NewsPolitic

စစ်တွေတိုက်ပွဲ ပြင်းထန်နေလို့ စကမ အင်အားထပ်မံ ဖြည့်တင်း

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေလို့ စစ်ကော်မရှင်က တပ်သားအင်အား ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

“ ရန်ကုန်ကနေ စစ်တွေကို ပြည်တော်အေးသင်္ဘောနဲ့ အင်အား ၂၀၀ ကျော်လောက် ပို့လိုက်တယ်။ စစ်တွေကို ပြီးခဲ့တဲ့ ၃ ရက်လောက်က ရောက်နေပြီ” လို့ စစ်တွေမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ရောက်ရှိလာတဲ့ တပ်သားတွေကို စစ်ကော်မရှင်က စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ ၃၆ ရဲတပ်ရင်းကို ခွဲပြီး နေရာချထားတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဟာ ဒီရက်ပိုင်းအတွင်း ပြန်လည် ပြင်းထန်လာနေပြီး စစ်ကော်မရှင်ဟာ လေယာဉ်၊ လက်နက်ကြီးများနဲ့ ပစ်ကူပေး တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

“ တပ်မတော်နေ့ကတော့ တော်တော်လေး တိုက်ပွဲဖြစ်သံ ကြားရတယ်။ လက်နက်ကြီးပေါက်ကွဲသံတွေကို ရသေ့တောင်ဖက်ကတောင် ကြားရတယ်” လို့ ရသေ့တောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေလို့ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်နဲ့ အမှတ် ၃၆ ရဲတပ်ရင်းကိုလည်း စစ်ကော်မရှင်က အင်အားတွေ ထပ်မံ ဖြည့်တင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

မလေးရှားဝန်ကြီးချုပ် စစ်ကောင်စီနဲ့ NUG တို့ကိုတွေ့ဆုံမှုက ဘာတွေထူးခြားနိုင်လဲ

Rakhita Times

ပုဏ္ဏားကျွန်း တိုက်ပွဲရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနှင့် ယားနာရောဂါများ ပြန်လည်ဖြစ်ပွားလာ

Rakhita Times

သံတွဲမြို့ပေါ် ဗုံးကြဲခံရမှု လူ ၃ ဦး ထိခိုက်၊ နေအိမ် ၆ လုံး မီးလောင်ပျက်စီး

Rakhita Times

Leave a Comment