NewsPolitic

ရက္ခိုင်ပြည်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထား

အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ထိန်းချုပ်ထားတယ်လို့ ISP-Myanmar က ဆိုပါတယ်။

ISP-Myanmar က ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်တွင် ထုတ်ဝေခဲ့တဲ့ “ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ် – ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ” အစီရင်ခံစာတွင် ဖော်ပြထားတဲ့ ISP ညွှန်းပြမြေပုံ ၂၄/၂၀၂၆ (ISP-M2026-024) တွင် အခုလို ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ရက္ခိုင်ပြည်အတွင်း ထိုးစစ်များ စတင်ခဲ့ပြီး လက်ရှိတွင် ပလက်ဝဒေသ အပါအဝင် ရက္ခိုင်ပြည်ရဲ့ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်များအရ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ် မေလကစတင်ကာ ပလက်ဝဒေသအပါအဝင် ခရိုင် ရှစ်ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာ စစ်ရေးအရ အောင်မြင်မှုများရရှိကာ နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ဒေသန္တရအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်တိုအတွင်း ပြည့်စုံစွာ အကောင်အထည်ဖော်ရန် ကြီးမားတဲ့ အခက်အခဲများ ရှိနေတယ်လို့လည်း သိရပါတယ်။

Related posts

ကြောင်လျှာနားက ရွေးတုအစိုးရတပ်စခန်းငယ် ၃ ခု AA ထပ်မံသိမ်းပိုက်

Rakhita Times

Breaking Newsသံတွဲကို ဂျက်လေယဉ်နဲ့ အုပ်စုလိုက် ဗုံးကြဲနေ

Rakhita Times

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

Rakhita Times

Leave a Comment