NewsPolitic

အသေခံဒရုန်းတွေကို စကမ ပိုမိုအသုံးပြုလာလို့ တော်လှန်ရေးအဖွဲ့များ ပိုမို သတိထားရန်လို

အာရက္ခတိုင်းမ်စ် (၂၂ ဧပြီ ၂၀၂၆)

အသေခံဒရုန်းတွေကို စစ်ကော်မရှင်က ပိုမိုအသုံးပြုလာနေလို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပိုမို သတိထားဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသူတွေက ဆိုပါတယ်။

“AA နဲ့ ဖြစ်နေတဲ့ စစ်မျက်နှာအားလုံးလိုလိုမှာ စကမက အသေခံဒရုန်းတွေ အသုံးပြုနေတာကို ပိုတွေ့လာရတယ်။ ဘယ်နေရာတွေမှာ ပိုသုံးလာလဲဆိုရင် ကျောက်ဖြူ၊ နတ်ရေကန်ဗျူဟာကုန်း နဲ့ စစ်တွေက စစ်မျက်နှာတွေမှာ ပိုလို့ သုံးလာနေတယ်။ ပိုလို့ သတိထားရမယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က အသေခံဒရုန်းတွေကို ပိုမို အသုံးပြုလာတာဟာ စစ်အင်အား လျော့နည်းလာတာကြောင့် နည်းပညာကို ပိုမိုအသုံးချပြီး တန်ပြန်တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“အသေခံဒရုန်းတွေက အခုဆို နည်းပညာတွေက မြင့်လာနေပြီ။ ဘတ္ထရီဆိုလည်း တနာရီလောက်ခံတယ်။ ပြီးတော့ အပေါ်ကနေ ဗွီဒီယို မှတ်တမ်းတင်လို့ရတယ်။ gyroscope တို့ GPS တို့နဲ့လည်း ထိန်းချုပ်နိုင်တယ်။ အဲတော့ သူတို့က ထောက်လှမ်းမယ်။ တွက်ချက်မယ်။ ပြီးမှချမယ်ပေါ့။ အဲတော့ ကိုယ့်ဖက်က အစစ အရာရာ သတိထားနေရမယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားက ဂျက်ဖိုက်တာ ၅ စီးအထိ တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Related posts

ချောင်းသာဘောလုံးကွင်းကို ရဟတ်ယာဉ်ကွင်းပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

Rakhita Times

AAဟာ အင်အားနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး တပ်ဖွဲ့လို့ အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ပြော

Rakhita Times

ရန်ကုန်တွင် ကိုဗစ် – ၁၉ လူနာအသစ် တွေ့

Rakhita Times

160 comments

Leave a Comment