ArticelsLife StylePolitic

မီးလောင်မြေသို့ သွားရောက်ခြင်း

နီရ- ရေးသားသည်။

အချိန်ကာလ မြစ်ရေဟာ မရပ်မနား ဖြတ်သန်း စီးဆင်းသွားခဲ့ပြီ…။ ကျနော်ဟာ အလယ်တန်းကျောင်းသား မဟုတ်တော့သလို အဲဒီရွာကလေးဟာလည်း အရင်လို အကောင်းပကတိအတိုင်း မရှိတော့ပြီ။ စစ်အတွင်းမှာ မီးလောင်မြေလုံးလုံးဖြစ်ခဲ့ရပြီ။

(၁)

တပေါင်းနေရဲ့ စူးရဲပူပြင်းတဲ့ တံလျှပ်တွေဟာ ရွာကလေးရဲ့အပေါ်မှာ ဖြန့်ကျက်ကျဆင်းနေတယ်။ အဲဒီတံလျှပ်အပူငွေ့တွေ ဖြာဆင်းနေတဲ့ ရွာအဝင်လမ်းထိပ် သစ်သားမုခ်ဦးပေါ်မှာ အဝါရောင်ဗီနိုင်းတခုက ထီးတည်းတည်ရှိနေတယ်။ “ရန်ခိုကျေးရွာ”။ ဗီနိုင်းပေါ်မှာ အထင်းသား ရိုက်နှိပ်ထားတဲ့ စာလုံးတွေကို ဖတ်မိတာနဲ့တပြိုင်နက် ကျနော်တို့ဟာ အတော်လေးကျဥ်းပြီး ကြမ်းတမ်းတဲ့ ရွာဝင်လမ်းအတိုင်း ဝင်ခဲ့ကြလေရဲ့။  အတော်လေး ရှည်လျားတဲ့ ရွာအဝင်လမ်းဟာ သူ့ကျောပေါ်နင်းဖြတ်မိသူတွေကို နွေပီသစွာနဲ့ပဲ ဖုန်လုံးထနှုတ်ဆက်ခြင်း ပြုကြတယ်။ အဲဒီဖုန်လုံးထနေတဲ့ လမ်းကိုဖြတ်ပြီး တဲအိမ်သာသာရှိတဲ့ ဓနိမိုးအဆောက်အအုံတွေအများစုရှိရာ ရွာတန်းဖက်ကို ကျနော်တို့ ဝင်လာခဲ့ကြတယ်။ ကျနော်တို့ မျက်လုံးတွေကတော့ ဘေးဘီဝဲယာကို ကြည့်ရှုရင်း၊  ရွာရဲ့အခြေအနေကိုလည်း အကဲခတ်ရင်းပေါ့။

ရွာထဲက တဲအိမ်ကုပ်တွေရဲ့ တံစက်မြိတ်အရိပ်အောက်တွေမှာ အမျိုးသမီးတွေစုဖွဲ့ပြီး ဒေသထွက် ဓနိရွက်တွေနဲ့ အုန်းထိုးနေကြတယ်။ သူတို့ရဲ့ဘေး မလှမ်းမကမ်းမှာတော့ အဝတ်စားခပ်နွမ်းနွမ်း ၊ ဖုန်မှုန့်အလိမ်းလိမ်းနဲ့ ကလေးငယ်တွေဟာ ဘာသာဘာဝ ဆူညံမြူးတူး ကစားနေကြတယ်။ ကလေးတွေကလည်း သူတို့သဘာဝ ကစားနေကြသလို အုန်းထိုးနေတဲ့ အမျိုးသမီးတွေကလည်း သူတို့အလုပ်ပေါ်မှာပဲ အာရုံစိုက်ပြီး ခပ်သွက်သွက် ထိုးနေကြတယ်။ တခါတခါတော့ မိခင်တဦးဖြစ်ပုံရတဲ့ အမျိုးသမီးတယောက်တလေက ဆူညံ​နေတဲ့ကလေးတွေကို လှမ်းအော်ပြီး ငေါက်ငမ်းလိုက်တာမျိုး ကြားရတယ်။ အမျိုးသမီးတွေရဲ့ စကားဝိုင်းမှာတော့ မနေ့က ရွာထဲက ဘယ်သူ့မှာ ငါးဘယ်လောက်ရလာကြောင်း ၊ ငါးရှာရကောင်းပေမယ့် ဈေးမှာ ဝယ်သူထက် ရောင်းသူများနေတော့ ရောင်းရမကောင်းကြောင်း၊ ဝင်ငွေနဲ့ ထွက်ငွေ မကာမိတဲ့အကြောင်း၊ မနေ့က ဂျက်တိုက်လေယာဥ် အနိမ့်ကလေးကနေ သုံးကြိမ်တိတိ ပျံသွားကြောင်း၊ နိုင်ငံရေးအခြေအနေ ဘယ်အချိန်မှ ငြိမ်သက်မယ်မသိကြောင်း၊ စားသောက်ကုန်ဈေးနှုန်းတွေအကြောင်း၊ မနေ့ကကြည့်ခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားများအကြောင်းတွေပါ စုံလို့ပါပဲ။

(၂)

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့နောက်က တဲအိမ်ငယ်တွေကတော့ မလုံမခြုံနဲ့ ဖြစ်ကတတ်ဆန်း ဆန်လှတယ်။ တချို့တဲအိမ်တွေမှာ စုတ်ပြဲနွမ်းရိနေတဲ့ တာပေါ်လင်စတွေ ထရံအဖြစ် ကာရံထားတယ်။ တချို့တဲအိမ်တွေကျတော့လည်း အကာအရံမရှိ၊ နတ္ထိဖြစ်နေလေရဲ့။ တချို့တဲအိမ်တွေမှာတော့ ကြပ်ခိုးတွေပေရေပြီး မည်းညစ်တွန့်လိမ်နေတဲ့ သွပ်ပြားအဟောင်းတွေကို ကာရံထားတယ်။ တကယ်တော့ တဲအိမ်တွေဟာ မိသားစုတစု နေဆံ့နိုင်ရုံ ဆောက်လုပ်ထားတာပါ။ ဒါပေမယ့် တပေါင်းနေရဲ့ အရှိန်တညီးညီး အပူလှိုင်းအောက်မှာပဲ အဲဒီတဲအိမ်တွေထဲမှာ မိသားစု နှစ်စုထိ ကျပ်သိပ်ခြိုးခြံပြီး နေထိုင်နေကြတယ်။

တဲအိမ်အများစုကိုတော့ မီးလောင်မြေကွက်လပ်ကြီးတွေရဲ့ အလယ်မှာ ဆောက်လုပ်ထားတယ်။ မီးလောင်ထားတဲ့ မြေကွက်လပ်ကျယ်ကြီးတွေနဲ့ တဲအိမ်ကလေးတွေကို တွဲဖက်ကြည့်ရင် မတော်တဲ့အင်္ကျီကို ဝတ်ထားရတဲ့ လူတယောက်ကို မြင်ရသလိုပါပဲ။ တဲအိမ်တွေက အရမ်းသေးငယ်ပြီး မြေကွက်လပ်ကြီးတွေက အရမ်းကျယ်နေသလို ခံစားရစေပါတယ်။ မြေကွက်လပ်တွေထဲမှာတော့ မီးသွေးခဲဘဝရောက်နေတဲ့ အိမ်တိုင်ငုတ်တိုတွေ၊ ပြာမကျနိုင်ဘဲကျန်ခဲ့တဲ့ အိုးခွက်ပန်းကန် စတဲ့ အိမ်သုံးပစ္စည်းတချို့ကို တွေ့ရပါသေးတယ်။ အရင်က လတ်ဆတ်တဲ့သီးနှံတွေကို ထုတ်လုပ်ပေးခဲ့တဲ့ သရက်၊ ပိန္နဲ အစရှိတဲ့ သီးပင်စားပင်တွေဟာလည်း မီးဒဏ်သင့်ပြီး မည်းညစ်ခြောက်သယောင်းထ သေဆုံးနေကြတယ်။

ရွာထဲမှာ အဲဒီလို မီးလောင်မြေကွက်လပ် (သို့မဟုတ်) ဝင်းခြံစုစုပေါင်း ၆၅ ခုရှိတဲ့အကြောင်း ရွာသားတွေနဲ့ စကားပြောမိတော့ သိရတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ မြို့အနီးဖြစ်ပွားချိန်မှာ အဲဒီရွာဟာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ကျေးရွာသားတွေ ပြောပြပါတယ်။ အဝေးတနေရာမှာ စစ်ဘေးရှောင်နေရတဲ့ ရွာသားတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။  အဲဒီအထဲမှာ နေအိမ်မီးထဲပါသွားတဲ့ ဒေါ်စော (အမည်လွှဲ) ကတော့ ” စစ်ပွဲဆိုရင် ၊ စစ်တပ်ဆိုရင် အသံကို မကြားချင်တော့ဘူး” လို့ ခါးသီးတဲ့ သူ့အတွေ့အကြုံကို အခြေခံပြီး ပြောပြပါတယ်။ သူ့မျက်နှာကတော့ ဇရာနဲ့ လောကဓံတရားရဲ့ မညှာမတာ ရိုက်ပုတ်ထုထောင်းမှုဒဏ်တွေကြောင့် နွမ်းလျနေဟန် တူပါတယ်။ နေအိမ် မီးလောင်ဆုံးရှုံးသွားသူတွေဟာ ယာယီနေထိုင်နိုင်ဖို့ တဲအိမ်ကုပ်ကလေးတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားကြပါတယ်။ တချို့မိသားစုတွေကျတော့လည်း ဆွေမျိုးနီးစပ်အိမ်တွေမှာ ကပ်ရပ်နေထိုင်နေကြရတယ်။ သူတို့ယာယီတဲအိမ်တွေဟာလည်း မိုးတွင်းကာလ လုံခြုံမှုပေးနိုင်မယ့် အနေအထားမရှိပါဘူး။ ဒါ့အပြင် တနေ့လုပ် တနေ့စားတွေမို့လည်း မိမိတို့ရဲ့ အိမ်ကောင်းရာကောင်းတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုတာကတော့ အလှမ်းကွာ ဝေးလွန်းတဲ့ အိပ်မက်လို ဖြစ်နေတယ်လို့ ကျေးရွာသားတွေက ပြောကြတယ်။ “အိမ် ပြန်ဆောက်နိုင်ဖို့ဆိုတာကတော့ သစ်ဖိုးကအစ အရာရာဟာ မလွယ်တော့ဘူးလေ” လို့ ဒေါ်စောက လေးပင်စွာနဲ့ ပြောပါတယ်။

(၃)

ရန်ခိုရွာဟာ  တောင်ကုတ်မြို့ကလေးရဲ့ အရှေ့ တောင်ဘက် တမိုင်ကျော်လောက်မှာ ရှိပါတယ်။ နွေဆိုရင် ရေမျက်နှာပြင်တခုလုံး စိမ်းမြကြည်လင်နေတတ်တဲ့ ရန်ခိုချောင်းရဲ့ ကမ်းနဖူးမှာ တည်ရှိတာပါ။ မြူငွေ့ ဆိုင်းပြီး မှိုင်းပြပြသာမြင်ရတဲ့ ရက္ခိုင်ရိုးမ အစွယ်အပွား ရန်ခိုတောင်ကြီးက နေထွက်ရာလမ်းကြောင်းမှာ မားမတ်စွာ တည်ရှိနေပြီး ရွာကလေးကတော့ ရန်ခိုတောင်ကြီးကို နောက်ခံပြုထားပါတယ်။ ဒီရွာဟာ  စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများနဲ့ အလွန်နီးကပ်စွာ တည်ရှိတာပါ။ ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတွေဟာ ရန်ခိုကျေးရွာနဲ့ တောင်ကမူကလေး တခုနှစ်ခုသာ ခြားပြီး ခြေမြန်တပ်ရင်းစစ်ကြောင်းတွေဟာ အေးအေးသက်သာလာမယ်ဆိုရင်တောင် (၁၀) မိနစ်ဝန်းကျင်မှာ ရောက်နိုင်ပါတယ်။

ကျေးရွာသားတွေဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မြို့အနီးတိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အသက်အန္တရာယ်ကင်းလွတ်ဖို့အတွက် ကျေးရွာစွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ တချို့ရွာသားအနည်းစုကတော့ ရွာရဲ့တစ်ဘက်ကမ်း ဒိုးတောင်ဘက်မှာပုန်းခိုရင်း ကျီးလန့်စာစား နေထိုင်ခဲ့ရတယ်လို့ ပြောကြပါတယ်။ အဲဒီပုန်းခိုကျန်ခဲ့တဲ့ ရွာသားတချို့ဟာ စစ်ကောင်စီတပ်သားတွေ ရန်ခိုရွာထဲ ဓာတ်ဆီပုံးတွေ သယ်ယူလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီမျက်မြင်သက်သေ ရွာသားတချို့ဟာ တနယ်တကျေး ပြောင်းရွှေ့သွားသူတွေ ဖြစ်နေတာကြောင့် ကျနော်တို့နဲ့ စကားပြောခွင့်တော့ မရခဲ့ပါဘူး။

” စစ်တပ်က ရှို့တာပါ။ ဒီမှာ စစ်ဘေးမရှောင်ဘဲ ကျန်ခဲ့တဲ့လူတွေ မြင်လိုက်ကြပါတယ်။ ရွာထဲကို ဓာတ်ဆီပုံးတွေ သယ်ယူလာပြီး ချောင်းကမ်းနားဘက်အိမ်တန်းတွေက စပြီးရှို့ကြတယ်” လို့ ဒေါ်စောက ပြောပါတယ်။

ကျေးရွာမီးရှို့ခံရတဲ့နေ့ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ပါ။ ရွာရဲ့အဝေးမှာ စစ်ရှောင်နေတဲ့ ဒေါ်စောတို့ ကျေးရွာသားတွေတောင်မှ မီးခိုးလုံးကြီးတွေတက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ပြီး နောက်တရက်မှာပဲ ရန်ခိုရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းစကားကို ဒေါ်စောတို့ ကြားသိခဲ့ရပြီး ရတက်မအေး ဖြစ်ခဲ့ကြရပါတယ်။ ရွာအထက်ဝန်းကျင် အာကာတခွင်မှာ မီးခိုးလုံးကြီးတွေ မြင်တွေ့ရပြီး မိမိတို့ရွာ မီးရှို့ဖျက်ဆီးခံရတဲ့သတင်းကို ကြားပေမယ့် သွားရောက်မကြည့်ရှုနိုင်တဲ့ ရွာသားတွေရဲ့အဖြစ်က ရင်နင့်ဖွယ်ရာ ကောင်းပါတယ်။ “ရွာဘက်က မီးခိုးလုံးကြီးတွေတက်လာတာ လှမ်းမြင်ရတယ်။  သွားလို့လည်း မကြည့်နိုင်ဘူးလေ” နောက်ထပ် ကျေးရွာသူအမျိုးသမီးတဦးက ပြောပါတယ်။

(၄)

အာရက္ခပြည်မှာ စစ်ပွဲအတွင်း စစ်ကောင်စီရဲ့ လူမဆန်မှုကြောင့် မီးလောင်မြေဖြစ်သွားရတဲ့ ရွာတွေ အမြောက်အမြား ရှိခဲ့ရပါပြီ။ ပြည်သူတွေမှာ အသက်ဆုံးရှုံးရရုံမက အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ကြရပါတယ်။  ကျောက်တော် တင်းမကျေးရွာ၊ ပုဏ္ဏားကျွန်း ဆင်အင်းကြီးကျေးရွာ၊ စစ်တွေ ဗျိုင်းဖြူရွာ၊ ရမ်းဗြဲ ကျောက်နီမော် အပါအဝင် ရန်ခိုကျေးရွာ ဖြစ်ရပ်တို့လို ဆိုးရွားလှတဲ့ စစ်ရာဇဝတ်မှု အမြောက်အများကို စစ်ကောင်စီဟာ လူမဆန်ရက်စက်စွာ သွေးအေးအေးနဲ့ ကျူးလွန်ခဲ့ပါတယ်။ ကျူးလွန်နေဆဲလည်း ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ကင်းစင်သွားတဲ့ မြို့ရွာတွေကိုတောင် စစ်တပ်က အလွတ်မပေးဘဲ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို လေကြောင်းက တိုက်ခိုက်တာတွေ ကြုံနေကြရပါတယ်။

စစ်ပွဲအတွင်း ပြည်သူအပေါ် ထားသင့်တဲ့ ကျင့်ဝတ်တွေ ချိုးဖောက်ခဲ့ရုံမက စစ်ပွဲရဲ့ ဂုဏ်သိက္ခာ​ဖြစ်တဲ့ အနိုင်အရှုံး အရှိတရားကို လက်သင့်မခံတဲ့ ၊ မိုက်ကန်းတဲ့ လုပ်ရပ်တွေကို ထပ်မံ ကျူးလွန်နေဆဲပါပဲ။  ပြည်သူတွေမှာ စစ်ပွဲအတွင်း ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးရုံမဟုတ်တော့။ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေက ထပ်ဆင့် ပေါက်ဖွားလာတဲ့ ထိတ်လန့်ကြောက်လန့်မှု၊ မလုံမခြုံဖြစ်မှု၊ သံသယ စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ အသက်ရှင်ကျန်နေသမျှ ကာလပတ်လုံး အမွေဆိုးတရပ်လို စွဲထင်နေကြမှာလည်း သေချာပါတယ်။ အနာဂတ်ဘဝကို ပရိဒေဝ မီးစွဲလောင်နေတဲ့ ရန်ခိုကျေးရွာသားတွေရဲ့ ရင်ထဲမှာတော့ တိုင်းဆဖွယ်ရာ ရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ရတဲ့ မီးလောင်မြေကွက်လပ်ပေါ်က လူတွေအားလုံးလိုလို အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြမှုတွေကို အဓိက ပြောဆိုကြပါတယ်။

(၅)

ကျနော့်ရဲ့ အလယ်တန်းကျောင်းသားဘဝ အမှတ်ရစရာ အစိတ်အပိုင်းတွေဟာ ရန်ခိုရွာနဲ့ တွဲဖက်ဖြစ်တည်ခဲ့ရပါတယ်။ ဒီရွာကလေးအနီးဝန်းကျင်က ချောင်းဖျားဟာ ရေချိုတဲ့အတွက်  ရွာအနီးမှာ သီးနှံစိုက်ခင်းလုပ်ငန်းတွေ များပြားပါတယ်။ ရွာသူရွာသားတွေဟာလည်း ဆောင်းသီးနှံစိုက်ပျိုးတာနဲ့ ရေလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ပါတယ်။ ကျောင်းသားဘဝအရွယ် တနင်္ဂနွေနေ့တွေဖြစ်ဖြစ်၊ တခါတရံ ကျောင်းပြေးမိတဲ့အခါဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဒီရွာကလေးဘက်ကို ရောက်ဖြစ်ကြတယ်။ ကျနော်တို့တစုက တခါတရံ ကျောင်းပြေးလို့ တီဗွီဂိမ်းဆိုင်တို့၊ ဗီဒီယိုရုံတို့ သွားတာထက် တောတောင်တွေ၊ ချောင်းတွေ မြောင်းတွေဖက်ကို သွားရတာကို ပိုနှစ်သက်ပါတယ်။ အဲဒီလိုသွားရင် ရေကူးတာတို့၊ ငါးမျှားတာတို့ လုပ်လို့ရလို့ပါပဲ။ အဲဒီအရွယ်က ချောင်းတွေ မြောင်းတွေကိုသွားရင် ဘယ်လောက်ထိ လူကြီးတွေ စိတ်ပူမယ်ဆိုတာကို လေးလေးနက်နက် မတွေးတတ်သေးတာကြောင့်လည်း ထင်ပါတယ်။ များသောအားဖြင့် အဲဒီရွာဖက်ကို သွားဖြစ်ကြတယ်။ အဲဒီကျေးရွာဘက်ရောက်ရင် တွေ့ရတဲ့ ရေချိုးချောင်းလက်တက်ကလေးတွေ၊ သဲနုနုံးမြေထွန်းပြီး မြေဆီကောင်းတဲ့ သောင်ခုံတွေ၊ ဆောင်းရာသီ သီးနှံစိုက်ခင်းတွေ၊ ရိုးသားဖော်ရွေတဲ့​ တောင်သူတွေရဲ့ မျက်နှာတွေဟာ ကျနော့်ငယ်ဘဝ မှတ်ဉာဏ်တွေထဲမှာ စွဲထင်နေတယ်။

ဆယ်စုနှစ်တခုကျော် ကြာသွားခဲ့ပါပြီ။ ရံဖန်ရံခါ ခရီးသွားရင် ဒီရွာကလေးအနီး တပ်ရှောင်လမ်းက ဖြတ်သွားရုံကလွဲလို့ ဒီရွာလေးထဲ မရောက်ဖြစ်တာ ဆယ်စုနှစ် တခုကျော် ကြာသွားခဲ့ပါပြီ။ အခုအချိန် ဒီရွာကလေးကို သွားခဲ့ရတဲ့ခရီးဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက သွားရသလို ကျနော့်အတွက် သွက်လက်ရွှင်လန်းမှုမျိုး မရှိနိုင်တော့ပါ။  စိမ်းမြကြည်လင်တဲ့ ရေချိုချောင်းဖျားမှာ ရေကစားဖို့ သွားခဲ့တုန်းကလို။ ကျေးရွာတဝိုက်က သီးနှံစိုက်ခင်းတွေကို လည်ပတ်ဖို့သွားတုန်းကလို။ ရိုးသားဖော်ရွေတဲ့ တောင်သူကြီးတွေရဲ့ အပြုံးတွေကို တွေ့ခဲ့ရတဲ့အချိန်ကလို မဟုတ်တော့ပါ။ အချိန်ကာလမြစ်ရေဟာ မရပ်မနား ဖြတ်သန်းစီးဆင်းသွားခဲ့ပြီ။ ကျနော်ဟာ အလယ်တန်းကျောင်းသားတယောက် မဟုတ်တော့သလို ရွာကလေးဟာလည်း အကောင်းပကတိအတိုင်း မဟုတ်တော့။  စစ်ပွဲအတွင်း မီးလောင်မြေလုံးလုံး ဖြစ်သွားခဲ့ရပြီ။ အတိတ်ကာလ ဒီရွာကလေးနဲ့ ကျနော့်ကြားက အဖြစ်အပျက်တွေ၊ ပတ်သက်ဆက်နွယ်မှုတွေကို စဥ်းစားမိတာနဲ့အမျှ လောလောလတ်လတ် မီးလောင်မြေကွက်လပ်ကြီးမှာ လျှောက်သွားခဲ့ရတဲ့ ကျနော့်ရင်ထဲကို နှမြောတသ ကြေကွဲဝေဒနာဟာ ရိုက်ခတ်လာတယ်။ နေအတော်မြင့်တဲ့အချိန်။ ကျနော်တို့တွေဟာ ရွာသူရွာသားတွေနဲ့ အင်တာဗျူးလုပ်၊ လိုအပ်တဲ့ ရုပ်ကတ်တွေရိုက်ယူ ပြီးစီးတာနဲ့ ရွာထဲက ပြန်ထွက်လာခဲ့ကြတယ်။ တပေါင်းနေရဲ့ စူးရဲပူပြင်းတဲ့ တံလျှပ်တွေအောက်မှာပဲ ရန်ခိုရွာကလေးဟာ ကျနော်တို့ နောက်ဘက်ဆီမှာ တရွေ့ရွေ့ ဝေးကျန်ခဲ့တယ်။ တပေါင်းနေရဲ့ အရှိန်တညီးညီး အပူလှိုင်းတံလျှပ်တွေ ဘယ်လောက်ပူပြင်းစေဦးတော့။ မီးလောင်မြေ တဲအိမ်ငယ်တွေဆီက လူသားတွေရဲ့ အနာဂတ်ဘဝကို တငွေ့ငွေ့စွဲလောင်နေတဲ့ ပရိဒေဝမီးကတော့ ဘယ်လိုပူပြင်းမှုမျိုးနဲ့မှ နှိုင်းယှဥ်တိုင်းဆဖို့ မဖြစ်နိုင်တော့။

Related posts

မင်းပြားမြို့၊ ဇေယျဝတီကျေးရွာရှိ စာသင်ကျောင်း ရေမြုပ်ခဲ့လို့ ပြန်လည် တည်ဆောက်ရန် အကူညီလိုအပ်နေ

Rakhita Times

KIA နဲ့ TNLA နယ်မြေအငြင်းပွားမှု NUG ဖြေရှင်းနိုင်တဲ့ အနေအထား မရှိ

Rakhita Times

သမိုင်းထဲက ရမ္မာဝတီ

Rakhita Times

20 comments

https://kayesbamusic.com ဇွန် 25, 2026 at 7:47 ညနေ

References:

Gala casino leeds https://kayesbamusic.com

Reply
https://aryba.kg ဇွန် 26, 2026 at 7:00 မနက်

References:

Legiano Casino Spielautomaten https://aryba.kg

Reply
https://sweethartone.com/ ဇွန် 27, 2026 at 3:19 မနက်

References:

Legiano Casino Auszahlungslimit https://sweethartone.com/

Reply
kaymanuell.com ဇွန် 27, 2026 at 5:58 မနက်

References:

Legiano Casino Verifizierung kaymanuell.com

Reply
http://spnewstv.com ဇွန် 27, 2026 at 4:47 ညနေ

References:

Legiano Casino legal http://spnewstv.com

Reply
645123.com ဇွန် 27, 2026 at 6:45 ညနေ

References:

Legiano Casino No Deposit Bonus 645123.com

Reply
https://www.altamira.edu.ec/ ဇွန် 28, 2026 at 9:21 မနက်

References:

Legiano Casino Live Chat https://www.altamira.edu.ec/

Reply
https://mreza.mk/@elissagoodlet3?page=about ဇွန် 29, 2026 at 12:40 ညနေ

References:

Legiano Casino Login Deutschland https://mreza.mk/@elissagoodlet3?page=about

Reply
metager.de ဇူလိုင် 5, 2026 at 2:05 မနက်

References:

Legiano Casino Spielen metager.de

Reply
clients1.google.gp ဇူလိုင် 5, 2026 at 5:25 မနက်

References:

Legiano Casino Neukundenbonus clients1.google.gp

Reply
http://skin-skin2.selfit1.cafe24.com ဇူလိုင် 5, 2026 at 7:59 မနက်

References:

Legiano Casino Auszahlung http://skin-skin2.selfit1.cafe24.com

Reply
ca.do4a.pro ဇူလိုင် 6, 2026 at 8:58 မနက်

References:

Legiano Casino Echtgeld ca.do4a.pro

Reply
https://link.uisdc.com/ ဇူလိုင် 6, 2026 at 4:46 ညနေ

References:

Legiano Casino Auszahlung Dauer https://link.uisdc.com/

Reply
https://alltrack.org/go/http:/de.trustpilot.com/review/owowear.de ဇူလိုင် 7, 2026 at 5:15 မနက် Reply
tulum.ru ဇူလိုင် 7, 2026 at 6:22 မနက်

References:

Legiano Casino Live Chat tulum.ru

Reply
http://www.bing.com ဇူလိုင် 7, 2026 at 8:38 မနက်

References:

Legiano Casino Registrierung http://www.bing.com

Reply
body-positivity.org ဩဂုတ် 5, 2026 at 6:25 မနက်

References:

San pablo casino body-positivity.org

Reply

Leave a Comment