EducationHealthNewsPolitic

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

အာရက္ခတိုင်းမ်စ် (၅ မေ ၂၀၂၆)

ရက္ခိုင်ပြည်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

“ရက္ခိုင်ပြည်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားပြီး ဒီအစီအစဉ်အတွက် ကျနော်တို့ အလွန်စိတ်အားထက်သန်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

၂၀၂၆ ခုနစ်တွင် သူနာပြု ၁၂၀ ကို သင်တန်းပေးဖို့စီစဉ်ထားပြီး ဆရာဝန်အနေနဲ့ ၅၀ ကျော် ၆၀ နီးပါးရှိတယ်လို့လည်း ဗိုလ်ချုပ်က ဆိုပါတယ်။

“မကြာခင်မှာ နောက်ထပ် ဆရာဝန်တွေ ပူးပေါင်းလာဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့က ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ နောက်ခံနဲ့ လူမျိုးကို ဂရုမစိုက်ပါဘူး။ အိန္ဒိယ ဆရာဝန်တွေ အပါအဝင် ကျနော်တို့နဲ့ ပူးပေါင်းချင်သူ ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်” လို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

ရက္ခိုင်ပြည်က ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမို ပေးနိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ပိုရလာအောင်၊ ဆေးဝါးတွေ ပုံမှန်စီးဆင်းမှုရှိအောင်၊ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပိုမိုခန့်အပ်နိုင်အောင် ဆောင်ရွက်နေပါတယ်” လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထား ခေါ်ယူထားပြီး လက်ရှိမှာတော့ ပညာစတင် သင်ကြားပေးနေတယ်လို့ သိရပါတယ်။

Related posts

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့လို့ ကျေးဇူးတင်တယ်လို့ TNLA ဆို

Rakhita Times

စစ်ကောင်စီက တရုတ်အားကိုးနဲ့ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်နိုင်တယ်လို့ TNLA ပြော

Rakhita Times

ရက္ခိုင်ပါ တိုင်းနဲ့ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးကော်မတီများ ဖွဲ့စည်း

Rakhita Times

195 comments

Leave a Comment