BusinessNewsPolitic

သင်္ကြန်အပြီးတွင် ရက္ခိုင်-ဘင်္ဂလားကုန်သွယ်ရေး စတင်နိုင်

အာရက္ခတိုင်းမ်စ် (၁၃ ဧပြီ ၂၀၂၆)

ရက္ခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မကြာမီ ပြန်လည်စတင်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောကြားခဲ့တယ်လို့ Jago News 24 တွင် ရေးသား ဖော်ပြထားပါတယ်။

“ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးကို Teknaf Land Port ကတဆင့် မကြာမီ ပြန်လည်စတင်တော့မယ်” လို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောကြားခဲ့ပါတယ်။

အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့ပြီးနောက် လုပ်ငန်းပြန်လည်စတင်ရန် ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်နေတယ်လို့ ဧပြီလ ၇ ရက်က ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် (Kanyin Chaung Economic Zone) နဲ့ ၂ မိုင်ခန့်အကွာ နတ်မြစ်ကမ်းဘေးတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ် (Teknaf) ဆိပ်ကမ်းကို ရေကြောင်းခရီး ၁၅ မိနစ်ခန့်သာ ကွာဝေးတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်လက်ထက်တွင် ရက္ခိုင်ကနေ ရေချိုငါး၊ ကြက်သွန်၊ ဂျင်း၊ အုန်းသီး၊ ငါးခြောက်နဲ့ အခြားသော လယ်ယာထွက်ကုန်များကို အဓိကတင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ပလတ်စတစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနဲ့ အဝတ်အထည်များကို အဓိကတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

Rakhita Times

မောင်တောတွင် တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃၅ လုံး AA ရှင်းလင်း

Rakhita Times

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ရှောင် ၂ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ

Rakhita Times

66 comments

Leave a Comment