NewsPolitic

နှိပ်စက်ခံနေရတဲ့ ကလေးငယ်တဦးကို ဂေါတမီရင်ခွင် ကယ်တင်

အာရက္ခတိုင်းမ်စ် (၂၈ မတ် ၂၀၂၆)

ရက္ခိုင်ပြည်တနေရာတွင် အိမ်တွင်းအကြမ်းဖက်မှု နဲ့ နှိပ်စက်မှုခံနေရတဲ့ အမျိုးသမီးကလေးငယ်တဦးကို ဂေါတမီရင်ခွင်က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးကလေးငယ်လေးဟာ ‎ဖခင်အရင်းနဲ့ မိထွေးဖြစ်သူတို့ရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အနှိပ်စက်ခံနေရတာလို့လည်း သိရပါတယ်။
‎
“ဒီနေ့ အိမ်တွင်းအကြမ်းဖက်မှုခံထားရတဲ့ သမီးငယ်တယောက်ကို ရပ်ရွာများကနေ သတင်းပေးပို့ချက်အရ အဖအရင်းနဲ့ မိထွေးလက်ကနေ ကယ်ဆယ်ထားနိုင်ခဲ့ပါတယ်” လို့ ဂေါတမီရင်ခွင်က မတ်လ ၂၅ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
‎
အဆိုပါ အမျိုးသမီးကလေးငယ်မှာ ခန္ဓာကိုယ်တခုလုံးကို အကြမ်းဖက် ညှင်းပန်းခံထားရလို့ အကြောက်လွန်နေကာ မျက်နှာမှာလည်း ဖူးရောင်ဒဏ်ရာများ ရရှိထားပြီး ညအချိန်မတော် ကလေးငယ်ကို အရက်ဝယ်ခိုင်းတာတွေကိုလည်း စုံစမ်းသိရှိရပါတယ်လို့ ဂေါတမီရင်ခွင်က ဆိုပါတယ်။
‎
‎ဂေါတမီရင်ခွင်ကနေ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ဒီလပ်များနဲ့ ဆက်သွယ်ပြီး အဆိုပါ အမျိုးသမီးကလေးငယ်ကို လုံခြုံတဲ့နေရာမှာ ခေါ်ယူထားကာ ကျူးလွန်ခဲ့သူ မိထွေးနဲ့ အဖေအရင်းကိုလည်း လိုအပ်သလို အရေးယူရန် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။။
‎
ဂေါတမီရင်ခွင်က “ဒါ့ကြောင့် ပြည်သူလူထုကို ထပ်ပြီး အသိပေးလို၊ ပန်ကြားလိုတာက ရပ်ရွာတွေမှာ အခုလို အကြမ်းဖက် နှိပ်စက်ခံနေရတဲ့ ကလေးသူငယ်တွေကို တွေ့ရှိပါက ကိုယ်နဲ့ မဆိုင်သလို လစ်လျူမရှူဘဲ ကျူးလွန်တဲ့လူတွေကို အရေးယူနိုင်ဖို့ နီးစပ်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စစ်ရေး၊ ဥပဒေ၊ ဒီလပ်တွေကတဆင့် တိုင်ကြားပေး၊ ဂရုစိုက်ပေးခြင်းနဲ့ ရက္ခိုင်ပြည်က ကလေးတွေကို စောင့်ရှောက်ကြပါ” လို့လည်း တိုက်တွန်းထားပါတယ်။

ဂေါတမီရင်ခွင်ကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဇနီး ဒေါ်နှင်းဇာဖြူက ဖွဲ့စည်းတည်ထောင်ထားပြီး ရက္ခိုပြည်က ရင်ခွင်ပျောက်နေတဲ့ ကလေးတွေအတွက် နွေးထွေးမေတ္တာအပြည့်နဲ့ ရင်ခွင်မပျောက်စေဖို့ ဖွင့်လှစ်ထားတဲ့ “ဂေဟာ” တခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးနိုင်ရန် AA လုပ်ဆောင်နေ

Rakhita Times

စစ်တွေမှာ လိင်လုပ်သားတွေ ပိုမိုတွေ့လာနေရ

Rakhita Times

567 comments

Leave a Comment