အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆)
အာရက္ခပြည်တည်ဆောက်ရေးခရီးတွင် ခမီလူမျိုးများအပါအဝင် အခြားညီနောင်မျိုးနွယ်စုတို့ရဲ့ အမွေအနှစ်များဖြစ်တဲ့ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှု အခွင့်အရေးများကို လေးစားတန်ဖိုးထားသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။
“ အာရက္ခပြည်တည်ဆောက်ရေးခရီးတွင် ခမီလူမျိုးများအပါအဝင် အခြားညီနောင်မျိုးနွယ်စုတို့ရဲ့ အမွေအနှစ်များဖြစ်တဲ့ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှု အခွင့်အရေးများကို လေးစားတန်ဖိုးထား ကာကွယ်ခြင်းနဲ့အတူ အပြန်အလှန် နားလည်ဖေးမကူညီမှု၊ စည်းလုံးညီညွတ်မှုတို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂါတ် အာရက္ခပြည် တည်ဆောက်ရေးမှာ မျိုးဆက်သစ်များအနေဖြင့် ညီကိုရင်းရှာ မိသားစုများပမာ တဦးကိုတဦး အပြန်အလှန် ဖေးမကူညီသင့်တယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ခံယူထားကြောင်း ဧပြီလ ၂၇ ရက်မှာ ကျရောက်တဲ့ ၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ သဝဏ်လွှာမှာ ဆိုပါတယ်။
အလားတူ “ခမီလူမျိုးတို့ဟာ အာရက္ခပြည်တွင် ရှေးယခင်မှ လက်ရှိ မျက်မှောက်အချိန်ကာလထိ အာရက္ခပြည် တိုးတက်လာရေး၊ မျိုးနွယ်စုများ အချင်းချင်း စည်းလုံးလာရေး၊ ပိုမိုကောင်းမွန်တဲ့ အနာဂါတ် အာရက္ခပြည် တည်ဆောက်ရေး စတဲ့ အခန်းကဏ္ဍတိုင်းမှာ ဆိုးတူကောင်းဖက်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒုက္ခတွေကိုအခြားညီနောင် မျိုးနွယ်စုများနည်းတူ ခံစားခဲ့ရတာကြောင့် “ ခမီအမျိုးသားနေ့” ဟာလည်း အာရက္ခတမျိုးသားလုံးအတွက် အလေးအနက်ထားအပ်တဲ့ နေ့ထူးနေ့မြတ် တရက်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် ဒီကနေ့မှာ ကျရောက်တဲ့ ၁၆ကြိမ် မြောက် “ခမီအမျိုးသားနေ့” ကို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အာရက္ခပြည်သူတရပ်လုံးနဲ့ထပ်တူ ဝမ်းမြှောက်ဂုဏ်ယူစွာနဲ့ ဂါရဝပြု တန်ဖိုးထားလျက် ဂုဏ်ပြုကြိုဆိုပါတယ်လို့လည်း သဝဏ်လွှာမှာ ဆိုထားပါတယ်။

8 comments
References:
Roulette betting strategy
References:
https://www.tikosatis.com
References:
Casino equipment moiafazenda.ru
References:
Casino online aams https://pad.stuve.de/
References:
Slot machine 4sh xtuml.org
References:
Casino habbo https://neolatinswiki.site
References:
Play casino games online https://coolpot.stream
References:
Gewinne bei Instant Casino auszahlen
References:
https://school-of-safety-russia.ru/
References:
Casino parties https://telegra.ph/Wie-Man-Bei-Total-Casino-Ein–Und-Auszahlt-06-07-3