NewsPolitic

ကျောက်တော်တွင် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာတွင် မတ်လ ၂၇ ရက်က အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“၂၇ ရက် ညနေ ၃ နာရီကျော်လောက်ကတည်းက ပျောက်သွားလို့ လိုက်ရှာကြတယ်။ မနေ့က (မတ် ၂၈) ရွာတောင်ဖက်က ရေကန်ပျက်မှာ သေဆုံးနေတာကို တွေ့ရတယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာနေ ဦးမင်းကျော်နိုင်ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်မျိုးမင်းဦး ဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ရုပ်အလောင်းကို နယ်မြေဒီလပ်စခန်း လာရောက်စစ်ဆေးခဲ့ပြီး မှုခင်းဆေးစာများ ပေးပို့ရန် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မတ်လ ၁၇ ရက်ကလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ၇ တန်း ကျောင်းသူ ၁ ဦး ရေနစ်သေဆုံးခဲ့သလို မတ်လ ၁၄ ရက်ကလည်း မြောက်ဦးမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ်နဲ့ အသက် ၁၄ နှစ်အရွယ် အလယ်တန်း ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

Related posts

မျိုးသုဉ်းလုနီးပါး လိပ်မျိုးစိတ် လိပ်စောင်းလျားကို မြေပုံတွင် တွေ့ရှိ

Rakhita Times

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

Rakhita Times

ပေါက်တောဒေသခံ မူဆလင်တံငါသည်တွေကို စကမ ထောင်ဒဏ်ချမှတ်

Rakhita Times

246 comments

Leave a Comment