NewsPolitic

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေက ပြစ်မှု ၂၃ မှုကို စစ်ခုံရုံးမှာ စစ်ဆေးမည်

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြိုနယ်တွေက ပြစ်မှု ၂၃ မှုကို စစ်ခုံရုံးမှာ စစ်ဆေးမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်

မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အမှတ် ၁/၂၀၂၆၊ ၂/၂၀၂၆ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၆ တို့နဲ့ ရက္ခိုင်ပြည်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုရှိ မြို့နယ်‌စုစုပေါင်း ၆၀ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ မြို့နယ်တွေမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောက်ယှက်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊အစိုးရဝန်ထမ်းတဦးကို ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနဲ့သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ အစရှိတာတွေကို စစ်ခုံရုံးမှာ စစ်ဆေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ပဲ ဖြစ်ပါတယ်။

Related posts

လာမယ့် ၂၄ နာရီ ကနေ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်

Rakhita Times

စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မုဒ်ဦးအသစ် တည်‌ဆောက်နေ

Rakhita Times

ဂွအခြေစိုက် ခမရ (၅၆၃) မှ တပ်သား ၄ ဦး လက်နက်ခဲယမ်းများနဲ့ PRA – Magway ထံ အလင်းဝင်

Rakhita Times

Leave a Comment