BusinessHealthNewsPolitic

စစ်တွေမှာ သံပုရာသီးတလုံးကို ၂၅၀၀ ကျပ် ပေးဝယ်နေရ

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်မှာ သံပုရာသီး အစိမ်းတလုံးကို ၂၀၀၀ ကျပ်ကနေ ၂၅၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရန်ကုန်ကလာတဲ့ သံပုရာသီးတွေက အရင်ကဆို လေယာဉ်နဲ့ လာတယ်။ အခုက သင်္ဘောတွေနဲ့ လာတယ်။ သင်္ဘောတွေနဲ့ လာတယ်ဆိုတော့ သံပုရာသီးက သင်္ဘောထက်မှာ အချိန်ကြာပါတယ်မလား။ သင်္ဘောက အနည်းဆုံး ၃ ညအိပ်လောက် ရှိမယ်ထင်ပါတယ်။ အဲဒီတော့ အတင် အချနဲ့ ရက်တွေဆို ၄၊ ၅ ရက်လောက် ဖြစ်လေဖို့။ သံပုရာသီးတလုံးကို အခုလက်ရှိမှာတော့ တလုံးကို ၂၀၀၀။ ပြီးရင် စိမ်းစိမ်းချေတိဆိုရင် တလုံးကို ၂၅၀၀၊ ၂၀၀၀။ ၅၀၀၀ ဖိုးကို ၃ လုံး။ နည်းနည်း ဝါဝါလေးတွေ။ လုံးဝ အစိမ်းဆိုရင် တလုံးကို ၂၅၀၀၊ ၂၀၀၀ အဲဒီလောက် ပေးရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရက္ခိုင်ပြည်မှာ ကုန်ဈေးနှုန်းအချို့ အရင်ကထက် ပိုမိုမြင့်တက်လာနေပြီး စက်သုံးဆီဈေးနှုန်းတွေဟာလည်း တလီတာ ၂၅၀၀၀ ကျပ်ကနေ အခုအခါမှာတော့ ၃၀၀၀၀ ကျော်အထိ ဈေးမြင့်တက်လျက်ရှိနေပါတယ်။

အရင်က သံပုရာသီးတလုံးကို ၁၀၀၀ ကျပ်ပဲရှိရာကနေ အခုလိုမျိုး ဈေးရုတ်တရက် တက်သွားတာဖြစ်ပြီး မဖြစ်မနေ အသုံးပြုရတဲ့အခါမျိုးမှာတော့ ဝါနေတဲ့ အသီးကိုပဲ ဝယ်ယူကြပြီး ကျန်းမာရေးအတွက် လိုအပ်ပါက စိမ်းနေတဲ့ အသီးကို ဈေးကြီးပေးဝယ်ကြရတယ်လို့ သိရပါတယ်။

စစ်တွေဒေသခံတဦးက “သံပုရာသီး ဈေးတက်တာက ဆီနဲ့ မဆိုင်ပါ။ သံပုရာသီးက ရန်ကုန်က လာတာပါလေ။ စစ်တွေမှာ မရှိပါ။ ရန်ကုန်ကနေလို့ သင်္ဘောတွေနဲ့ အခုတော့ သင်္ဘောတွေနဲ့ အများကြီး ဝင်လာတာတွေ။ အများကြီး ရောင်းတယ်။ တချို့ကြခါလည်း သူ့မှာလည်း ကြာလာပြီဖြစ်လို့ ရှိမှာပေါ့။ ဝါသွားတယ်ဆိုရင် နည်းနည်းလျှော့လို့ ရောင်းတယ်။ ၁၀၀၀။ အလုံးအငယ်လေး ရန်ကုန်မှာ တလုံး ၁၀၀ ဆိုရင် ဒီမှာ တလုံးကို ၁၀၀၀ ပါ။ အဲဒါက လုံးဝကို ဝါလို့ မလတ်တော့ဘူး။ လုံးဝ စိမ်းလို့ အလှအပချေတိဆိုရင် တလုံးကို ၂၀၀၀၊ ၂၅၀၀ပါ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာဟာ ဒေသခံလူထုအတွက် ထူးဆန်းတဲ့ကိစ္စရပ်မျိုး မဟုတ်တော့ဘဲ နေသားကြနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာတော့ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ မကြာခဏ ပစ်ခတ်မှုအသံတွေကို ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Related posts

မြန်မာနိုင်ငံမှာ ငလျင်ကြီး ထပ်မံလှုပ်နိုင်ဖွယ်ရှိ

Rakhita Times

ငလျင် ဆက်တိုက် ပြန်လှုပ်လာ

Rakhita Times

အာရက္ခတပ်တော် ရဲ့ သုံ့ပန်းဖြစ်တဲ့ တပ်ရင်းမှူးကတော် ဖွင့်ဟ ဝန်ခံချက်

Rakhita Times

Leave a Comment