုပြီး သွားကြတယ်။ မိန်းကလေးတွေချည်းပဲ။ အဝတ်လျှော်ပြီးတော့ ရေချိုးဆင်းကြတယ်။ ရေချိုးပြီးတော့ ကမ်းအတတ်မှာ ခြေချော်ပြီးကျသွားတယ်လို့ ကြာတာပဲ” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ် သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝ‌ရွာ ရန်တား (ရင်းဒါး) ရပ်ကွက်နေ ဦးထွန်းထွန်းဦးနဲ့ ဒေါ်လှအေးတို့ရဲ့သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မမေဇူလှိုင် ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ မမေဇူလှိုင်ဟာ အသက် ၇ဝ ကျော်အရွယ် အဖွားဖြစ်သူ ဒေါ်ဝေမဖြူနဲ့ အတူနေထိုင်နေသူ ဖြစ်ပြီး လက်ရှိတွင် ရေနစ်မြုပ် ပျောက်ဆုံးနေတဲ့ မမေဇူလှိုင်ရဲ့ ရုပ်အလောင်းကို ရွာသားတွေက ကုလားတန်မြစ်အတွင်း ရှာဖွေနေကြတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်ကလည်း မြောက်ဦးမြို့တွင် အသက် (၁၃) နှစ်အရွယ်နဲ့ အသက် (၁၄) နှစ်အရွယ် အလယ်တန်း ကျောင်းသူနှစ်ဦး အလယ်စျေးချောင်းတွင် ရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့ပါတယ်။

Photo – Narinjara

Related posts

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

Rakhita Times

မင်းပြားတွင် အိမ်မီးလောင်လို့ မွေးကင်းစကလေးငယ်တဦး သေဆုံး

Rakhita Times

ရက္ခိုင်ပါတီများ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိ

Rakhita Times

Leave a Comment