NewsPolitic

နှစ်သစ်ကူးအထိမ်းအမှတ် မောင်တောက အကျဉ်းသား ၆၇ ယောက်ကို AA လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၆)

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နှစ်ဆန်း ၁ ရက်နေ့တွင် မောင်တောခရိုင်အတွင်းရှိ အကျဉ်းသား ၆၇ ယောက်ကို အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကတော့ အာဆာအဖွဲ့နဲ့ ဆက်စပ်သူ ၃ ဦး၊ စစ်ကော်မရှင်နဲ့ ဆက်စပ်သူ ၃၅ ဦး၊ လက်နက်ခဲယမ်းမှောင်ခိုပို့သူ ၄ ဦး စုစုပေါင်း ၆၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အကျဥ်းသားတွေကို ဧပြီလ ၁၇ ရက် နှစ်ဆန်းတရက်နေ့တွင် ကတိခံဝန်ချက် လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တာလို့လည်း သိရပါတယ်။

ဧပြီလ ၁၀ ရက်ကလည်း ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (၁၇) နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်/ရဲသုံ့ပန်း အပါအဝင် အရပ်ဖက် အကျဉ်းသား ၂၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်အထိ ရက္ခိုင်ပြည်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသူ ၁၉၀၀ ကျော်ကို လူသားချင်းစာနာမှု အခြေခံပြီး ပြန်လည်လွှတ်ပေးနေတာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တွင် အစ္စလာမ်ဘာသာရေး ထူးချွန်ဆုပေးပွဲ ကျင်းပ

Rakhita Times

သံတွဲသား နိုင်ငံရေးအကျဉ်းသားဟောင်း ဖိုးကြက်တောင် ကွယ်လွန်

Rakhita Times

ဂျိုရှုအာဗန် ချန်ပီယံဘွဲ့ကို ဆက်လက်ထိမ်းသိမ်း

Rakhita Times

26 comments

Leave a Comment