NewsPolitic

နှစ်သစ်ကူးအထိမ်းအမှတ် မောင်တောက အကျဉ်းသား ၆၇ ယောက်ကို AA လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၆)

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နှစ်ဆန်း ၁ ရက်နေ့တွင် မောင်တောခရိုင်အတွင်းရှိ အကျဉ်းသား ၆၇ ယောက်ကို အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကတော့ အာဆာအဖွဲ့နဲ့ ဆက်စပ်သူ ၃ ဦး၊ စစ်ကော်မရှင်နဲ့ ဆက်စပ်သူ ၃၅ ဦး၊ လက်နက်ခဲယမ်းမှောင်ခိုပို့သူ ၄ ဦး စုစုပေါင်း ၆၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အကျဥ်းသားတွေကို ဧပြီလ ၁၇ ရက် နှစ်ဆန်းတရက်နေ့တွင် ကတိခံဝန်ချက် လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တာလို့လည်း သိရပါတယ်။

ဧပြီလ ၁၀ ရက်ကလည်း ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (၁၇) နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်/ရဲသုံ့ပန်း အပါအဝင် အရပ်ဖက် အကျဉ်းသား ၂၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်အထိ ရက္ခိုင်ပြည်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသူ ၁၉၀၀ ကျော်ကို လူသားချင်းစာနာမှု အခြေခံပြီး ပြန်လည်လွှတ်ပေးနေတာလည်း ဖြစ်ပါတယ်။

Related posts

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း မြင့်တက်

Rakhita Times

စစ်တွေ ပွိုင့်ကမ်းခြေကို ပြန်လည်ပိတ်၊ ဖွင့်တဲ့ ၃ ရက်လုံး လူစည်းကား

Rakhita Times

ရက္ခိုင်တွင် AA က ART ဆေး နဲ့ TB ဆေး အခမဲ့ဖြန့်ဝေ

Rakhita Times

26 comments

Leave a Comment