NewsPolitic

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၆ မေ ၂၀၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်စစ်မျက်နှာတွင် စစ်ကော်မရှင်ရဲ့ လာသမျှတပ်မတွေကို အာရက္ခတပ်တော်က စစ်ဦးကျိုးအောင် ချေမှုန်းနိုင်ခဲ့တယ်လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“နတ်ရေကန်စစ်မျက်နှာမှာဆိုရင်လည်း လာသမျှ တပ်မတွေကို စစ်ဦးကျိုးသွားတာအထိ ချေမှုန်းနိုင်ခဲ့သလို ရိုးအောက်ခြေ မုန်းချာင်း မန်းချောင်း တလျောက် ဒေသခံ တော်လှန်ရေးတပ်တွေ စိမ့်ဝ်ကစားနိုင်တဲ့အထိ စစ်ဘောင် ကျယ်ပြန့်လာတာကိုလည်း တွေ့ရပါတယ်” CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

နတ်ရေဗျူဟာကုန်းကို စစ်ကော်မရှင်တပ်က ပဒါန်းတပ်နယ်ရှိ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေကနေ စစ်အင်အားတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

“ညောင်ကျိုးနဲ့ နတ်ရေကန် စစ်မျက်နှာတွေမှတော့ ကပစ စက်ရုံတွေ အနီးထိ ချဉ်းကပ်နိုင်မိတဲ့ အနေအထား ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ အာရက္ခတပ်ဟာ စကစ ထံက သိမ်းဆည်းရရှိထားတဲ့ လက်နက်ကြီးတွေကို အမ်း၊ တောင်ကုတ်နဲ့ မောင်တော စတဲ့ တိုက်စစ်မျက်နှာစာတွေမှာ ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ခဲ့ပေမယ့် အခုကာလအထိ အဆိုပါ စစ်မျက်နှာတွေမှာ (ရက္ခိုင်ပြည်ပြင်ပ) ၆၀ မမ စိန်ပြောင်းထက် ကြီးတဲ့ လက်နက်ကြီးတွေ အသုံးချလာတာကို မတွေ့ရှရသေးပါဘူး” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတခုဖြစ်သလို ရက္ခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတခုလည်း ဖြစ်ပါတယ်။

အဆိုပါ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတွေဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်းအစပ် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) တပ်တွေက ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်၊ ပြစ်ဒဏ်ကို ပြည်သူတွေ ဝေဖန်

Rakhita Times

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

ANP ပါတီက ဦးသာထွန်းလှ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း

Rakhita Times

Leave a Comment