NewsPolitic

ရခိုင်တိုင်းရင်းသားများပါတီကို စစ်ကောင်စီက ပါတီတည်ထောင်ခွင့်ပြု

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည်က နိုင်ငံရေးပါတီသစ် တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party – RNP) ကို တည်ထောင်ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီ RNP ကို ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က ဦးဆောင်ပြီး ရခိုင်အမျိုးသားပါတီ ANP ပါတီထဲက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တချို့လည်း ပါဝင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကြားကနေ သိရပါတယ်။

ဦးဘရှိန်က အရင်က ရခိုင်အမျိုးသားပါတီ ANP မှာ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီ RNP ကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီးတဲ့နောက် နှစ်လအကြာမှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ ၂၇ ခုရှိတဲ့အထဲကနေ RNP ပါတီကို ဥပဒေတွေနဲ့ ညီညွတ်တာကို စိစစ်တွေ့ရှိတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများပါတီ RNP အနေနဲ့ ခွင့်ပြုချက်ရရှိတဲ့ နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်ထံကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

Related posts

ANP ပါတီက ဦးသာထွန်းလှ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း

Rakhita Times

AA က ရေကြည်က ရွေးတုအစိုးရတပ် ကာကင်းများ သိမ်းပိုက်အပြီး အသုတ်တွင် ခံစစ်ပြင်ဆင်နေ

Rakhita Times

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

Rakhita Times

157 comments

Leave a Comment