BusinessHealthNewsPolitic

ဝမ်းရောဂါကြောင့် ကန့်သတ်ထားတဲ့အတွက် ဟင်းသီးဟင်းရွက် ရှားပါးနေ

အာရက္ခတိုင်းမ်စ် (၂၉ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းနဲ့ မွတ်ဆလင်ကျေးရွာတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် အသွားအလာ ကန့်သတ်ထားကာ မြို့ထဲကို ပေးမဝင်ဘူးလို့ သိရပါတယ်။

ဒါကြောင့် စစ်တွေမြို့မှာ ဟင်းသီးဟင်းရွက်နဲ့ ငါးတွေဟာ တော်တော်ရှားလာတာကြောင့် အဆင်ပြေသလို စားသောက်နေကြရတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုကလေ ကျမတို့က အဲဒီလိုဟာတွေတော့ နည်းနည်းပါးပါး စားရပါတယ်။ အခုလေ ကုလားရွာမှာ ဝမ်းရောဂါ ဖြစ်နေကြတယ်ဆိုလို့ ကုလားတွေဆို မြို့ထဲကို မဝင်ရ lockdown လုပ်ထားတယ် ပြောပါတယ်။ lockdown ချထားတဲ့အတွက် မြို့ထဲကို မဝင်တာဖြစ်လို့ ငါးတို့၊ ဟင်းသီးဟင်းရွက်တွေဆိုတာ စစ်တွေမြို့မှာ တော်တော်ရှားပါတယ်” လို့ သူက ပြောပါတယ်။

စစ်တွေမြို့ကို စစ်အာဏာရှင်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားတာကြောင့် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အလွန်တရာ ဈေးကြီးတာကြောင့် မလတ်ဆတ်တဲ့ သား၊ ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အခြေခံ လူတန်းစားတွေက စားသုံးနေကြရတာပါ။

စစ်တွေမြို့မှာ အခုလ ဩဂုတ်ကနေစတင်ကာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ဘေးရှောင်စခန်းတချို့နဲ့ မွတ်စလင် IDP စခန်းတွေမှာ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားပြီး ကလေးငယ် ၁၁ ယောက်ထက်မနည်း သေဆုံးကာ နောက်ထပ်လည်း ဝမ်းရောဂါဖြစ်ပွားနေသူ ရာနဲ့ချီ ရှိနေတယ်လို့သိရပါတယ်။

စစ်တွေမြို့နယ်က မွတ်စလင်ကျေးရွာတွေ၊ IDP စခန်းတွေက ဒေသခံတွေကို စစ်အာဏာရှင်တပ်က လွတ်လပ်စွာ သွားလာခွင့်နဲ့ မြို့ထဲဝင်ရောက်ခွင့် ကန့်သတ်ထားတာဖြစ်ပြီး ကျေးရွာတွင်း ဆေးခန်းတွေမှာသာ အဆင်ပြေသလို ကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရွေးတုကနေ တက်လာတဲ့ USDP ပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်နယ်အာဏာပိုင်တွေကတော့ စစ်တွေမြို့က လမ်းဘေးဈေးသည်တွေကို စက်တင်ဘာ ၁ ရက်နေ့အထိ ဆိုင်တွေမထွက်ဖို့ သတိပေး တားမြစ်ထားပါတယ်။

Related posts

ဆောကို မိတ္ထီလာတပ်ကနေ ဒုတိယအကြိမ် စစ်အင်အား ထပ်မံပို့ဆောင်

Rakhita Times

ကိုးကန့်လို တရုတ်က AA ကို ဖိအားပေးနိုင်တဲ့ အနေအထား မရှိ

Rakhita Times

တပ်ချုပ်သစ် အပြောင်းအလဲ စစ်ရေးအခြေအနေ ဘယ်လိုရှိနိုင်လဲ

Rakhita Times

Leave a Comment