NewsPolitic

ခမီလူငယ်တွေ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရန် သက်လူမျိုးစု တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆)

ခမီလူငယ်မောင်မယ်တွေအနေနဲ့ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ကြရန် သက်လူမျိုးစုရီးရာကော်မတီက တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၂၇ ရက်မှာ ကျရောက်တဲ့ ၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ခရိုင်သက်လူမျိုးစုရေးရာကော်မတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပိုခဲ့တာမှာ အထက်ပါကဲ့သို့ တိုက်တွန်းထဲ့တာလည်း ဖြစ်ပါတယ်။

ခမီလူမျိုးတို့ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်၊ စာပေ၊ ဘာသာစကားနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ခိုင်ခိုင်မာမာ ပိုင်ဆိုင်ထားကြသူများ ဖြစ်သလို ခမီတို့ရဲ့ ထင်ရှားလှတဲ့ ရိုးရာဝတ်စုံများ၊ သာယာငြိမ့်ညောင်းတဲ့ ဝါးပုလွေသံ၊ ဟန်ချက်ညီတဲ့ ရိုးရာအကများနဲ့ ဗုံသံတို့ဟာ မကုန်ခမ်းနိုင်တဲ့ အနုပညာ ရတနာများပင် ဖြစ်တယ်လို့လည်း သက်လူမျိုးစုရေးရာကော်မတီ ဆိုပါတယ်။

“ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ ပညာရေးနဲ့ လူမှုစီးပွား ကဏ္ဍများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန်၊ လူမျိုးစုအတွင်း စည်းလုံးညီညွှတ်မှုကို အခြေခံကာ အများအကျိုးကို သယ်ပိုးနိုင်ကြပါစေ” လို့လည်း သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။

ဒါ့အပြင် ခမီအမျိုးသားတို့ရဲ့ မျှော်မှန်းချက်များ အောင်မြင်ပြီး ဘေးဘယာကင်းဝေးကာ သာယာဝပြောတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

Related posts

မင်းပြားတွင် စစ်သုံ့ပန်း ၂၀၀ ကျော် AA လွှတ်ပေး

Rakhita Times

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

■ အိန္ဒိယအတွက် သတိပေးခေါင်းလောင်း ဖြစ်လာသည့် ပါကစ္စတန်၏ သံတမန်အောင်ပွဲ

Rakhita Times

Leave a Comment