BusinessNewsPolitic

‎ရက္ခိုင်ကို ဘိလပ်မြေသယ်လာတဲ့ မူဆလင် ၈ ဦးကို BCG ဖမ်းဆီး‎အာရက္ခတိုင်းမ်စ် (၂၈ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘိလပ်မြေတင်ဆောင်လာတဲ့ မူဆလင် ၈ ဦးကို ‎ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (Bangladesh Coast Guard) က ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ ‎မတ်လ ၂၆ ရက် နံနက် ၈ နာရီခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ကူတူဒီယာ မီးပြတိုက်အနီး ပင်လယ်ပြင်တွင် ရက္ခိုပြည်ကို ပို့ရန် တာကာငွေ ၂၇၅,၀၀၀ ဝန်းကျင်တန်းဖိုးရှိ ဘိလပ်မြေအိတ် ၅၅၀ကို တင်ဆောင်လာတဲ့ဘုတ်တစီးနဲ့ မူဆလင်ကုန်သည် ၈ ဦးကို ဖမ်းဆီးခဲ့တယ်” လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စူမန်အယ်လ်မူကစ်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး ပစ္စည်းများကိုတော့ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်အနေနဲ့ ‎မှောင်ခိုရောင်းဝယ်မှုကို ကာကွယ်ရန်အတွက် ရေကြောင်းမှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှု တားဆီးရေး ကမ်းရိုးတန်းစောင့်တပ်ရဲ့ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်းဗိုလ်မှူး စူမန်အယ်လ်မူကစ်က ဆိုပါတယ်။

မတ်လ ၁၉ ရက် နေ့လည်ပိုင်းကလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံ နိုအာခါလီခရိုင် ဟတီယာကျွန်းအနီးရှိ မဂ္ဂနာမြစ်ဝတွင် ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ခန့်မှန်းကာလတန်ဖိုး တာကာငွေ ၅၇၀,၀၀၀ ရှိ အာလူးအိတ် ၇၆၀ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်းဆီးခဲ့ပါသေးတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ် ၂၀ နဲ့ အချိုရည်များ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးနဲ့ ကုန်သည် ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ်က စိန့်မာတင် (အုန်းကျွန်း) အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ပါတယ်။

Related posts

လင်းသာကျေးရွာ ဗုံးကြဲမှုတွင် ၃နှစ်အရွယ်ကလေးငယ်ကို ၁၂ နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့

Rakhita Times

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရောက်

Rakhita Times

အကြမ်းဖက် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်ပတ်ကျော်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

Rakhita Times

Leave a Comment