NewsPolitic

စက်ဘီးဝယ်ပြီးအပြန် ကားတိုက်လို့ ထိုင်းတွင် ရက္ခိုင်လူမျိုး ခမီအမျိုးသမီးတစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၆ )

အလုပ်ဆင်းရန် စက်ဘီးဝယ်ပြီးအပြန်မှာ ကားတိုက်လို့ ထိုင်းနိုင်ငံရောက် ရက္ခိုင်လူမျိုး ခမီအမျိုးသမီးတစ်‌ဦး သေဆုံးခဲ့တယ်လို့ ခမီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း-ထိုင်းနိုင်ငံ (KNDA) ထံမှ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ စက်တင်ဘာလ ၈ ရက်၊ ညနေ ၅နာရီတွင် ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့၊ အုမ်းနွိင် – အုမ်းရိုင်၊ ဝတ်ချီဒတ်လမ်း၊ CJ More စူပါမားကတ်အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ်ရှိ ရက္ခိုင်လူမျိုး ခမီအမျိုးသမီး မဇင်မာနွယ်ဖြစ်ပြီး ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဇာတိ ဖြစ်ပါတယ်။

“စက်ရုံအလုပ်ဆင်းဖို့ သူနဲ့ ဆွေမျိုးတော်တဲ့လူနဲ့အတူ စက်ဘီးသွားဝယ်တာ။ နှစ်ယောက်သား စက်ဘီးစီးအပြန် ကားတိုက်တာပါ။ ဆုံးတာက အမျိုးသမီးပါ။ စက်ဘီးအနောက်ကနေ လိုက်စီးတာပါ။ တိုက်တာက ထိုင်းလူမျိုးပါ။ ဖမ်းမိတယ်။ တိုက်တဲ့ ကားသမားဘက်က နာရေးအတွက် စီစဥ်ပေးတယ်။ သေဆုံးသူ နစ်နာကြေးရအောင်လည်း AAC အဖွဲ့က ဆောင်ရွက်ပေးနေတယ်” လို့ KNDA ရဲ့ နာရေးတာဝန်ခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

KNDA မှ နာရေးတာဝန်ခံတွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဈာပနာအခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်၊ မွန်းတည့် ၂ နာရီမှာ Wat Khlong Om Yai ဘုန်းကြီးကျောင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Related posts

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှုနဲ့ AA ကို စကမ အမှုဖွင့်

Rakhita Times

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

Rakhita Times

Leave a Comment