NewsPolitic

ကျိန္တလီကို ရွေးတုအစိုးရ နေဗီကနေ လက်နက်ကြီးနဲ့ပစ်၊ ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျိန္တလီမြို့ကို ဒီကနေ့ ဇူလိုင်လ ၈ ရက် မနက် ၉ နာရီခွဲခန့်က ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ရေတပ်ကနေ ပစ်လိုက်တာ ကျိန္တလီမြို့ပေါ်ကို ကျတယ်။ ရပ်ကွက် ၃ ကို ကျတာ။ အိမ်တွေပေါ်ကို ကျတာ” လို့ ကျိန္တလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးဟာ ကျိန္တလီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ဒေါ်မထားရဲ့ နေအိမ်နဲ့ ဦးပိုင်စိုးအောင်ရဲ့ နေအိမ်နောက်ဖက်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ အသက် ၅ နှစ်အရွယ် မရတနာထွန်း၊ အသက် ၁၇ နှစ်အရွယ် မသင်းသီရိထွန်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မထား၊ အသက် ၄၈ နှစ်အရွယ် ဦးညိုထွန်း၊ အသက် ၅၀ အရွယ် ဒေါ်မိဝိုင်းနဲ့ အသက် ၇၄ နှစ်အရွယ် ဒေါ်သန်းမေတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ ဂွမြို့နယ်အတွင်းကို ဒီကနေ့မနက် ၇ နာရီကျော်ကနေ ၇ နာရီ ၃၅ မိနစ်ခန့်အထိ လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM (ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

တောင်ကုတ် ကင်းတောင် ရွာမကို စစ်ကောင်စီဗုံးကြဲ

Rakhita Times

စကမ သက်ဆိုးရှည်သရွေ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် အာမ မခံနိုင်

Rakhita Times

AA ကို ကျေးဇူးတင်ကြောင်း CDF-Kanpetlet ဆို

Rakhita Times

Leave a Comment