ArticelsLife StylePolitic

ကိုးရီးယားခရီစဉ်နဲ့ တော်လှန်ရေးတာဝန်

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၃၂)

ဌေးဝင်း

၁၉၉၄ ခု နှစ် ဇူလိုင်လမှာ ငါ ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လေကြောင်းခရီးနဲ့ ထွက်ခွါလာခဲ့တယ်။ ငါ့လိုဘဲ ကိုးရီးယားကိုသွားမဲ့သူ ကိုသိန်းအောင်ကျော်နဲ့ အတူတူ လာခဲ့ကြတယ်။ ဘန်ကောက်က ဒွန်မောင်းလေဆိပ်ကို ညနေ ၅ နာရီခွဲလောက်မှာ ရောက်ကြတယ်။ ကိုသိန်းအောင်ကျော်ကို ဦးရွှေစိန်ဆိုတဲ့လူ အကျိုးဆောင်က လာကြိုပြီး ငါ့ကိုတော့ ရောဘတ်စံရွှေဆိုသူ အကျိုးဆောင်က လာကြိုတယ်။ ရောဘတ်စံရွှေအိမ်ကိုရောက်တော့ ဂျပန်ကိုသွားဖို့ စီစဉ်နေတဲ့ ကိုထွန်းတင် (ခ) မာတင်နဲ့ ကိုအောင်ကျော်ဇံ ဆိုသူ နှစ်ဦးကိုလည်း အဲဒီ အကျိုးဆောင်အိမ်မှာ တွေ့တယ်။ ဒီလိုနဲ့ ငါ့ရဲ့ ယိုးဒယားရောက် ရက္ခိုင်သားတယောက်ရဲ့ ဇာတ်လမ်းအသစ် စတင်ခဲ့ရတယ်။

ငါတည်းရတဲ့နေရာက ဘန်ကောက်မြို့က မင်ဘူရီဆိုတဲ့ နေရာဖြစ်တယ်။ မြန်မာပြည်သား အများစု ကျင်လည်ကျက်စားတဲ့ ဘန်ကပိနဲ့ သိပ်မဝေးဘူး။ လိုင်းကားနဲ့သွားရင် မိနစ်နှစ်ဆယ်လောက်တော့ စီးရတယ်။ ဘန်ကပိမှာက တော်လှန်ရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ မြန်မာလူငယ် လူရွယ်တွေ ရှိသလို သင်္ဘောတက်မဲ့သူတွေ သင်္ဘောက ဆင်းလာသူတွေ ပွဲစားတွေ စာရွက်စာတမ်း အတုလုပ်သူတွေ စားသောက်ဆိုင် စသဖြင့် ရရာအလုပ်ကို လုပ်နေကြသူတွေ စုစည်းနေတဲ့ နေရာတခုလည်း ဖြစ်နေတယ်။

ဧဂျင့် ဦးစိန်ရွှေအိမ်ခန်းက ရမ်ကန်ဟမ်းမှာ။ အဲဒီအိမ်မှာက ရောဘတ်စံရွှေအိမ်မှာထက် တည်းနေတဲ့လူ ပိုများတယ်။ အထူးသဖြင့် သူ့ဆီမှာ တည်းတဲ့သူတွေက ရက္ခိုင်တွေ များတယ်။ ကိုရီးယားသွားမဲ့လူ။ သင်္ဘောက ဆင်းလာပြီး သင်္ဘောပြန်တက်ဖို့ စောင့်နေသူ အပါအဝင် အနည်းဆုံး ဆယ့်ငါးယောက် နှစ်ဆယ်လောက်က ရှိနေတတ်တယ်။ ငါတည်းတဲ့အိမ်မှာက အများဆုံး လေးယောက် ငါးယောက်လောက်ဘဲ။ များသောအားဖြင့် သုံးယောက် လေးယောက်သာ ရှိတတ်တာ။ ဒီလူတွေဟာ ဧဂျင့်အိမ်မှာ တရက်ကို ဘတ်တစ်ရာပေးပြီး နေကြရတယ်။ ထမင်းနှစ်ထပ်နဲ့ ကော်ဖီ ပေးကျွေးတယ်။ အဲဒီတုန်းက တဒေါ်လာ နှစ်ဆယ့်ငါးဘတ် ဈေးပေါက်တယ်။ ငါလည်း အဲဒီလိုဘဲ ပေးနေရတယ်။

ကိုသိန်းအောင်ကျော်ကို သွားတွေ့ရင်းနဲ့ သူနေတဲ့ ဦးရွှေစိန် ဖွင့်ထားတဲ့ အိမ်ခန်းကို ငါလည်း မကြာမကြာ သွားဖြစ်တော့ သင်္ဘောသား ရက္ခိုင်သား တော်တော်များများကို တွေ့ဖြစ်တယ်။ အဲဒီအထဲမှာ ယခင်တုန်းက သိတဲ့ အသိတွေ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တော့ အဆက်သွယ်တွေ ဖြစ်ကြပြီး မကြာမကြာ အပြင်သွားပြီး အမျိုးသားရေး အကြောင်းတွေ ဆွေးနွေးဖြစ်ကြတယ်။

ဘန်ကောက်ရောက်လို့ သိပ်မကြာခင် ၁၉၉၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ငါ့အဖေ ဆုံးပြီဆိုတဲ့သတင်း ရောက်လာတော့ ငါ အံ့လည်းအံ့ဩ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတယ်။ ငါလာတုန်းက ထွေထွေထူးထူး ရောဂါဖြစ်တာလည်း သိပ်မရှိ။ ငှက်ဖျားတော့ မကြာမကြာ ဖြစ်တယ်။ ဒီလောက်ပါဘဲ။ ဆီးချိုသွေးတိုး ကျောက်ကပ် အဆုတ်နဲ့ ပတ်သက်ပြီး ဖြစ်တာလည်း မရှိဆိုတော့ ဘယ်လို ဖြစ်တာလဲလို့။ ငါ့အဖေကို ငါ ဘာမှ လုပ်ကျွေးခွင့် မရလိုက်ပါလားလို့ ဝမ်းနည်းစိတ်မကောင်း တော်တော်ဖြစ်ရတယ်။

တဘက်မှာလည်း မိသားစုအတွက် ငါ့မှာ ပိုတာဝန်ရှိလာပြီ။ တာဝန်မယူလို့ကို မရပြီ။ အိမ်မှာ အဖေမရှိရင် ယောက်ကျားဆိုလို့ ငါ့အထက်က အကို ပြီးရင် ငါ။ ငါ့အကိုနဲ့ အစ်မက သူ့အိမ်ထောင်နဲ့သူ။ အခုတော့ အိမ်မှာက အမေပြီးရင် အကြီးဆုံးက ငါဘဲဆိုတဲ့ အတွေးလည်း စိတ်ထဲကို ရောက်လာတယ်။ ကိုရီးယားရောက်ရင်တော့ မိသားစုကို တာဝန်ယူနိုင်လာမှာဘဲလို့ တွေးပြီး မိမိကိုယ်မိမိ အားတင်းထားလိုက်တယ်။

ဒီလိုနဲ့ ကိုရောဘတ်စံရွှေအိမ်မှာ နေတာလည်း တလကျော်လာပြီ။ ကိုရီးယားသွားမဲ့ အစီအစဉ်ကလည်း အဆင်မပြေသေးဘူး။ ကြန့်ကြာနေတယ်။ စရိတ်က တလကို ဒေါ်လာ ၂၀၀ လောက် ကုန်တယ်။ ဘတ်နဲ့ဆို တလငါးထောင်လောက် ကုန်တယ်ဆိုတော့ ပါလာတဲ့ပိုက်ဆံ ပွန်းပဲ့သွားမှာ စိုးရတယ်။ ဒီတော့ ဒီလိုနေလို့တော့ မဖြစ်ဘူး။ အလုပ်တခု လုပ်မှဘဲလို့ ဆုံးဖြတ်လိုက်တယ်။ ငါ့အဒေါ်သား (သမီးယောက်ဖ) တော်စပ်သူ သန်းဖေလှကို

“ဟေး သန်းဖေလှ.. ငါ အလုပ်တခု လုပ်မှဖြစ်မယ်။ ကိုရီးယားသွားမဲ့ ခရီးစဉ်ကလည်း ကြန့်ကြာနေတော့ ကြာလာရင် ပါလာတဲ့ပိုက်ဆံတွေ ပွန်းပဲ့သွားရင် အခက်အခဲ ဖြစ်သွားနိုင်တယ်”

လို့ အကူအညီတောင်းပြီး အလုပ်ရှာပေးဖို့ ပြောရတယ်။ သူက

“ယောက်ဖလတ် အလုပ်လုပ်ချင်ရင် .. ငါ ရှာပေးမယ်။ ငါနဲ့အတူ လုပ်နိုင်ရင်တော့ ပိုကောင်းမယ်-အလုပ်မရွေးရင်တော့ ရပါတယ်”

“ရတယ်.. ဘာ အလုပ် လုပ်ရလုပ်ရ.. ငါလုပ်နိုင်ပါတယ် သန်းဖေလှ”

လို့ ငါပြောတဲ့အတွက် သူဟာ ငါ့ကို မဟာချိုင်က သူလုပ်နေတဲ့ ရေခဲစက်မှာ အလုပ်သွင်းပေးတယ်။ သန်းဖေလှ အဆက်အသွယ်နဲ့ ငါ အလုပ် စလုပ်ခဲ့တယ်။ မဟာချိုင်က ရေခဲစက်မှာ။

အဲသလို ရေခဲစက်ရုံမှာ အလုပ်ဝင်လုပ်ရင်း ကိုရီးယားခရီးစဉ်ကို စောင့်နေတုန်းမှာ ရခိုင်ပြည်ကွန်မြူနစ်ပါတီ Arakan Communist Party (ACP) က ဦးအောင်စိန်သာနဲ့ အဆက်သွယ် ရရှိကာ သူနဲ့ မကြာမကြာ တွေ့ဆုံဖြစ်တယ်။ ဦးအောင်စိန်သာဆိုတာက မြစ်နားရွာက ငါ့ဦးလေးရဲ့ သူငယ်ချင်း။ သူက ရခိုင်ပြည်ကွန်မြူနစ်ပါတီမှာ ဗဟိုကော်မတီဝင်။ ငါနဲ့ သူနဲ့က ဘင်္ဂလားဒေ့ရှ် ဝါးခပ်ချောင်းစခန်းမှာ ရှိနေစဉ်တုန်းက ငါနဲ့ တူဝရီးလို ရင်းနှီး ချစ်ခင်ကြသူတွေ ဖြစ်တယ်။

သူက

“ကျော်ဟန်… ဝေ.. မင်းနဲ့ ခုလို ပြန်ဆုံရတာ ငါ အရမ်းဝမ်းသာတယ်။ မင်း အထဲရောက်သွားတာ ကြားရတော့ ငါ စိတ်မကောင်းဘူး။ ဟုတ်တယ်။ မြေအောက်လုပ်တဲ့ နိုင်ငံရေးသမား တော်လှန်ရေးသမားတယောက်အတွက်တော့ ခုလို အဖမ်းခံရတာ။ ထောင်ကျတာ။ ရှောင်ရ တိမ်းရတာ ဘာမှ ထူးဆန်းတာတော့ မဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် အမျိုးသားရေးအတွက် လှုပ်ရှားရင်း ဖြစ်ရတာမို့ ငါမင်းအတွက် ဂုဏ်ယူပါတယ်ကွာ”

“ဟုတ် ကျေးဇူးတင်ပါတယ် ဦးလေး.. ထောင်ကျသွားလို့ စစ်ကြောရေးမှာ အလူးအလိမ့် ခံခဲ့ရတာ အတော်တော့ ဆိုးပါတယ်။ ဒါပေမဲ့ ထောင်ကျသွားတိုင်း ဘဝက ဆုံးရှုံးသွားတာမှ မဟုတ်တာ။ ယုံကြည်ချက် ခံယူချက် ပိုတောင် ပြင်းထန်လာသေးတယ်။ ဒီကရတဲ့ အတွေ့အကြုံ ဒီကရတဲ့ နိုင်ငံရေး ခံယူချက်တွေက ကျနော့်ကို ပိုမိုခိုင်မာ သွားစေသေးတယ်။ ဦးလေး”

“အေး.. ဒါဟာ နိုင်ငံရေးသမားကောင်းတယောက် တော်လှန်ရေးသမားကောင်းတယောက်ရဲ့ စိတ်ထားမို့လို့ ခုလိုကြားရတာ ရက္ခိုင်ပြည်ရဲ့ အနာဂတ်အတွက် ငါ အရမ်းအားရှိတယ်”

“ဒါနဲ့ ဦးလေးက.. ထိုင်းကို ဘယ်လိုရောက်လာတာလဲ”

“ငါ့ကို NUFA က ပေးအပ်တဲ့ အရှေ့ဘက်တာဝန်ခံအနေနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံ မြန်မာနယ်စပ် တာဝန်ခံ တာဝန်နဲ့ ရောက်ရှိနေတာ”

လို့ သူက ပြောပြတယ်။

ဦးအောင်စိန်သာတို့ရဲ့ ရုံးကို ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခရီခန် ဆိုတဲ့မြို့မှာ ဖွင့်ထားတယ်။ သူတို့ရဲ့ တပ်စခန်းကိုတော့ ထိုင်းမြန်မာနယ်စပ် ပလာဦးဆိုတဲ့နေရာမှာ အခြေစိုက်ထားတယ်လို့ သူက ပြောတယ်။ ပြီးတာ့ ဒုတာဝန်ခံက ရမလပါတီက ဗိုလ်မှူး ကျန်စိန်မောင်နဲ့ စခန်းတာဝန်ခံက မောင်လူကြီးတို့ ဖြစ်တယ်လို့လည်း သူက ငါ့ကို ပြောပြတယ်။

ဒီလို သူနဲ့ငါ မကြာခဏ ဆုံတွေ့ကြပြီး တနေ့မှာ ငါ့ကို သူက ခုလို ပြောလာတယ်။

“ကျော်ဟန်.. ငါ မင်းကို အကူအညီတခု တောင်းချင်တယ်။ ခု မင်းမှာက ပတ်စပို့ ကိုင်ထားတယ်ဆိုတော့ ဟိုသွားဒီသွား အဆင်ပြေတယ်။ မင်း တောင်ကိုရီးယား မသွားခင်က လတွေမှာ ငါတို့ကို နိုင်သလောက် ဝိုင်းကူပေးဖို့ မင်းကို ငါပြောချင်တယ်”

လို့ ပြောလာတော့ ငါလည်း ငါ့အခက်အခဲကို ပြောပြလိုက်တယ်။

“ဦးလေး အကူအညီတောင်းတာကို ကျနော် ကူညီချင်ပါတယ်။ ဒါပေမဲ့ ကျနော့်မှာလည်း ပြေလည်တာ မဟုတ်ဘူး။ ခု အလုပ်ဝင်လုပ်နေတာဘဲ ကြည့်လေ။ ကိုးရီးယားကို ဘယ်နေ့ ဘယ်အချိန် ထွက်ရမလဲ ကျနော်လည်း မသိဘူး။ ခပ်မြန်မြန် မထွက်ရဘဲ ဒီမှာ ဒစ်လည်နေရင် ပါလာတဲ့ ပိုက်ဆံတွေ ကုန်သွားပြီး ဒုက္ခ ရောက်သွားနိုင်တယ်။ အခုလည်း အဲဒီ ငွေပွန်းပဲ့သွားမှာကိုစိုးလို့ ဒီလို အလုပ်ဝင်လုပ်နေရတာ ဖြစ်တယ်”

“အေး.. ဒါကို ငါသဘောပေါက်တယ်။ နားလည်တယ်”

“ကျနော့်မှာ တောင်ကိုရီးယားသွားဖို့အတွက် ပွဲစားခ ဒေါ်လာ ၂၅၀၀နဲ့ အသုံးစရိတ် ဒေါ်လာ ၁၀၀၀ ဘဲ ပါတာ။ အခုက ဒေါ်လာ ၆၀၀ လောက် ကုန်ပြီဆိုတော့ နောက်ထပ်ကုန်ကျလာမဲ့ လာအိုနိုင်ငံကို တိုးရစ်ဗီဇာ သွားလျှောက်မှာတို့။ ထိုင်းမှာ ဗီဇာသက်တမ်း တိုးခတို့ ။ စားစရိတ် နေစရိတ် အသုံးစရိတ်တို့ အတွက် ကျနော် အလုပ်လုပ်နေတာ။ ဦးလေးတို့ကို ကျနော် တကယ့်ကို ကူညီချင်တယ်။ ဒါပေမဲ့ ခရီးသွားဖို့ကျလာရင် ကျနော့်မှာ ပွဲစားခပေးဖို့ငွေက မရှိလို့ မဖြစ်ဘူး။ အဲဒါကြောင့် ပါလာတဲ့ငွေတွေ မပဲ့ပါသွားရအောင် ကျနော် အလုပ်လုပ်ရင်းနဲ့ စောင့်နေရတာ။ ပြီးရင် ဟိုက ခေါ်ရင် ချက်ချင်းသွားဖို့အတွက် ဒီဘန်ကောက်မြို့နဲ့ အနီးအနားမှာ ရှိနေရမှာ ဖြစ်တယ်”

လို့ ပြောလိုက်တော့ သူလည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတယ်။ ပြီးမှ

“အေး..ကောင်းပြီလေ.. ငါနဲ့ အဆက်သွယ် မပြတ်စေနဲ့ ကြားလား။ မကြာမကြာ အဆက်သွယ်လုပ်ပါ”

ဆိုပြီး သူ ပြန်သွားတယ်။

ဒီလိုနဲ့ ငါ ရေခဲစက်မှာ အလုပ်လုပ်နေတာ တလကျော်လောက် ကြာသွားပြီ။ ငါ့ကို အကျိုးဆောင်ပေးတဲ့ ရောဘတ်စံရွှေဆီကိုလည်း မကြာမကြာ ဖုန်းဆက်မေးတော့ ဟိုနေ့လိုလို ဒီလထဲလိုလိုနဲ့ ကိုရီးယားခရီးကိစ္စက ဘာမှ ထူးခြားမလာဖြစ်နေတုန်း ဦးအောင်စိန်သာဟာ ငါအလုပ်လုပ်နေတဲ့ နေရာကို ရောက်လာပြန်တယ်။ ဒီတခေါက်တော့ သူက ငါ့ကို အရေးတယူ အလေးတနက် ခုလို ပြောဆိုလာတယ်။

“ကျော်ဟန်..မင်း.. ငါတို့ကို ကူဖို့လိုတယ်။ ဒီအလုပ်ကိစ္စကို လုပ်ပေးနိုင်တာကလည်း မင်းကိုပဲ မြင်တယ်။ ဘာဖြစ်လိုဆိုတော့ (၁) မင်းမှာ ပတ်စပို့ရှိတယ်။ (၂) တော်လှန်ရေးထဲက စိတ်ချရသူတယောက် ဖြစ်တယ်။ (၃) လုပ်ရမဲ့အလုပ်က ငါနဲ့အတူ တလတခါလောက် ချင်းမိုင် ဘန်ကောက်ဘက်ကို သွားရမှာရယ်။ ပြီးတော့ ရနောင်းဖက်ကိုဆင်းပြီး ရဲဘော်လူသစ် စုရမဲ့ကိစ္စအတွက် သွားရမယ်။ မင်းမှာ အသိမိတ်ဆွေတွေ များတယ်။ အဲဒါကြောင့် မင်းကို ငါတို့ အကူညီတောင်းတာ ဖြစ်တယ်။ အဖွဲ့အစည်းမှာ ငါတို့ ဆွေးနွေးထားတယ်။ မင်း ပတ်စပို့ဗီဇာ သက်တမ်းတိုးဖို့အတွက် ကုန်ကျမဲ့စရိတ်ကို ငါတို့ တာဝန်ယူတယ်”

ဆိုပြီး သူက ပြောလာတော့ ငါလည်း စဉ်းစားကြည့်တယ်။ ဒါက ငါလုပ်နိုင်တဲ့ အလုပ်ဖြစ်နေတယ်ဆိုတော့ ငါ လုပ်ပေးနိုင်တာကို လုပ်နိုင်သလောက်တော့ ဒီလိုအခြေအနေမှာ လုပ်ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်

“ဒီလိုဆိုရင် ဦးလေး အကူအညီတောင်းတဲ့ ကိစ္စက တော်လှန်ရေးကိစ္စ ဖြစ်တယ်။ ဒါကို ကျနော်လည်း လုပ်နိုင်တယ်ဆိုတော့ ဦးလေးတို့ကို ကျနော် ကူညီလို့ရသလောက် ကူညီပါမယ်။ ရေခဲစက်မှာလုပ်ပြီး အချိန်ကုန်နေတာထက် တော်လှန်ရေးအတွက် အလုပ်လုပ်ရင်း အချိန်ကို အသုံးချရတာ ပိုကောင်းပါတယ်။ ကျနော့်အခက်အခဲအတွက် လိုအပ်တဲ့ဟာတွေကိုလည်း ပြန်ကူညီဖို့ ကတိပေးတဲ့အတွက်လည်း အခကြေးငွေ တောင်းတယ် မထင်ပါနဲ့။ ကျနော် အလုပ်မလုပ်ဘဲနေရင် ပါလာတဲ့ငွေက လိုအပ်တဲ့အခါ မလုံလောက် ဖြစ်လို့ မရလို့ပါ။ အဲဒါကြောင့်မို့ ကျနော့်မှာ လိုအပ်ချက်ကို ပြောပြတာပါ။ အခု ဦးလေးတို့ အဖွဲ့က အဲဒီကိစ္စကို တာဝန်ယူတယ်ဆိုတော့ ကျနော် အလုပ်က ထွက်ဖို့ စီစဉ်လိုက်တော့မယ်”

လို့ ပြန်ပြောလိုက်ပြီး ဒီတပတ်အတွင်း အလုပ်က ထွက်မယ်ဆိုတာကို စက်ရုံမှာ အကြောင်းကြားလိုက်တယ်။ ရေခဲစက်က ထွက်လာပြီးနောက် ပကျွတ်ခရီခန်ကို ငါ လိုက်သွားတယ်။ ပကျွတ်က ဦးအောင်စိန်သာရဲ့ ရုံးကို ရောက်တဲ့အခါ မြန်မာရေတပ်က ထွက်ပြေးလာတဲ့ ရန်နိုင်ဆိုသူနဲ့ ထွန်းထွန်းဆိုသူ နှစ်ယောက်ကို တွေ့တယ်။ ရန်နိုင်က

“ကျနော်က စစ်တွေ ဆင်ကူးလမ်းကပါ အကို။ အကို့ညီနဲ့ ကျနော်နဲ့ ကျောင်းနေဖက်ပါ”

လို့ မိတ်ဆက်တယ်။ ထွန်ထွန်းကတော့

“ကျနော်က ကျောက်တော်မြို့နယ်ကပါ”

လို့ မိတ်ဆက်တယ်။

ငါ ပကျွတ်ကိုရောက်ပြီး နောက်တနေ့မှာဘဲ ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်းကို ခရီးထွက်ခဲ့တယ်။ ရနောင်းက ရက္ခိုင်လှေသမားတွေရဲ့ ဆုံရပ်အဖြစ် ဖွင့်ထားတဲ့ မက္ကီလို အခန်းကို အရင်သွားတယ်။ ပြီးတော့ စိန်ကျော်သန်း ဆိုသူကို လိုက်ရှာပြီး ပါလာတဲ့စာကို ပေးလိုက်တယ်။ စိန်ကျော်သန်းက ငါ့ကို သူ့အခန်းလူကြီးဆိုသူနဲ့ တွေ့ပေးတယ်။ အဲ့ဒီအချိန်မှာ အခန်းလူကြီးက ဦးလှဖေ။

အဲဒီမှာ တည်းပြီးနောက် ငါတွေ့ရမဲ့ KNU က ဗိုလ်ကျော်သန်းဆိုသူ ကရင်လူငယ်တယောက်နဲ့ တွေ့ တယ်။ ပြီးတော့ ငါဟာ ရက္ခိုင်လူငယ်တွေကြားမှာ တော်လှန်ရေးအကြောင်းကို ဟောပြောတာတွေ လုပ်တယ်။ စည်းရုံးရေးလုပ်ငန်းတွေကို လုပ်တယ်။

တပ်ထဲဝင်လိုသူတွေကို ဦးအောင်စိန်သာတို့ရှိရာ ပို့ဆောင်ပေးနိုင်ရေး ကိစ္စတွေကို စီစဉ်ဆောင်ရွက်ပေးတယ်။ ဒီလိုနဲ့ ငါဟာ ရနောင်းနဲ့ ပကျွတ် ခီရီခန် ကို သွားလိုက် ပြန်လိုက်နဲ့ လုပ်နေရင်း သတင်းတခု ရတယ်။ အဲဒါကတော့ ပကျွတ်နဲ့ သိပ်မဝေးတဲ့ ချုံဖော်ခရိုင်ထဲက ထက်စကေးဆိုတဲ့နေရာမှာ ABSDF အဖွဲ့က စခန်းတခု ရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး All Burma Students Democratic Front။ အဲဒီအဖွဲ့ထဲမှာ ABSDF (Arakan) ဆိုတဲ့ ရခိုင်ကျောင်းသားတပ် တတပ်ရှိတယ် ဆိုတာကို။ ဒီတပ်ကို ခေါင်းဆောင်တာက ခိုင်မြတ်ကျော် တဲ့။

ခိုင်မြတ်ကျော်နဲ့ ငါနဲ့က ဘင်္ဂလားဒေ့ရှ်မှာကတည်းက ရင်းရင်းနှီနှီး ရှိခဲ့တယ်။ ပထမဆုံး တွေ့တာက ဟာရာပင်း ဆိုတဲ့ ဗိုလ်ချင်းပျံ တည်ထောင်ခဲ့တဲ့ ရွာကြီးမှာ။ နောက်ပိုင်း နတ်မြစ်ကမ်း မြစ်နားရွာ ခြံချောင်းတို့မှာ ငါနဲ့ မကြာမကြာ တွေ့ကြ ပြောကြ ဆိုကြ နေခဲ့ကြသူမို့လို့ သူဟာ ငါနဲ့ ရင်းနှီးနေတဲ့သူတယောက် ဖြစ်တယ်။ ဒါကြောင့် ငါ သူ့ကိုတွေ့ဖို့ ဆန္ဒရှိကြောင်း။ တွေ့လိုကြောင်း ဦးအောင်စိန်သာကို အကူအညီတောင်းလိုက်တော့ သူက စီစဉ်ပေးမယ်လို့ ပြောတယ်။

ငါ ဘန်ကောက်မှာရှိနေတုန်းက သန်းဖေလှ မိတ်ဆက်ပေးလို့ ပေါက်တောသား ကိုထွန်းကြိုင် (စစ်တွေကောလိပ် ကျောင်းသား) နဲ့အတူ စစ်တွေသား ကိုထွန်း တို့နဲ့ ရင်းနှီးခဲ့တယ်။ ငါဟာ သူ့တို့အခန်းကို မကြာမကြာ သွားလည်ဖြစ်တယ်။ တည်းခိုဖြစ်တယ်။

တနေ့မှာ အဲဒီအခန်းမှာ ABSDF (Arakan) က တာဝန်ရှိတဲ့ ခိုင်သော်ကောင်း (စစ်တွေကောလိပ်ကျောင်းသား) ကို မောင်တောသား ကိုသိန်အောင်ကျော် (စစ်တွေကောလိပ် ) နဲ့အတူ ဆုံကြတယ်။ သူတို့နဲ့ ဟိုအကြောင်း ဒီအကြောင်း ပြောရင်းနဲ့ ဘင်္ဂလာမှာရှိနေတဲ့ ကျောင်းသားအုပ်စု။ အိန္ဒိယမှာရှိတဲ့ မြောက်ဦးသား ခိုင်ကျော်ကျော် (English Major- ရန်ကုန်တက္ကသိုလ်ကျောင်းသား) တို့ရဲ့ ကျောင်းသားအုပ်စုတို့အကြောင်း ပြောဖြစ်ကြတယ်။ ခိုင်ကျော်ကျော်နဲ့လည်း ငါက ဘင်္ဂလားဒေ့ရှ်က ဟာရာပင်းရွာမှာ တွေ့ဖူးတယ်။ ရင်းနှီးဖူးတယ်။ ခိုင်ကျော်ကျော် ဦးဆောင်တဲ့ အုပ်စုအကြောင်းနဲ့ ကိုခိုင်မြတ်ကျော် ဦးဆောင်နေတဲ့ အုပ်စုအကြောင်းကို ပိုပြီးသိလာကြတဲ့အခါ ငါတို့ဟာ ပြည်ပမှာရှိနေကြတဲ့ ရက္ခိုင်ကျောင်းသားလူငယ်တွေအကြောင်း ပိုပြီး အလေးထား ပြောဆို ဆွေးနွေးဖြစ်လာကြတယ်။

ဒီလို ဆွေးနွေးဖြစ်ကြတဲ့သူတွေကတော့ ငါရယ် ကိုသိန်းအောင်ကျော် ကိုထွန်းကြိုင် (ဓညလင်း) ကိုထွန်း ကိုသိန်း- ကိုဇံ -ကိုရွှေမောင်-ကိုသိန်းမောင် (စစ်တွေ) တို့အပါအဝင် ဆယ်ယောက်လောက် ရှိတယ်။ ငါတို့ အဓိက ဦးတည်ဆွေးနွေးကြတာက ဘင်္ဂလားဒေ့ရှ်။ အိန္ဒိယနဲ့ ထိုင်းဆိုတဲ့ သုံးနိုင်ငံမှာရှိနေတဲ့ ရက္ခိုင် ကျောင်းသားလူငယ် ခေါင်းဆောင်ပိုင်းကို ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး ဆွေးနွေးညှိနှိင်းပွဲ တခုလုပ်မယ်။ ဒီလို သီးခြားစီ ရပ်တည်ပြီးရှိနေတဲ့ အဖွဲ့အားလုံးကို ပေါင်းစည်းပြီး အဖွဲ့အစည်းသစ် တခုတည်းအဖြစ် ထူထောင်ရမယ်။

အဲဒီလို စုစည်းထားတဲ့ ကျောင်းသားလူငယ်များနဲ့ တော်လှန်ရေးခရီးကို ရှေ့သို့ ခရီးဆက်နိုင်ရေးဆိုတဲ့ အယူအဆကို အကောင်အထည်ဖေါ်နိုင်ဖို့ ရည်ရွယ်ကြတယ်။

ဒီအယူအဆ အောင်မြင်လာဖို့အတွက် ရက္ခိုင်ကျောင်းသားလူငယ်ညီလာခံ ဖြစ်ပေါ်လာဖို့ မရှိမဖြစ် လိုအပ်တယ်။ ဒါကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ငါတို့ဟာ ဘန်ကောက်တနေရာမှာ အစည်းအဝေးတခုကို ခေါ်ယူပြီး ငါရယ် ကိုသိန်းအောင်ကျော်နဲ့ ကိုထွန်းကြိုင် အပါအဝင် လူငယ်တဆယ်ကျော်နဲ့ ရက္ခိုင်ကျောင်းသားလူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြတယ်။

ကော်မတီဖွဲ့စည်းပြီးတာနဲ့ ထိုင်းနိုင်ငံတခွင်မှာ လက်လှမ်းမှီသလောက် ဘဏ္ဍာငွေ ကောက်ခံရေး ခရီးထွက်ကြတယ်။ ဘန်ကောက်တခွင်က ရက္ခိုင်တွေရှိတဲ့နေရာတွေကို သွားပြီး စည်းရုံးရေး ဆင်းကြတယ်။ အထူးသဖြင့် ပေါက်တောသား ဆံရှည်ကိုစိန် (ရယောင်)။ မင်းပြားသား ကိုဦးထွန်းသာ (ဖပဒဲန်း)။ မာန်အောင်သား ဦးဘညွန့် (ချုန်ဖော်) အစရှိတဲ့သူတွေနဲ့ နေရာတွေ တော်တော်များများကို ခရီးထွက်ပြီး ဘဏ္ဏာငွေ ရရှိရေး ခရီးစဉ်ကို အချိန်ရရင် ရသလို သွားရောက် စည်းရုံးလိုက်တော့ တော်တော် ခရီးပေါက်လာတယ်။ ငွေရေး ကြေးရေးအရရော အမျိုးသားရေး လှုပ်ရှားမှူအရရော အားပေးဝိုင်းရံမှုတွေ ဆက်စပ်မှူတွေ ရရှိလာကြတယ်။

အလားတူ တဘက်မှာလည်း ငါဟာ NUFA တာဝန်ခံ ဦးအောင်စိန်သာကို ဝိုင်းကူလုပ်ပေးနေရတယ်။ ဒီအချိန်မှာဘဲ ဗိုလ်ကျန်စိန်မောင်ဆိုသူ ပကျွတ်ခရီခန်ရုံးကို ရောက်လာတယ်။ သူ ဘန်ကောက်ကို သွားမယ်ဆိုလို့ သူနဲ့အတူ ငါဟာ ဘန်ကောက်ကို လိုက်သွားရတယ်။ အဲဒီခရီးစဉ်မှာ AA စစ်ဦးစီးချုပ် ဗိုလ်ရာဇာနဲ့တွေ့ကြတယ်။ ဗိုလ်ရာဇာက ငါ့ကို ပြောတယ်။

“ကျော်ဟန်အကြောင်းကိုတော့ ကိုစောထွန်း ပြောပြလို့ သိထားပြီးသားပါ။ မင်း တာဝန်ယူ လှုပ်ရှားခဲ့တာတွေကိုလည်း ကိုစောထွန်းက ငါ့ကို ပြောပြတယ်။ နောက်မကြာခင်မှာ မင်းကို ငါတို့ လုပ်ဆောင်နေတဲ့ ပင်လယ်ပြင်လုပ်ငန်းကို လိုက်ပြီး လေ့လာကြည့်ဖို့လည်း ခေါ်ချင်တယ်”

လို့ ပြောတယ်။ ငါလည်း

“ဟုတ်ကဲ့.. လိုက်ကြည့်ချင်တယ်။ ခေါ်တဲ့အခါ လိုက်မယ်”

လို့ စိတ်ပါလက်ပါ ပြန်ဖြေလိုက်တယ်။ အဲလိုပြောနေရင်းနဲ့ ကိုခိုင်မြတ်ကျော်တို့ ရပ်တည်နေတဲ့ အကြောင်းကို ရောက်သွားတော့ ဗိုလ်ရာဇာက ခုလို ပြောတယ်။

“သူတို့အနေနဲ့ ABSDF (Arakan) ဆိုပြီး သူများဆီမှာ အဖီတွဲနေမဲ့အစား သီးခြား ရက္ခိုင်ကျောင်းသားအဖွဲ့လုပ်ပြီး ရပ်တည်သင့်တယ်။ အဲလိုဖြစ်လာရင် ငါတို့လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးမယ်”

လို့ ငါ့ကို ပြောပြတယ်။ အဲလို ပြောတဲ့နေရာက ရမ်ကန်ဟန်းက အပါ့မင့်တ် Apartment တခုမှာ။ အခန်းထဲမှာ ဗိုလ်ရာဇာ ဇနီး နော်ထီးရယ်။ သူ့သား အကြီးက (၃) နှစ်လောက် အရွယ်နဲ့ အငယ်က (၉) လလောက် အရွယ်တို့လည်း အတူတူ ရှိနေကြတယ်။ အဲဒီအိမ်ခန်းက ပြန်ခါနီးမှာ ဗိုလ်ရာဇာက သူတို့မိသားစုနဲ့အတူတူ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြရအောင်လို့ ပြောပြီး ဓါတ်ပုံရိုက်ကြတယ်။

အဲဒီနောက်မှာ ဗိုလ်ကျန်စိန်မောင်နဲ့ ဗိုလ်ရာဇာတို့နှစ်ယောက် တနာရီလောက်ကြာအောင် စကားတွေ ပြောကြတယ်။ ပြီးနောက် ဗိုလ်ကျန်စိန်မောင်နဲ့ ငါတို့ဟာ အခြားတနေရာကို သွားကြတယ်။ အဲဒီနေရာမှာ နေဦးဆိုတဲ့ ဗမာလူငယ်တစ်ယောက်နဲ့ အညိုဆိုတဲ့ ရက္ခိုင်တယောက် ရှိတယ်။

အညိုက စက်နဲ့ထိုးပြီး လုပ်ထားတဲ့ NUPA အောင်လံတော်ကို ထုတ်ယူလာပြီး ပြတယ်။ ဒီတော့ ဗိုလ်ကျန်စိန်မောင်က ဒီအောင်လံတော်နဲ့အတူ ငါတို့ ဓါတ်ပုံရိုက်ကြအောင် ပြောလိုက်တော့ အောင်လံကို အုတ်နံရံမှာ ကပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ အဲဒီအခန်းမှာ ညနေစာစားပြီး အဲဒီမှာဘဲ ငါတို့ ညအိပ် တည်းခိုခဲ့ကြတယ်။ နောက်တနေ့ မိုးလင်းတော့ ငါတို့ဟာ ပကျွတ်ခရီခန်ရုံးကို ပြန်လာခဲ့ကြတယ်။

အောက်တိုဘာလထဲမှာ ဦးအောင်စိန်သာ ရုံးစိုက်ရာ ပကျွတ်ခရီခန်ကို ခိုင်မြတ်ကျော် ရောက်လာတော့ ငါတို့ ပြန်ဆုံကြတယ်။ ရှေ့ဟောင်းနှောင်းဖြစ်တွေကို တော်တော် ပြောဖြစ်တယ်။ သူက သူတို့စခန်းကို လိုက်လည်ဖို့ ဖိတ်ခေါ်တော့ သူပြန်တဲ့အခါ သူနဲ့အတူ လိုက်သွားတယ်။ စခန်းကို လျှောက်သွားနေတုန်း ဗိုလ်ရာဇာ ပြောပြတဲ့အတိုင်း ကိုခိုင်မြတ်ကျော်ကို ငါပြောပြလိုက်တော့ သူက

“ဗိုလ်ရာဇာ ဒီလိုပြောတာ အမှန်လား”

လို့ ငါ့ကို မေးတော့ ငါက

 ၀

“ဟုတ်တယ်။ သူပြောတဲ့အတိုင်း သူ့ပြောစကားကို ငါ ပြန်ပြောတာ”

လို့ ပြောတော့ သူ ဝမ်းသာအားရနဲ့ ခုလို ငါ့ကို ပြန်ပြောတယ်။

“သူတို့က ငွေကြေး လိုလေသေးမရှိအောင် ရှာနိုင်တယ်။ သူတို့သာ အမှန်ကူမယ်ဆိုရင်တော့ ကောင်းတယ်။ သိပ်မကြာခင်ကလည်း ငါနဲ့ နောက်တယောက်ကို ဘင်္ဂလားဒေ့ရှ်ကိုသွားတဲ့ ခရီးစရိတ် ပက်စပို့စရိတ် လေယာဉ်စရိတ်တို့ကို ကူညီပေးခဲ့ဖူးတယ်”

အဲဒီလို စကားပြောလာရင်း စခန်းက လာကြိုတဲ့ ထွန်းစံနဲ့ နောက်တယောက်ကိုတွေ့တော့ ကိုခိုင်မြတ်ကျော်က သူတို့နဲ့ မိတ်ဆက်ပေးပြီး ဆက်လျှောက်လာကြရာ ခဏအကြာမှာ စခန်းကို ရောက်တယ်။ စခန်းမှာ မြောက်ဦးသား ကိုစံသာအောင် (အဝေးသင်တက္ကသိုလ်ကျောင်းသား) နဲ့အတူ ကိုစိုးစံ အပါအဝင် ကျောင်းသားလူငယ် တဆယ်ကျော်လောက်နဲ့ တွေ့ခဲ့ရတယ်။ သူတို့တွေရဲ့ လွတ်မြောက်လိုမှု စိတ်ဓါတ်တွေ ခံယူချက်တွေနဲ့ လုံ့လစိုက် အားထုတ်ကြိုးစားနေကြတာတွေကို သိမြင်ကြားသိခဲ့ရတော့ ငါ တချိန်တုန်းက ဖြတ်သန်းခဲ့ရတာကို သတိတရ ဖြစ်ခဲ့ရတယ်။ ကိုခိုင်မြတ်ကျော်ကလည်း

“ဗိုလ်ရာဇာက ဒီလို ပြောတယ်ဆိုတော့ ငါတို့ လူသစ် ထပ်စုလိုကြောင်းနဲ့ အဆင်ပြေရင် လူသစ် စည်းရုံး စုဆောင်းပေးဖို့“

ငါ့ကို ပြောလာတယ်။ ငါလည်း NUFA အတွက်လည်း စည်းရုံး လူသစ်စု လုပ်နေတာကို သူလည်းသိတယ်ဆိုတော့ အတတ်နိုင်ဆုံး ကူပေးမယ်လို့ ကတိပေးလိုက်တယ်။

ငါဟာ ငါ့မိဘတွေ ညီအကိုမောင်နှမတွေအတွက် ကိုးရီးယားကိုသွားပြီး အလုပ်လုပ်မယ်။ တတ်နိုင်သမျှ မိသားစုကို ပြန်ထောက်ပံ့မယ် ကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့တာ။ ခု လမ်းတဝက် ဘန်ကောက်မှာ ကိုးရီးယား ခရီးစဉ်ကို စောင့်နေတုန်း ငါ့ပခုံးထက်မှာ ငါကိုယ်တိုင် တင်ထားတဲ့ တာဝန်.. ငါ့လူမျိုးအတွက် အမျိုးသားရေး တာဝန်တရပ်ဖြစ်တဲ့ မျိုးဆက်သစ် လူငယ်တွေ ကျောင်းသားတွေနဲ့ ရှေ့ခရီးကို ချီတက်မဲ့ လမ်းကြောင်းကို ထိုင်းမှာ ရောက်နေတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ စတင် ဖောက်လုပ်နေမိပြီ ဖြစ်တယ်။

Related posts

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times

ဂွမြို့ကို စကမ ဗုံး ၃ ကြိမ် လာကြဲ၊ အလုံးရေ ၈ လုံးခန့်ရှိ(Breaking News)

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

203 comments

https://medibang.com/ မေ 16, 2026 at 5:58 ညနေ

References:

Casino bet

References:
https://medibang.com/

Reply
skitterphoto.com မေ 22, 2026 at 8:24 ညနေ

References:

Casino san francisco

References:
skitterphoto.com

Reply
umkmcerdaspajak.id မေ 23, 2026 at 12:03 မနက်

References:

The colosseum at caesars windsor

References:
umkmcerdaspajak.id

Reply
amur.1gb.ua မေ 23, 2026 at 4:25 မနက်

References:

Aristocrat slots amur.1gb.ua

Reply
pad.stuve.uni-ulm.de မေ 23, 2026 at 6:38 မနက်

References:

Wisconsin casinos pad.stuve.uni-ulm.de

Reply
skyscrapperwiki.site မေ 23, 2026 at 6:53 မနက်

References:

Live casino direct skyscrapperwiki.site

Reply
dailybeacon.space မေ 23, 2026 at 10:31 ညနေ

References:

Hooters casino las vegas dailybeacon.space

Reply
resonantmindcollective.com မေ 27, 2026 at 7:41 မနက်

References:

Hardrock casino resonantmindcollective.com

Reply
kaitlynujhq917252.life3dblog.com မေ 30, 2026 at 10:15 ညနေ

References:

High limit blackjack kaitlynujhq917252.life3dblog.com

Reply
https://bandori.party/user/1031557/spherewave54/ ဇွန် 2, 2026 at 8:21 မနက် Reply
neoclassical.space ဇွန် 2, 2026 at 12:00 ညနေ

References:

Silver reef casino neoclassical.space

Reply
https://tvoyaskala.com ဇွန် 2, 2026 at 5:45 ညနေ

References:

Blackjack strategy trainer https://tvoyaskala.com

Reply
http://lukovich.ru/user/frenchserver9/ ဇွန် 5, 2026 at 2:21 မနက်

References:

New york casino http://lukovich.ru/user/frenchserver9/

Reply
xtuml.org ဇွန် 5, 2026 at 4:58 မနက်

References:

River spirit casino xtuml.org

Reply
https://www.instapaper.com/p/17728408 ဇွန် 5, 2026 at 6:40 မနက်

References:

Kickapoo lucky eagle casino https://www.instapaper.com/p/17728408

Reply
pad.geolab.space ဇွန် 5, 2026 at 12:05 ညနေ

References:

Casino reviews pad.geolab.space

Reply
http://karayaz.ru ဇွန် 5, 2026 at 10:54 ညနေ

References:

Barona casino http://karayaz.ru

Reply
https://pad.stuve.uni-ulm.de/s/doy8VNsMN ဇွန် 5, 2026 at 11:03 ညနေ

References:

Best slot machine app https://pad.stuve.uni-ulm.de/s/doy8VNsMN

Reply
forum-joyingauto.com ဇွန် 6, 2026 at 6:24 မနက်

References:

Northern california casinos forum-joyingauto.com

Reply
http://adrestyt.ru/user/jaguarshelf52/ ဇွန် 6, 2026 at 6:56 မနက်

References:

Montreux casino http://adrestyt.ru/user/jaguarshelf52/

Reply
https://actualites.cava.tn/user/sackguilty68/ ဇွန် 6, 2026 at 7:31 မနက် Reply
https://eggswiki.site ဇွန် 6, 2026 at 5:59 ညနေ

References:

Reef club casino https://eggswiki.site

Reply
tvoyaskala.com ဇွန် 6, 2026 at 7:05 ညနေ

References:

Bonus slot machines tvoyaskala.com

Reply
https://greecestudies.site/ ဇွန် 6, 2026 at 9:40 ညနေ

References:

Casino canada https://greecestudies.site/

Reply
https://greecestudies.site/ ဇွန် 6, 2026 at 10:22 ညနေ

References:

Shooting star casino https://greecestudies.site/

Reply
https://hackmd.okfn.de/s/r1xh95Y7lMl ဇွန် 6, 2026 at 11:33 ညနေ

References:

Simslots com https://hackmd.okfn.de/s/r1xh95Y7lMl

Reply
nutritionwiki.space ဇွန် 6, 2026 at 11:34 ညနေ

References:

Instant Casino Login vergessen

References:
nutritionwiki.space

Reply
https://literaryforge.blog/author/sparkengine61/ ဇွန် 7, 2026 at 12:11 မနက် Reply
swain-vega-2.thoughtlanes.net ဇွန် 7, 2026 at 12:53 မနက်

References:

Casino verite swain-vega-2.thoughtlanes.net

Reply
https://pbase.com/pearturnip92/ ဇွန် 7, 2026 at 1:54 မနက်

References:

Luxury casino https://pbase.com/pearturnip92/

Reply
http://okprint.kz ဇွန် 7, 2026 at 3:29 မနက်

References:

Casino ladbrokes http://okprint.kz

Reply
https://commonwiki.space ဇွန် 7, 2026 at 3:47 မနက်

References:

Random number generator online https://commonwiki.space/wiki/Zahlungsmethoden_lernen

Reply
https://pbase.com ဇွန် 7, 2026 at 4:17 မနက်

References:

Four winds casino michigan https://pbase.com

Reply
https://bridgedesign.site ဇွန် 7, 2026 at 5:08 မနက်

References:

Roulette game download https://bridgedesign.site

Reply
http://karayaz.ru/ ဇွန် 7, 2026 at 5:41 မနက်

References:

Blackjack strategy trainer http://karayaz.ru/

Reply
molchanovonews.ru ဇွန် 8, 2026 at 5:12 မနက်

References:

Online casino software molchanovonews.ru

Reply
numberfields.asu.edu ဇွန် 21, 2026 at 12:33 မနက်

References:

%random_anchor_text% numberfields.asu.edu

Reply
https://thebookpage.com/ ဇွန် 21, 2026 at 12:45 မနက်

References:

Hollywood casino toledo oh https://thebookpage.com/

Reply
500px.com ဇွန် 21, 2026 at 7:52 မနက်

References:

%random_anchor_text% 500px.com

Reply
https://highkeysocial.com/ ဇွန် 21, 2026 at 9:21 မနက်

References:

Maryland live casino poker https://highkeysocial.com/

Reply
http://1sch.net/ ဇွန် 21, 2026 at 10:48 မနက်

References:

%random_anchor_text% http://1sch.net/

Reply
monobookmarks.com ဇွန် 21, 2026 at 12:42 ညနေ

References:

Pink floyd eclipse monobookmarks.com

Reply
http://amur.1gb.ua/user/bettyarea7/ ဇွန် 21, 2026 at 2:32 ညနေ

References:

%random_anchor_text% http://amur.1gb.ua/user/bettyarea7/

Reply
https://hackmd.okfn.de/s/rypbJ-4GGl ဇွန် 21, 2026 at 2:39 ညနေ

References:

%random_anchor_text% https://hackmd.okfn.de/s/rypbJ-4GGl

Reply
play.jelele.com ဇွန် 22, 2026 at 6:31 မနက်

References:

Blackjacks elgin play.jelele.com

Reply
https://goldinout.com/ ဇွန် 22, 2026 at 6:51 ညနေ

References:

Hard rock casino tulsa ok https://goldinout.com/

Reply
https://superocho.org ဇွန် 23, 2026 at 7:45 မနက်

References:

Mardi gras casino wv https://superocho.org

Reply
https://www.eytevoyages.com/ ဇွန် 24, 2026 at 4:42 မနက်

References:

Play blackjack for fun https://www.eytevoyages.com/

Reply
https://www.propose.lk ဇွန် 24, 2026 at 3:39 ညနေ

References:

Gran casino madrid https://www.propose.lk

Reply
https://fikfab.net/@qgjmilan285930?page=about ဇွန် 24, 2026 at 4:40 ညနေ Reply
drive3.movitv4k.com ဇွန် 24, 2026 at 10:13 ညနေ

References:

Ac online casino drive3.movitv4k.com

Reply
https://silatdating.com/ ဇွန် 25, 2026 at 2:12 မနက်

References:

Jai alai casino https://silatdating.com/

Reply
http://www.aionesight.com/kareem02t46171 ဇွန် 25, 2026 at 2:35 မနက်

References:

London casino http://www.aionesight.com/kareem02t46171

Reply
https://doorweek30.bravejournal.net ဇွန် 25, 2026 at 3:59 မနက်

References:

Legiano Casino Bonus ohne Einzahlung https://doorweek30.bravejournal.net

Reply
https://datemyfamily.tv/@dakotagur13101 ဇွန် 25, 2026 at 6:49 မနက်

References:

Spirit mt casino https://datemyfamily.tv/@dakotagur13101

Reply
500px.com ဇွန် 25, 2026 at 7:50 မနက်

References:

Legiano Casino Sicherheit 500px.com

Reply
remember.es ဇွန် 25, 2026 at 10:07 မနက်

References:

Online casinos uk remember.es

Reply
briefjournal.site ဇွန် 25, 2026 at 3:09 ညနေ

References:

Legiano Casino Cashback briefjournal.site

Reply
https://fastping24.com/ ဇွန် 25, 2026 at 10:33 ညနေ

References:

Ho chunk casino madison https://fastping24.com/

Reply
viewcast.altervista.org ဇွန် 25, 2026 at 10:47 ညနေ

References:

Hippodrome casino viewcast.altervista.org

Reply
https://watson-johannessen-4.federatedjournals.com ဇွန် 26, 2026 at 3:19 မနက်

References:

Legiano Casino Zahlungsmethoden https://watson-johannessen-4.federatedjournals.com

Reply
https://telegra.ph/ ဇွန် 26, 2026 at 2:10 ညနေ

References:

Legiano Casino Sicherheit https://telegra.ph/

Reply
https://greenopps420.com/ ဇွန် 26, 2026 at 10:21 ညနေ

References:

Legiano Casino No Deposit Bonus https://greenopps420.com/

Reply
https://adsandclips.com/ ဇွန် 27, 2026 at 12:24 မနက်

References:

Legiano Casino Mindesteinzahlung https://adsandclips.com/

Reply
videos.awaregift.com ဇွန် 27, 2026 at 12:36 မနက်

References:

Legiano Casino Promo Code videos.awaregift.com

Reply
https://bigotube.com ဇွန် 27, 2026 at 5:48 မနက်

References:

Legiano Casino Bonus ohne Einzahlung https://bigotube.com

Reply
https://www.itubee.com/@christianehall?page=about ဇွန် 27, 2026 at 6:19 မနက်

References:

Legiano Casino Login https://www.itubee.com/@christianehall?page=about

Reply
https://ccn-tv.news ဇွန် 27, 2026 at 8:51 မနက်

References:

Legiano Casino No Deposit Bonus https://ccn-tv.news

Reply
actv.1tv.hk ဇွန် 27, 2026 at 10:33 မနက်

References:

Legiano Casino Login Deutschland actv.1tv.hk

Reply
https://vxtube.net/@heike348277539?page=about ဇွန် 27, 2026 at 12:26 ညနေ

References:

Legiano Casino Mindesteinzahlung https://vxtube.net/@heike348277539?page=about

Reply
https://7yue.net/julissaalcala8 ဇွန် 27, 2026 at 1:57 ညနေ

References:

Legiano Casino Zahlungsmethoden https://7yue.net/julissaalcala8

Reply
muslimlove.com ဇွန် 27, 2026 at 2:37 ညနေ

References:

Legiano Casino legal muslimlove.com

Reply
dotvdo.com ဇွန် 27, 2026 at 6:10 ညနေ

References:

Legiano Casino Login Deutschland dotvdo.com

Reply
mkhonto.net ဇွန် 27, 2026 at 9:11 ညနေ

References:

Legiano Casino Auszahlung Dauer mkhonto.net

Reply
https://lasigal.com/ ဇွန် 28, 2026 at 3:15 မနက်

References:

Legiano Casino Android https://lasigal.com/

Reply
www.haphong.edu.vn ဇွန် 28, 2026 at 10:09 မနက်

References:

Legiano Casino Auszahlungsdauer http://www.haphong.edu.vn

Reply
https://www.haphong.edu.vn ဇွန် 28, 2026 at 10:20 မနက်

References:

Legiano Casino 2026 https://www.haphong.edu.vn

Reply
https://www.news.lafontana.edu.co/profile/frankcwcrich62364/profile ဇွန် 28, 2026 at 11:17 မနက်

References:

Legiano Casino Mindesteinzahlung https://www.news.lafontana.edu.co/profile/frankcwcrich62364/profile

Reply
https://www.news.lafontana.edu.co ဇွန် 28, 2026 at 12:52 ညနေ

References:

Legiano Casino seriös https://www.news.lafontana.edu.co

Reply
altamira.edu.ec ဇွန် 28, 2026 at 2:03 ညနေ

References:

Legiano Casino Zahlungsmethoden altamira.edu.ec

Reply
https://www.foreignspouse.com/ ဇွန် 29, 2026 at 12:26 မနက်

References:

Legiano Casino Auszahlungslimit https://www.foreignspouse.com/

Reply
douban.com ဇွန် 29, 2026 at 8:26 မနက်

References:

Legiano Casino Willkommensbonus douban.com

Reply
https://duncanvilledash.com/@zulmaneel25887?page=about ဇွန် 29, 2026 at 8:44 မနက်

References:

Legiano Casino Auszahlungslimit https://duncanvilledash.com/@zulmaneel25887?page=about

Reply
https://www.google.com.hk ဇွန် 29, 2026 at 10:46 မနက်

References:

Legiano Casino Live Casino https://www.google.com.hk

Reply
https://maps.google.mn/ ဇွန် 29, 2026 at 11:01 မနက်

References:

Legiano Casino Bonus ohne Einzahlung https://maps.google.mn/

Reply
google.com ဇွန် 29, 2026 at 12:19 ညနေ

References:

Legiano Casino Live Chat google.com

Reply
https://iamtube.jp/@heribertochris?page=about ဇွန် 29, 2026 at 1:21 ညနေ

References:

Legiano Casino Auszahlungsdauer https://iamtube.jp/@heribertochris?page=about

Reply
Online Casino Bonus ဇူလိုင် 4, 2026 at 2:29 ညနေ

References:

Casino Hamburg Öffnungszeiten Online Casino Bonus

Reply
https://preserve.lib.unb.ca ဇူလိုင် 4, 2026 at 7:41 ညနေ

References:

Legiano Casino Verifizierung https://preserve.lib.unb.ca

Reply
mcpedl.com ဇူလိုင် 4, 2026 at 9:01 ညနေ

References:

Legiano Casino Willkommensbonus mcpedl.com

Reply
http://cmbe-console.worldoftanks.com ဇူလိုင် 4, 2026 at 9:26 ညနေ

References:

Legiano Casino sicher http://cmbe-console.worldoftanks.com

Reply
https://gen.medium.com ဇူလိုင် 4, 2026 at 10:07 ညနေ

References:

Legiano Casino Bewertung https://gen.medium.com

Reply
rubattle.net ဇူလိုင် 5, 2026 at 12:46 မနက်

References:

Legiano Casino PayPal rubattle.net

Reply
http://skin-skin31--shop5.irisccc.cafe24.com ဇူလိုင် 5, 2026 at 12:49 မနက်

References:

Legiano Casino Meinungen http://skin-skin31–shop5.irisccc.cafe24.com

Reply
https://rtraveler.ru/ ဇူလိုင် 5, 2026 at 12:54 မနက်

References:

Legiano Casino Spiele https://rtraveler.ru/

Reply
comita.spb.ru ဇူလိုင် 5, 2026 at 1:14 မနက်

References:

Legiano Online Casino comita.spb.ru

Reply
www.camtomycam.com ဇူလိုင် 5, 2026 at 2:17 မနက်

References:

Legiano Casino Einzahlung http://www.camtomycam.com

Reply
https://ca.do4a.pro ဇူလိုင် 5, 2026 at 2:59 မနက်

References:

Legiano Casino Sicherheit https://ca.do4a.pro

Reply
https://csszengarden.com/ ဇူလိုင် 5, 2026 at 5:00 မနက်

References:

Legiano Casino Bonusbedingungen https://csszengarden.com/

Reply
http://old.nl-club.ru ဇူလိုင် 5, 2026 at 6:53 မနက်

References:

Legiano Casino Abzocke http://old.nl-club.ru

Reply
podvodny.ru ဇူလိုင် 5, 2026 at 7:10 မနက်

References:

Legiano Casino Kritik podvodny.ru

Reply
http://www.google.ci/ ဇူလိုင် 5, 2026 at 8:32 မနက်

References:

Legiano Casino Spielautomaten http://www.google.ci/

Reply
http://img.2chan.net/ ဇူလိုင် 5, 2026 at 9:23 မနက်

References:

Legiano Casino Bonus ohne Einzahlung http://img.2chan.net/

Reply
spbtalk.ru ဇူလိုင် 5, 2026 at 10:35 မနက်

References:

Legiano Casino Mindestauszahlung spbtalk.ru

Reply
tiwar.ru ဇူလိုင် 5, 2026 at 10:36 မနက်

References:

Legiano Casino Erfahrungen tiwar.ru

Reply
autoitscript.com ဇူလိုင် 6, 2026 at 5:36 မနက်

References:

Legiano Casino 2026 autoitscript.com

Reply
mimi28.ahlamontada.com ဇူလိုင် 6, 2026 at 6:18 မနက်

References:

Legiano Casino Login Deutschland mimi28.ahlamontada.com

Reply
http://www.reshalkino.ru ဇူလိုင် 6, 2026 at 6:30 မနက်

References:

Legiano Casino Tischspiele http://www.reshalkino.ru

Reply
https://api.follow.it ဇူလိုင် 6, 2026 at 8:05 မနက်

References:

Legiano Casino Mindestauszahlung https://api.follow.it

Reply
https://ixion.astroempires.com/ ဇူလိုင် 6, 2026 at 8:25 မနက်

References:

Legiano Casino Bewertung https://ixion.astroempires.com/

Reply
ocprof.ru ဇူလိုင် 6, 2026 at 11:21 မနက်

References:

Legiano Casino Gutschein ocprof.ru

Reply
calvaryofhope.org ဇူလိုင် 6, 2026 at 12:11 ညနေ

References:

Legiano Casino Gutscheincode calvaryofhope.org

Reply
http://www.24subaru.ru ဇူလိုင် 6, 2026 at 12:31 ညနေ

References:

Legiano Casino Deutschland http://www.24subaru.ru

Reply
https://board-en.drakensang.com/ ဇူလိုင် 6, 2026 at 12:54 ညနေ

References:

Legiano Casino Gutscheincode https://board-en.drakensang.com/

Reply
shababzgm.alafdal.net ဇူလိုင် 6, 2026 at 1:30 ညနေ

References:

Legiano Casino Registrierung shababzgm.alafdal.net

Reply
piratebooks.ru ဇူလိုင် 6, 2026 at 2:56 ညနေ

References:

Legiano Casino Gratis Spins piratebooks.ru

Reply
http://dat.2chan.net ဇူလိုင် 6, 2026 at 3:56 ညနေ

References:

Legiano Casino 2026 http://dat.2chan.net

Reply
cruises.ruscruiz.ru ဇူလိုင် 6, 2026 at 5:31 ညနေ

References:

Legiano Casino Kundenservice cruises.ruscruiz.ru

Reply
faktor-info.ru ဇူလိုင် 6, 2026 at 6:04 ညနေ

References:

Legiano Casino Sicherheit faktor-info.ru

Reply
https://external.playonlinux.com ဇူလိုင် 6, 2026 at 6:43 ညနေ

References:

Legiano Casino Einzahlung https://external.playonlinux.com

Reply
https://masteram.us/ ဇူလိုင် 6, 2026 at 10:15 ညနေ

References:

Legiano Casino PayPal https://masteram.us/

Reply
https://delta.astroempires.com ဇူလိုင် 6, 2026 at 10:29 ညနေ

References:

Legiano Casino Bonus ohne Einzahlung https://delta.astroempires.com

Reply
wiki.wargaming.net ဇူလိုင် 6, 2026 at 10:40 ညနေ

References:

Legiano Casino VIP Programm wiki.wargaming.net

Reply
toolbarqueries.google.com.pr ဇူလိုင် 7, 2026 at 12:57 မနက်

References:

Legiano Casino Gutscheincode toolbarqueries.google.com.pr

Reply
http://l2top.co/ ဇူလိုင် 7, 2026 at 2:25 မနက်

References:

Legiano Casino No Deposit Bonus http://l2top.co/

Reply
https://29.pexeburay.com/ ဇူလိုင် 7, 2026 at 3:09 မနက်

References:

Legiano Casino Registrierung https://29.pexeburay.com/

Reply
no.thefreedictionary.com ဇူလိုင် 7, 2026 at 6:13 မနက်

References:

Legiano Casino Mindestauszahlung no.thefreedictionary.com

Reply
https://www.google.com.ai ဇူလိုင် 7, 2026 at 7:51 မနက်

References:

Legiano Casino Gratis Spins https://www.google.com.ai

Reply
toyhou.se ဇူလိုင် 7, 2026 at 8:36 မနက်

References:

Legiano Casino Jackpot toyhou.se

Reply
https://socport.ru/ ဇူလိုင် 7, 2026 at 11:52 မနက်

References:

Legiano Casino Abzocke https://socport.ru/

Reply
www.ironhidegames.com ဇူလိုင် 7, 2026 at 1:40 ညနေ

References:

Legiano Casino Paysafecard http://www.ironhidegames.com

Reply
https://10.cholteth.com/ ဇူလိုင် 7, 2026 at 3:49 ညနေ

References:

Legiano Casino Code https://10.cholteth.com/

Reply
https://carstensen-ingram.hubstack.net ဇူလိုင် 7, 2026 at 5:27 ညနေ

References:

Legiano Casino Echtgeld https://carstensen-ingram.hubstack.net

Reply
http://images.google.com.uy ဇူလိုင် 22, 2026 at 2:08 ညနေ

shooting star casino

References:
http://images.google.com.uy

Reply
kellyoakleyphotography.com ဇူလိုင် 22, 2026 at 6:39 ညနေ

grand casino helsinki

References:
kellyoakleyphotography.com

Reply
https://tripleoggames.com ဇူလိုင် 24, 2026 at 12:33 မနက်

peppermill casino reno

References:
https://tripleoggames.com

Reply
maps.google.fi ဇူလိုင် 24, 2026 at 5:10 မနက်

References:

Station casinos maps.google.fi

Reply
git.ellinger.eu ဇူလိုင် 24, 2026 at 9:18 မနက်

References:

Sault ste marie casino git.ellinger.eu

Reply
https://links.gtanet.com.br/marcelocrand ဇူလိုင် 24, 2026 at 1:37 ညနေ

References:

Isle casino pompano https://links.gtanet.com.br/marcelocrand

Reply
git.techworkshop42.ru ဇူလိုင် 25, 2026 at 6:13 ညနေ

References:

Rampart casino git.techworkshop42.ru

Reply
https://vxtube.net/@shawnaebert757?page=about ဇူလိုင် 25, 2026 at 9:43 ညနေ Reply
spechrom.com ဇူလိုင် 25, 2026 at 10:45 ညနေ Reply
http://images.google.lv/ ဇူလိုင် 26, 2026 at 8:15 မနက် Reply
https://klimaexpress-tube.de ဇူလိုင် 26, 2026 at 10:27 ညနေ Reply
https://tageeapp.com/@vivienilx41695?page=about ဇူလိုင် 27, 2026 at 12:46 မနက် Reply
lookingforjob.co ဇူလိုင် 27, 2026 at 6:05 မနက် Reply
https://www.tksea.top/selenaswint691 ဇူလိုင် 31, 2026 at 3:58 ညနေ

References:

Apex casino strazny https://www.tksea.top/selenaswint691

Reply
go.onsig.ai ဇူလိုင် 31, 2026 at 9:43 ညနေ

References:

Ashley revell https://go.onsig.ai/cixcorrine7346

Reply
https://git.winscloud.net/ ဇူလိုင် 31, 2026 at 11:43 ညနေ

References:

Aquarius casino laughlin https://git.winscloud.net/jodieplummer93

Reply
http://43.156.38.44:3000/damianfinley33 ဩဂုတ် 2, 2026 at 9:04 မနက်

References:

Slot machine casino http://43.156.38.44:3000/damianfinley33

Reply
https://git.juntekim.com/ ဩဂုတ် 2, 2026 at 10:49 မနက်

References:

Vancouver casinos https://git.juntekim.com/stephancrosby7

Reply
https://salamihub.ru/janellesmither ဩဂုတ် 2, 2026 at 3:01 ညနေ

References:

Harras casino https://salamihub.ru/janellesmither

Reply

Leave a Comment