NewsPolitic

ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

အာရက္ခတိုင်းမ်စ် (၂၃ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်ကို အရေးပေါ်အခြေအနေ သတ်မှတ်ကြောင်း စစ်ကော်မရှင် က ဒီကနေ့ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီးလက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့ပဲ ဖြစ်ပါတယ်။

အဆိုပါအမိန့်ဟာ ဒီကနေ့ကစတင်ပြီး ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ရက္ခိုင်ပြည်အပြင် ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၈ မြို့နယ်၊မကွေးတိုင်းမှ ၅ မြို့နယ် နဲ့ မန္တလေးတိုင်းမှ ၁ မြို့နယ်တို့လည်း ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ စစ်ကော်မရှင်ရဲ့ အာဏာပိုင်အဖွဲ့အစည်းများဟာ ၎င်းတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ တိုင်းမှူးရဲ့ ကွပ်ကဲမှုအရ ဆောင်ရွက်ရမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေသတ်မှတ်ပြီး စစ်နယ်မြေမှူး‌လည်း ခန့်အပ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ တိုင်းမှူးကိုယ်တိုင်သော်လည်းကောင်း ၊ တိုင်းမှူးက တာဝန်လွှဲအပ်ထား‌တဲ့ ပုဂ္ဂိုလ်တဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်ခြင်းအနေနဲ့ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုလည်း ချမှတ်နိုင်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့တိုက်ခန်း ပြန်လည်ရ မရ အဖြေစောင့်နေဆဲ

Rakhita Times

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ ကိုးတောင်ဘို့စခန်းကို စကမ စစ်ကြောင်းထိုး၊ စစ်ကြောင်းလိုက် ချေမှုန်းခံရ

Rakhita Times

Leave a Comment