ArticelsLife StylePolitic

ဘဝသျှိန်ဒိုင်ထဲ ငြိမ်းချမ်းမှုကို ဟြှာကြည့်ခြင်း

နိဒါန်း

ကျနော်ရို့ ရက္ခိုင် “အက” အစရေ သျှိန်ဒိုင်ကလို့ ဆိုပါရေ။ ယေအတွက် သျှိန်ဒိုင်ရေ။ ရက္ခိုင်အချေ တယောက်ကနီပနာ ရက္ခိုင်ဝါကြီး တယောက်ထိပါ သက်ဆိုင်ရေလို့ ယူဆပါရေ။ အတိုချေ ပြောရတော့ခါ မွီးရေကပင် သီရေအထိ သျှိန်ဒိုင်စွာ ရက္ခိုင်ရို့ ဘဝပင် ဖြစ်ပါရေ။

ရက္ခိုင်တိမာ အခေါ်အဝေါ်တိအရ အယင်ကပင် မတူရေ အခေါ်အဝေါ်ချေတိ ဟိကတ်ပါရေ။ အနောက်ပြည်က ရက္ခိုင် (အနောက်သား)၊ ရမ်းဗြဲက ရက္ခိုင် (ရမ်းဗြဲသား)၊ မာန်အောင်က ရက္ခိုင် (မာန်အောင်သား)၊ သံတွဲက ရက္ခိုင် (သံတွဲသား)၊ စစ်တွေ-မြောက်ဦး ဗဟုပြုရေ မြို့နယ်တိကိုတော့ခါ ရက္ခိုင်သားလို့ ခေါ်ကတ်ပါရေ။ ဒေပိုင် အခေါ်အဝေါ်ချေတိနဲ့ ပက်သတ်လို့ တဆိချေလောက် နားလည်မှု လွဲကတ်စွာချေတိလေ့ ဟိကတ်ပါရေ။ သို့သော် သျှင်ဒိုင်ရေ ဒေရက္ခိုင်တိအားလုံးအတွက် အမိပင် ဖြစ်တေလို့ ဆိုရပါဖို့။ သျှိန်ဒိုင်ရေ ရက္ခိုင်ရို့အတွက်  မွီးရာပါ နယ်နမိတ်လေ့ ဖြစ်ပါရေ။

အဂုတလိုင်း စိတ်သောကတိ မျိုးစုံ၊ ဘဝဒုက္ခတိ မျိုးစုံ ကြုံနီကတ်ရရေ ကာလတိမာ အာရက္ခပြည် နယ်နမိတ်မာ ကျန်ခရေ ရက္ခိုင်တိနန့် ရန်ကုန်နန့် တခြားဒေသတိကို ရောက်နီကတ်တေ လူအုပ်စုတိထဲမှာ အပြန်အလှန် အမြင်ချေတိကို ရီးကတ်၊ ပြောကတ်စွာချေတိ တွိရပါရေ။ ဒေပိုင် မတူရေ အမြင်ချေတိကြားမှာ အနု၊ အကြမ်း၊ အယွဲ့၊ အစောင်း၊ သရော်မှုချေတိ ပါဝင်ကတ်ပါရေ။ ဒေကိစ္စချေတိ ဇာအတွက် ဖြစ်ကတ်လေဆိုခါ တယောက်နန့်တယောက်၊ တအုပ်တစုနန့် တအုပ်စုကြားမာရေ နားလည်မှုချေတိ လွဲလာကတ်တေ။ ခံစားမှုချေတိ အုံပါလတ်တေ။ ယင်းကြောင့်နန့် ပေါက်ထွက်လာရေလို့ ဆိုရဖို့။

အရေးတကြီးကတော့ခါ ခွင့်လွှတ်ဖို့ မကြိုးစားကတ်ဗျလ်။ မခံစားနိုင်ကတ်ဗျလ် ဖြစ်လာရေအတွက် ချက်ချင်း တုန့်ပြန်ကတ်စွာက အပြစ်တင်မှုချေတိ ဖြစ်လာကတ်စွာလို့ ဆိုနိုင်ပါရေ။ ယေအတွက်နန့် ကျနော်ရေ တေးရီးနောင်ခိုင်၏ ဘဝသျှိန်ဒိုင်ထဲက ငြိမ်းချမ်းမှုနန့်၊ ခွင့်လွှတ်နိုင်မှုတိကို ရှာကြည့်မိပါရေ။

ဘဝသျှိန်ဒိုင် လူတန်းစား (၁)

ဒေပိုင်ဖြစ်နီကတ်စွာနန့် ဘဝသျှိန်ဒိုင်နန့် ဇာဆိုင်လေ ဆိုကေ။ ကြည့်ကတ်ပါမေ။ ဘဝသျှိန်ဒိုင် တေးခင်းမှာရေ ပထမဆုံး လူတန်းစားသုံးမျိုးကို ခွဲပြထားပါရေ။ ပထမတမျိုးက “ဒေမြေမှာ မွီးဗျလ် မချစ်နိုင်လို့ စွန့်ထွက် လားခရေ လူ”။ ဒုတိယ တမျိုးက “မြေကိုချစ်ကေ တီဖြစ်တေလို့ မှတ်လို့ထားရေ လူ”။ တတိယတမျိုးက “ရီမြီသစ်ကို အသစ်ရှာဖို့ ထွက်ဗြီး လားရေ လူ”။

ပထမလူတန်းစား ၃ မျိုးထဲက ပထမဆုံး လူတိရေ ရက္ခိုင်ရီမြီမှာ မွီးဖွားခကတ်တေ။ ဟြှင်သန်ခကတ်ကေလေ့ ငါရို့ မချစ်ခင် မတတ်မက်နိုင်ဆိုပြီးကေ စွန့်ခွာလားခရေ လူမျိုး။ အဂုအချိန်မှာဆိုကေ ရက္ခိုင်ပြည် ဇာပင်ဖြစ်ဖြစ် ငါရို့နန့်ကမဆိုင်။ ငါရို့က ဒေမာ တို့ရောက်စွာ အချေကပင်။ ငါရို့ ဒေမှာ မွီးစွာရာလို့ ဆိုကတ်တေ လူမျိုး။ မကြင်နာတတ်လိုက်ဗျာလ် ဆိုရေ လူမျိုးလို့ မှတ်နိုင်ပါဖို့။

ဒုတိယ လူမျိုးက “မြေကို ချစ်လို့ ဇာထူးလေ ဝေး။ တီရာ ဖြစ်ဖို့”။ ရာထူး၊ စည်းစိမ်၊ အာဏာအတွက်ဆိုကေ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်သွီးသားတိ ဇာပင်ဖြစ်လီ ဖြစ်လီ။ ငါရို့ အကျိုးစီးပွား မပျက်ကေ ကျီယာဆိုရေ လူမျိုးလို့ ထင်ရပါရေ။

တတိယ လူမျိုးက ရီမြီသစ်ကို ရှာဖို့ လားကတ်တေ။ ဒေလူမျိုးတိရေ အထက်က နှစ်မျိုးပိုင်မဟုတ်။ နီရာအသစ်၊ ဘဝအသစ်တိမှာ သီးခြားရပ်တည် နီထိုင်လားကတ်တေ လူမျိုးတိ ဖြစ်တေ။ တချို့က ပြန်ရောက်ကတ်တေ။ တချို့က မပြန်နိုင်ကတ်ဗျလ်။ ပြန်လာကတ်ကေလေ့ တနားချေအဆင့်။ သို့သော် ဒေလူတိရေ ရက္ခိုင်ဖြစ်မှုကို အသိအမှတ် မပြုကတ်စွာတော့ မဟုတ်။ ဇာနဲ့တူလေ ဆိုကေ ရန်ကုန်၊ ဖားကန့်၊ အမေရိကန်၊ ဩဇီ၊ ဂျပန်၊ ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးနန့် တခြားသော နိုင်ငံတိမာ အခြီချနီကတ်တေ လူတိနဲ့ တူပါရေ။ လိုအပ်ကေ အမျိုးသားရီး၊ နိုင်ငံရီး၊ စစ်ရီး အကြပ်အတည်းတိမှာ အများကြီး အာရက္ခပြည်က လူတိနန့် တတူဟိကြောင်း ပြသကတ်တေ။

တေးခင်းက ဆက်ပြီးကေ လားပါရေ။ ဇာတွီ့ရပါလေ ဆိုကေ။ ဒေလူတိ အားလုံးလေ့ ရီကြိုင်ရေ အရပ်မှာ ပျော်ကတ်ပါလီ။ ယင်းပိုင်ဒေသ ယင်းအရပ်တိမှာ ကျန်းမာချမ်းသာ ကတ်ပါလီ။ ပြည့်စုံအောင်မြင် ကတ်လီ။ ယင်းအရပ်၊ ယင်းဒေသက ယိုင်ကျေးမှု ဓလေ့ချေတိကိုပင် ဖြစ်ဖြစ် ကိုယ်ရို့ အချင်းချင်းတိပင်ဖြစ်ဖြစ် ခင်မင်ကတ်၊ တွယ်တာကတ်နိုင်လီလို့ ဆိုထားပါရေ။

အာရက္ခပြည် နတ်မြစ်ဝကနီပနာ ဂွကမ်းခြီအထိ ဟြှယ်လျားရေ ကောင်းကင်ပြင်က အမိ၏ တေးဆိုသံစွာ မေတ္တာသျှိန်ဒိုင်ပင် ဖြစ်တေ။ နောက်ဆုံးမှာရေ ဘေးရန်ခပ်သိမ်း ကင်းလီဆိုရေ မေတ္တာသံက အမိအသံနန့် ပိုလို့ တူနီစွာကို တွီ့ရရေ။ ဒေပိုင် ပြောစွာရေ ဘဝသျှိန်ဒိုင်ကို ဖန်တီးပုံဖော်ရေ နောင်ခိုင်ရီးရေဆိုစွာထက် နောင်ခိုင်ရေ ရက္ခိုင်တိုင်း၏ ခံစားမှုကို အငှားခံပနာ ခွင့်လွှတ်စီချင်ရေ အခြင်းလို့ ယူဆပါရေ။

ဘဝသျှိန်ဒိုင် လူတန်းစား (၂)

တေးခင်းက ဆက်လားပါရေ။ ဒေအပုဒ်မှာကျခါ အထက်က လူသုံးမျိုးပိုင်မဟုတ်တေ လူတန်းစား ၃ မျိုးကို နောင်ခိုင်ချပြစွာကိုလေ့ တွီ့ပါရေ။ ပထမလူက “ဒေမြီကြီးကို ချစ်တွယ်လို့ စွဲမက်ထားရေ လူ”။ ဒုတိယက “အကြင်နာ ကြီးဗျာလ် စိမ်းစိုလို့ လှပလားစီ သူ”။ တတိယက “မြီကိုချစ်တေ ဘဝကိုလေ့ မြတ်နိုးတတ်တေ လူ” အစဟိရေ သုံးမျိုးပါ။

ဒေချင့်မာ ပထမဆုံးလူမျိုးက မြီကြီးကို ချစ်တေဆိုပနာ စွဲထားရေ လူ ဖြစ်တေ။ နတ်မြစ်ဝကနီပနာ ဂွကမ်းခြီအထိ ဟြှယ်လျားရေ ကောင်းကင်ပြင်၊ တောတန်း၊ တောင်တန်း၊ အင်း၊ အိုင်၊ မြစ်ချောင်းတိကလွဲပနာ လုံးဝဖယ်ခွာမလား အသက်ဘေး ကြုံကြုံ၊ အခက်ခဲ ကြုံကြုံ လုံးဝ ကိုယ့်မြီ ကိုယ့်ရီကလွဲကေ တခုကိုလေ့ မဖက်တွယ်ဆိုရေ လူမျိုးပါ။ ဥပမာ- ဇာပိုင်ဖြစ်ဖြစ် ကိုယ့်ရွာ၊ ကိုယ့်ရပ်မာရာ ခေါင်းချဖို့ တခုကိုလေ့ မလားဆိုရေ လူမျိုးတိလို့ ဆိုရပါဖို့။

ဒုတိယလူမျိုးအထဲမှာ အထက်က လူတိလေ့ ပါရေပိုင်၊ ဇာနီရာပင် ဖြစ်ဖြစ် ကိုယ့်မြီ၊ ကိုယ့်ရီအတွက်ကိုရာ အကျိုးဟိဟိ အနစ်နာခံပီး ဆပ်တေ လူမျိုးတိ။ ဇာနိရာကပင် ဖြစ်ဖြစ် ကိုယ့်မြီ၊ ကိုယ့်ရီအတွက်ဆိုကေ ချက်ချင်း ရောက်အောင်လာ လာလတ်ဖို့ လူမျိုးတိလို့ ဆိုရပါဖို့။ တတ်နိုင်သမျှ ကိုယ့်မြီ ကိုယ်ရီ စိမ်းစိုဖို့ တတောင့်တနီရာက ပါဝင် စွမ်းဆောင်ကတ်တေ လူမျိုးတိပါ။ နောက်ဆုံး သူရို့ မဟိလိုက်ကတ်ယာဆိုကေတောင် လူအများကြီးက လေးစား၊ တမ်းတ ကျန်ခကတ်ရရေ လူမျိုးတိပါ။  အနီးဆုံး လူပုဂ္ဂိုလ် ဥပမာကို ပြရရေ။ ကွယ်လွန်လားခရေ ဆရာဦးလှစောရို့ပိုင် လူမျိုးတိကို ဆိုလိုချင်ပါရေ။

တတိယ လူမျိုးက မြီကိုလေ့ ချစ်တေ၊ ရက္ခိုင်ရို့၏ ဘဝကိုဘာ မြတ်နိုးတန်ဖိုးထားရေ။ ယင်းအတွက် ရက္ခိုင့်ဘဝ ရက္ခိုင့်ရီမြီအတွက်ဆိုကေ ဇာဘေးပင်ကျကျ ငါ့ရို့ဘဝကို ငါရို့ရာ မြှင့်တင်ကတ်ဖို့ဆိုရေ အယူအဆနန့် လူမျိုးတိ။ ရက္ခိုင့်ဘဝ၊ ရက္ခိုင်ရို့၏ ဒုက္ခ၊ သုခတိ အားလုံးရေ ငါရို့နဲ့ဆိုင်ရေလို့ ခံယူကတ်။ ရက္ခိုင်ဘဝ၊ ရက္ခိုင်ရီမြီကိုပါ ငါရို့ပိုင်ဆိုင်ရဖို့။ စီမံနိုင်ရဖို့လို့ ခံယူကတ်တေ လူမျိုးတိပါ။ အဂုဆိုကေ အာရက္ခတပ်တော်ပိုင်လို့ ထင်မိပါရေ။

ဒေပိုင်လူတိကာဆိုကေ သူရို့တိလေ့ ညီညာကတ်၊ စည်းလုံးကတ်။ ညီနိုင်ဖို့ အောင်နိုင်ဖို့အတွက် စည်းလုံးကတ်ရဖို့။ ဒေပိုင်ညီညွတ်၊ စည်းလုံးလာအောင်လေ့ ကြိုးစားကတ်။ အချင်းချင်း နားလည်မှု တည်ဆောက်ကတ်။ တယောက်ကိုတယောက် နားလည်မှုနန့် သိတတ်ကတ်။

တယောက်နန့်တယောက် မြတ်နိုးတန်ဖိုးထားကတ်။ ကိုယ့်ရို့နယ်နမိတ်အတွက် နိုးကြားကတ်။ မြတ်နိုးတန်ဖိုးထားကတ်။ နိုးနိုးကြားကြား ဟိကတ်ဖို့အတွက်ရေ တယောက်နန့်တယောက် ချစ်ရဖို့၊ ညီရဖို့၊ စည်းလုံးကတ်ရဖို့လို့ ဆိုထားရေ။ ဒေပိုင် ဆောင်ရွက်ကတ်ရလို့ ကောင်းကောင်း ညောင်းလာကတ်တေအချိန်မာ သျှိန်ဒိုင်ကလို့ အိပ်ရီးဝယောင် အိပ်ကတ်လို့လေ့ မှာထားပါရေ။

သျှိန်ဒိုင်အကရေ ရက္ခိုင်ရို့၏ ဗီဇဖြစ်တေအတွက် သျှိန်ဒိုင်ကို အချေတိုင်း၊ အမိတိုင်း ချစ်ခင်ကတ်။ အဘုချေတိ နားထောင်ဖို့။ အမိတိ ဆိုပြဖို့ဆိုကေ ရက္ခိုင်ရို့၏ ဘဝထဲက သျှိန်ဒိုင်စွာရေ အီးချမ်း၊ ပျော်ရွှင်၊ သာယာမှ ဖြစ်ဖို့။ ဒေအတွက် သျှိန်ဒိုင်ကလို့ အိပ်ပျော်လီလို့ ဆုတောင်းပီးထားခြင်းပင် ဖြစ်တေလို့ ထင်ပါရေ။

တေးခင်း အစ၊ အလယ်၊ အဆုံး အားလုံးမှာရေ နောင်ခိုင်က အချေတိ ဆိုဟန်၊ အမိတိ ဆိုဟန်ချေနန့် “ဒိုင်း ဒိုင် ဒိုင်း သျှိန်ဒိုင်း  သျှိန်ဒိုင်း၊ အဘုချေရို့ သျှိန်းဒိုင်း သျှိန်ဒိုင်း၊ သားချေရို့၊ သမီးချေရို့  သျှိန်းဒိုင်း သျှိန်ဒိုင်း လို့ ဆိုထားရေ။  ခံယူချက်မတူ၊ ယုံကြည်ချက်မတူ၊ ပန်းတိုင်မတူဘဲ လျှောက်ကတ်တေ ဘဝတိလေ့ ရက္ခိုင်အသွီး အသားဖြစ်တေအတွက်  သျှိန်ဒိုင်း သျှိန်းဒိုင်း ဗျာလ်။ အပြစ်ဖို့၊ ဝေဖန်၊ ချီးကျုးမှုမဟိ အားလုံးကိုပင် အမိတယောက်ပိုင် မေတ္တာဟိရေ သဘောကို ဆောင်ထားစွာကို တွီ့ပါရေ။

နောင်ခိုင်၏ ဘဝသျှိန်ဒိုင်

တေးရီးနောင်ခိုင်ရေ သူ၏ဘဝအမြင်၊ အတွီအကြုံတိ။ သူဖြစ်ချင်ရေ၊ မြင်ချင်ရေ ဆန္ဒတိ။ အထူးသဖြင့် အာရက္ခပြည်ကို ဗဟိုပြုပနာ ကွဲပြားနီကတ်တေ ကိုယ့်အမျိုးသားတိကိုရေ ဘဝသျှိန်ဒိုင် တေးခင်းမာ လူတန်းစား ၆ မျိုးနဲ့ ချပြခပါရေ။ ဒေအထဲမှာ အကောင်း၊ အဆိုး၊ အယုတ်၊ အလတ်၊ အမြတ် အားလုံးပါဝင်ကတ်တေ။ သို့သော် နောင်ခိုင်ရေ ဒေလူတိအားလုံးကို ကွဲပြားမလားစီချင်ရေ ဆန္ဒဟိပါရေ။

ယင်းကြောင့် နောင်ခိုင်ရေ ဒေပိုင် ပြိုကွဲမလားစီရအောင် အသူပြောဆို ဆုံးမကေ ရဖို့လေး။ အသူ့စကားကို နားထောင်ကတ်ဖို့လေး ကြည့်ခါ။ အိမ်တအိမ်မှာ အမိကိုရာ သားသမီးတိ အချစ်ဆုံး အခင်မင်ဆုံး ဖြစ်တေ။ ယေခါ အာရက္ခပြည်ဖြစ်တေ နတ်မြစ်ဝကနီပနာ ဂွကမ်းခြေအထိ ပထဝီအရ နယ်နမိတ်ရေ “အဖ” ကို ဗဟုပြုထားရေ အတွက်။ အမိနန့် ထပ်တူကျဖို့ တခုကို စိုင်းစားရရေ။ ယေခါ ရက္ခိုင်ဘဝတိက အမိနန့်တူရေ သာခြင်းချေ ဖြစ်တေ “သျှိန်ဒိုင်း” ဆိုရေ စကားလုံးကို နောင်ခိုင် ဟြှာတွီပါရေ။ ယင်းကြောင့်လေ့ သျှိန်ဒိုင်ကို ရွီးချယ်ခရေလို့ ဆိုနိုင်ပါရေ။

ဒေချင့်ရေ နောင်ခိုင်၏ အမျိုးသားရေးအမြင် ဖန်တီးမှုကို “သျှိန်းဒိုင်” ဆိုရေ စကားလုံးက လုံးဝ ပျော့ပျောင်း သိမ့်မွီ့ လားယောင် ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်တေ။

တေးခင်း တပုဒ်လုံးမှာ နောင်ခိုင်က သူပြောချင်စွာ ဖြစ်ချင်စွာတိကို အဖပိုင် ဗဟိုမပြုဘဲနန့် အမိတယောက်ပိုင် ချိုချိုသာသာချေ။ သိမ်သိမ်မွေ့မွေ့ချေ။ ယိုင်ယိုင်ကျေးကျေးချေနဲ့ ချပြလားပါရေ။ ဒေချင့်စွာရေ နောင်ခိုင်၏ အမျိုးရေးအမြင်၊ ဂီတအမြင်၊ ဖန်တီးမှုအမြင် အားလုံး ပြီးပြည့်စုံခြင်း တမျိုးပင် ဖြစ်တေလို့ ယူဆမိပါရေ။

ဘဝသျှိန်ဒိုင်ထဲက သင်္ခန်းစာ

ဒေတေးခင်းထဲက ဇာတိ သင်္ခန်းစာယူနိုင်လေ ဆိုကေ။ ကျနော် နိဒါန်းမာ ပြောခပိုင် ဇာနီရာကို လားခလို့။ ဇာနီရာမှာ နီလို့။ ဇာပိုင် လုပ်လို့။ ဇာသူနန့် ပေါင်းလို့။ ဇာပိုင် ပျင်လို့ ဆိုပနာ တယောက်ကိုတယောက်၊ အုပ်စုတခုနန့်တခု အဂုပိုင် အချိန်ခါတိမှာ စွပ်စွဲ၊ ပြစ်တင်နီကတ်ဖို့အစား။ အားလုံးသူကို အမိပိုင် သာခြင်းချေ ဆို။ အမိပိုင် မေတ္တာပို့ကတ်ဖို့ လိုရေဆိုစွာကို ပြသခြင်းပင် ဖြစ်တေ။

ယေကေ အာဏာရှင်တိနန့်ပေါင်း။ အာဏာရှင်အကြိုက် လုပ်ပီး။ ပြည်သူတိ နိတိုင်း သီနီကတ်စွာမာတောင် ကိုယ်ကျိုးအတွက် ကြည့်ပနာ လုပ်နီကတ်တေ လူတိကိုကား မပြောရလား။ မဆိုရလားလို့ မိန်းပါလိမ့်မေ။ ခံစားမှုနန့် ဆဲဆို ပြစ်တင်စွာထက် စာကေတော့ခါ။  ဘဝသျှိန်ဒိုင်ထဲကပိုင် သျှိန်ဒိုင်းကလို့ အိပ်ပျော်ကတ်စီ၊ သျှိန်ဒိုင်းကလို့ လှနီကတ်စီလို့ ဆိုနိုင်ကေ အကောင်းဆုံးလို့ ယူဆပါရေ။  သူရို့အတွက် သူရို့ လုပ်ဆောင်ခသမျှကို တချိန်မာ ဥပဒေအရဆုံး ဖြတ်လားဖို့ပိုင်။ သမိုင်းအရလေ့ အဆုံးအဖြတ်ပီးလားပါလိမ့်မေ။

အကောင်းဆုံးကတော့ခါ ဂုပိုင်အချိန်မာ ကျနော်ရို့ရေ တယောက်ဒုက္ခကို တယောက်ကစာနာပနာ ဝိုင်းဝန်း ကြံဆောင်လားကတ်စွာ အကောင်းဆုံးပါ။ အဂုအချိန်ထိ ကျနော်ရို့မာရေ “ရမ်းဗြဲသားရှင်ဘုရင်ဖြစ်စွာကို ရက္ခိုင်တိ မကြိုက်လို့”၊ “ထန်းတောဘက်ကို ဗြီးလားကတ်တေ လူတိ” လို့ ပြောဆိုနီကတ်တုန်းသိ။ ဒေအယူ အဆတိကိုရေ အဂုအချိန်မာ လုံးဝဆင်ခြင် သင်္ခန်းယူကတ်ရဖို့ အချိန်ပင် ဖြစ်ပါရေ။ ဘဝသျှိန်ဒိုင်ပိုင် ဇာပိုင် လူမျိုးပင်ဖြစ်ဖြစ် သျှိန်ဒိုင်းကလို့ အိပ်ပျော်ကတ်စီလို့ဆိုကေ အကောင်းဆုံးပါယာ။ အချင်းချင်း ပြစ်တင်နီလို့ ခံစားချက် မြင့်လာရုံကလွဲကေ တခြားက မဟိပါ။

နိဂုံး

၁၉၄၈ ခုနှစ်၊ အစ္စရေးနိုင်ငံကို စတင် တည်ထောင်ခပါရေ။ ယင်းခါ အစ္စရေးက ဇာလုပ်လေဆိုကေ နိုင်ငံတကာမာ ပြန့်နီရေ ဂျူးလူမျိုးတိအတွက် ပြန်လာခွင့် ဥပဒေကို ရီးဆွဲ ပြဌာန်းခကတ်ပါရေ။ ဒေဥပဒေအရ ဂျူးသွီးပါရေ လူတိုင်းစွာ အစ္စရေးကို ပြန်လာနိုင်ပါရေ။ ဒေအထဲမာ နီဂရိုးလို့ ခေါ်တတ်လေ အာဖရိကတိုက်က လူတိတောင် ပါကတ်တေလို့ ကြားဖူးပါရေ။

အဂုလေ့ ကျနော်ရို့ရေ အဂုအချိန်မာ အကြောင်းပြချက်တိ အများကြီးနန် ပြန့်ကြဲလားကတ်တေ။ ဒေအထဲမှာ အထက်က ပြောခပိုင် လူအမျိုးမျိုး၊ လုပ်ရပ်အမျိုးမျိုး ဟိကတ်ပါရေ။ ဒေချင့်တိကိုရေ တနားကပြောပိုင် သမိုင်းက စကားပြောပါလိမေ။

အဂုပိုင် ဒုက္ခပေါင်းစုံနန့် ဖြတ်ကျော်နီထိုင်ကတ်ရရေ အချိန်တိမာ တယောက်ကိုတယောက် အပြစ်မမြင်ကတ်ဖို့။ ခံစားတိ မထားကတ်ဖို့ အရေးကြီးပါရေ။ ဇာသူပင် ဖြစ်ဖြစ် ဘဝသျိန်ဒိုင်ထဲကပိုင် သျှိန်ဒိုင်ကလို့ အိပ်ပျော်ပါစီ။ သျှိန်ဒိုင်ကလို့ လှနိုင်ကတ်ပါစီလို့ ရိုင်းပင်ကတ်ဖို့ လိုအပ်တေလို့ရာ မြင်မိပါရေ။

ရက္ခိုင်သွီးပါသူ အားလုံးလေ့ “အမိ၏ ဒိုင်း…ဒိုင်…ဒိုင်း သျှိန်ဒိုင်း သျှိန်ဒိုင်း” “သျှိန်ဒိုင်းကလိုက် အဘုချေ” “အမိ သျှိန်ဒိုင်း ဆိုမေ အိမ်ဖိနှမ်း” ဆိုရေ အသံချေတိနန့် နားဝင်ချိုမြိန် အိပ်ပျော်ကတ်ပါစီ။ ခက်ခဲပင်ပန်းနီရေ ဒေပိုင်ကာလတိမာလေ့ ငြိမ်းချမ်း ခွင့်လွှတ်နိုင်ရေ ဘဝသျှိန်ဒိုင် တေးခင်းနန့် အားလုံးသူ အညောင်းပြေ အိပ်စက်နိုင်ကတ်ပါစီ….။

(ဘဝသျှိန်ဒိုင် တေးခင်းကို တေးရီးနောင်ခိုင် (ရခိုင်လှမြင့်) က ၁၉၉၆ ခုနှစ်လောက်မာ ရီးခပါရေ။ မျက်ဝန်းညို တေးစီးရီးမာ ခိုင်ကျော်လင်းက သီဆိုခစွာဖြစ်ပါရေ။ တေးရီးနောင်ခိုင် (ရခိုင်လှမြင့်) ရေ အဂုမတ်လ ၂၈ ရက်က အသက် ၆၆ နှစ် ပြည့်လားဗျာလ် ဖြစ်ပါရေ။ ဒေဆောင်းပါးနန့် တေးရီးနောင်ခိုင် ဦးလှမြင့်ကို (ရခိုင်လှမြင့်) ကို ဂုဏ်ပြု လိုက်ပါရပါရေ)

မောရဇော်

Related posts

AA တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ ခုခံစစ် တန်ပြန်ထိုးစစ်အောက်မှာ စကမတပ်တွေ အကျအဆုံးများနေ

Rakhita Times

ညီနောင်နှစ်ဖွဲ့ အပစ်ရပ် ဆွေးနွေးဖို့ AA တိုက်တွန်း

Rakhita Times

ရက္ခိုင်ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားနိုင်ငံသား ၇ ဦးကို AA ဖမ်းဆီး

Rakhita Times

6 comments

Davidsib စက်တင်ဘာ 3, 2026 at 7:39 မနက်

Врач учитывает симптомы, риски, анамнез и семейную ситуацию, чтобы предложить подходящую программу.
Ознакомиться с деталями – https://vyvod-iz-zapoya-ehlektrostal3.ru/

Reply
Ernestdeern စက်တင်ဘာ 11, 2026 at 6:22 ညနေ

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Получить больше информации – medikamentoznoe-kodirovanie-ot-alkogolizma

Reply
JohnnyFiemo စက်တင်ဘာ 16, 2026 at 11:45 ညနေ

Ниже представлен перечень основных направлений, используемых в современной наркологической помощи. Этот список отражает комплексный подход к лечению зависимостей.
Исследовать вопрос подробнее – https://narkologicheskaya-pomoshh-perm0.ru/narkologicheskaya-klinika-perm

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 7:02 ညနေ

Ниже представлен перечень основных направлений, используемых в современной наркологической помощи. Этот список отражает комплексный подход к лечению зависимостей.
Ознакомиться с деталями – оказание наркологической помощи пермь

Reply
JohnnyFiemo စက်တင်ဘာ 18, 2026 at 5:37 မနက်

Ниже представлен перечень основных направлений, используемых в современной наркологической помощи. Этот список отражает комплексный подход к лечению зависимостей.
Получить больше информации – https://narkologicheskaya-pomoshh-perm0.ru/narkologiya-perm-anonimno

Reply
Patrickskany စက်တင်ဘာ 20, 2026 at 2:37 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Ознакомиться с деталями – раствор для вывода из запоя

Reply

Leave a Comment