NewsPolitic

မောင်တောတွင် စကမ ထောင်ခဲ့တဲ့ မိုင်း ၂၂ လုံးကို AA ထပ်မံတူးဖော်ရရှိ

အာရက္ခတိုင်းမ်စ် (၂၉ ဧပြီ ၂၀၂၆)

ရက္ခိုပြည် မောင်တောမြို့နယ်တွင် စစ်ကော်မရှင်က ထောင်ထားခဲ့တဲ့ မိုင်း ၂၂ လုံးကို ဧပြီလ ၂၇ ရက်မှာ အာရက္ခတပ်တော်က  ထပ်မံ တူးဖော်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ မောင်တောမြို့နယ် လေးမိုင် (မူဆလင်) ရွာအနားမှာ စစ်ကော်မရှင်တပ်က ထောင်ထားခဲ့တဲ့  M-2 မိုင်း (၂၂) လုံးကို ထပ်မံ တူးဖော် သိမ်းဆည်းရမိခဲ့တယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလို မိုင်းရှင်းလင်းရေးကို အာရက္ခတပ်တော်က လုပ်ဆောင်ပေးနေတာဟာ ပြည်သူတွေအတွက် ဘေးကင်း လုံခြုံစေတယ်လို့ ဿေခံတွေက ဆိုပါတယ်။

“ မိုင်းရှင်းလင်းရေး လုပ်ပေးနေတဲ့နေ့က (ဧပြီလ ၂၇ ရက်) လေးမိုင် (မူဆလင်) ရွာက ကလေးတယောက် သရက်သီးခူးဖို့သွားတာမှာ မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက် ဒူးဆစ်နားအထိ ပြတ်သွားသေးတယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ထောင်ထားခဲ့တဲ့ မိုင်းနင်းမိလို့ ဒူးဆစ်နားအထိ ပြတ်သွားသူမှာ ဦးယာဆိမ့်ရဲ့သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်မော်ဟိန်းဒိန် ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်ကလည်း စစ်ကော်မရှင်ထောင်ထားခဲ့တဲ့ မိုင်းအလုံးရေ ၁၂၈ လုံးကို ရှင်းလင်း သိမ်းဆည်းခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းကျတဲ့အပြင် ဈေးနှုန်းကျတဲ့ဒဏ်ကို စပါးစိုက်တောင်သူတွေ ခံနေရ

Rakhita Times

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

စစ်တကောင်းဒေသခံ ရက္ခိုင် ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး

Rakhita Times

Leave a Comment