NewsPolitic

RSO တပ်မှူးနဲ့ လက်ထောက်ကို BGB ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၃ ဧပြီ ၂၀၂၆)

RSO (Rohingya Solidarity Organization) တပ်မှူးနဲ့ လက်ထောက်တဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဧပြီလ ၁၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီလ ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့အစိုးရပိုင် (BSS) သတင်းတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဟာ ဘင်းရိုဘင်ခရိုင်၊ နတ်ချောင်းဆရီမြို့ နယ် အထူးစစ်ဆင်ရေးတခုအတွင်း ပစ္စတိုနှစ်လက်နဲ့ ကျည်ဆန် ၄၂ တောင့်ကို သိမ်းဆည်းရမိခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

ဧပြီလ ၁၁ ရက် ညနေပိုင်းတွင် နတ်ချောင်းဆရီမြို့အခြေစိုက် တပ်ရင်း (11 BGB) အဖွဲ့ဝင်များက တပ်ဖွဲ့ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် (DGFI) က ပေးအပ်တဲ့ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ BGB ဆိုပါတယ်။

အဆိုပါ အထူးစစ်ဆင်ရေးတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အနေနဲ့ ပစ္စတိုနှစ်လက်နဲ့ ကျည်ဆန် ၄၂ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း BGB တပ်ဖွဲ့ဝင်များက အသက် ၂၁ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တဦးဖြစ်သူ Camp-13၊ Block F-1 တွင် နေထိုင်သူ Md. Faruk ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုအပြီးတွင် အသက် ၃၀ အရွယ် Md. Nurul Alam ကို Chakdala Bazar ဒေသတွင် ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Related posts

ရသေ့‌တောင်မြို့နယ် ဗုံးကြဲခံရမှု နေအိမ်နှစ်ဆောင်ထက်မနည်း ပျက်စီး

Rakhita Times

ကုန်ဈေးနှုန်းနဲ့ အလေးချိန် မှန်ကန်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လုပ်ဆောင်နေ

Rakhita Times

မာန်အောင်မှာ ရွေးကောက်ပွဲကြောင့် MPT ဖုန်းလိုင်းရပေမယ့် အင်တာနက်မရ

Rakhita Times

224 comments

Leave a Comment